ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

30.7.58

DiDi.apk {Online Free Call, Message, Voice & Photo} [For Android]

Viber လို ဆော့ဝဲလ်ကောင်းလေးပါဘဲ ...
ဒီကောင်လေးနဲ့ ပွားရတာ ပိုအဆင်ပြေတယ်ဗျ ...
အသုံးပြုပုံ ပြုလုပ်နည်းကို ပုံလေးတွေမှာကြည့်ပါဗျ ...



     

     

     

     

Thiha Htike(THT)

thihahtike.it@gmail.com

My Facebook Account Click

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++

Fake Call & SMS & Call Logs

ဖုန်း နဲ့ sms မှာ ဖုန်းလာလာ မလာလာ ဖုန်း နဲ့ sms ကို ခေါ်ထား မခေါ်ထားထား အဝင်အထွက် ရှိနေအောင် လုပ်ပေးမယ့် Fake Call & SMS Apk လေးတစ်ခုပါ အိမ်မှာ နေပီးတော့ ရည်းစားနဲ့ စကားပြောပီးတော့ ဖုန်းဘေ ကုန်နေတဲ့ သူတွေ ဒီကောင်လေး သုံးပီးတော့ ဘယ်သူ့ကို ခေါ်ထားတာပါ ဘာညာ လုပ်လို့ရတာပါပါ့ လိုအပ်သူများ ယူထားလိုက်နော်



 
 
 
ဒေါင်းလုပ်ဆွဲရန် ဒီနေရာကိုနှိပ်ပါ...
 
 
 Thiha Htike(THT)

thihahtike.it@gmail.com
 

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++

မိမိဖေ့ဘုတ်မှာ friend ဘယ်လောက် အပျို အအိုဘယ်လောက် စသဖြင့်မျိုးစုံကိုတစ်နေရာထဲကဖော်ပြပေးတဲ့ဆော့ဝဲလ်(Android)




မိမိတို့ရဲ့ ဖေ့ဘုတ် မှာ သူငယ်ချင်းဘယ်လောက်ရှိတယ်  ယောက်ျားလေး ဘယ်လောက် မိန်းကလေးဘယ်လောက် အပျိုဘယ်လောက် လက်ထပ်ပြီးသူဘယ်လောက် ဘယ်သူ့မွေးနေ့ကဘယ်ရက်
အနီးဆုံးမွေးနေ့ရောက်မယ့်သူတွေ စသဖြင့် ဖေ့ဘုတ်နှင့်ပတ်သက်သမျှကို ဒီဆော့ဝဲလေးထဲမှာ အကုန်ကြည့်နိုင်ပါတယ် အားလုံးအသုံးဝင်မယ်ထင်လို့တင်ပေးလိုက်ပါတယ်


  ဒီနေရာ  မှာဒေါင်းပါ...


 Thiha Htike(THT)

thihahtike.it@gmail.com

My Facebook Account Click
ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++

Line Applicationသုံးနည်းနဲ့Wechat Application (Lastest Versioneနဲ့သုံးနည်း)

Image result for Line app imageImage result for wechat  image
Wechat ရေကျွန်တော်တော့ ကြော်ငြာလိုက်ပြီနော် ခင်ဗျားတို့ပြောတဲ့အတိုင်းဆိုကျွန်တော်ဖုန်းကိုဘေလှမ်းထည့်ပေးနုင်တယ်နော် နံပါတ်က 09-73151297 ပါခ်ခ် :P
WE CHAT ဖွင့်နည်းနဲ့သုံးနည်း
---------------------------------
FACEBOOK ACCOUNT ရှိပါက...
Log In ကိုနှိပ် > ပြီး Facebook Connet ကိုနှိပ် > Connect to Facebook ကိုနှိပ်ပြီး
facebook username & password ရိုက်ပြီး wechat account ၀င်လို့ရပါပြီ..........။
ကဲ.. Hold to Talk လေးကိုနှိပ်ပြီး စကားတွေတစ်ဝကြီး ပြောမယ်၊ ပုံတွေပို့မယ်၊ သူငယ်ချင်းတွေ Shake ပြီးရှာမယ်၊ ကျန်တာတွေတော့ကိုယ်တိုင်သုံးကြည့်လိုက်ကြစို့.....အောက်တွင်ပုံနဲ့ပြထားသည်...

f.jpg 
 FACEBOOK ACCOUNT မရှိပါက...

ဒီနေရာကိုနှိပ်ပြီး facebook account လွယ်ကူစွာဖွင့်လိုက်ပါ...
ဒါလေးက facebook ကိုမြန်မာလိုသုံးချင်သူတွေအတွက် မြန်မာ facebook apk
LINE ACCOUNTဖွင့်နည်းနဲ့သုံးနည်း...
-----------------------------------------------------
 
အရင်ဆုံးဖွင့်လိုက်ပါ LINE apk ကိုအောက်အတိုင်းပေါ်လာရင် OKကိုနှိပ်လိုက်ပါ...

 ထို့နောက် New Users ကိုနှိပ်လိုက်ပါ ထို့နောက်အောက်ကပုံအတိုင်း Refistration ပေါ်လာပါက အောက်တွင် Myanmar လို့ရွှေးလိုက်ပါဒုတိယTab တွင် ဖုန်းနံပါတ်ကို 9 ခံပြီးရိုက်ထည့်လိုက်ပြီး  Verify Phone Number ကိုနှိပ်လိုက်ပါ ညာဘက်ကကောင်လို Confimation Code ထည့်ဖို့နေရပါပါမယ် အဲ့တွင်လေးလုံးထည့်ပေးပါ ဒါဆို အကောင့်ပွင့်သွားပါပြီ...



LINE APP ကိုအောက်တွင်ဒေါင်းလုပ်ရပါခင်ဗျာ
ဒီနေရာကိုနှိပ်ပါ 

 Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများကို ဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++


22.7.58

iPad အတွက် Logi iPad case များကို Logitech ထုတ်လုပ်

 
Logitech သည် iPad Air 2 နှင့် iPad Mini များအတွက် အကြမ်းခံနိုင်သော case များကို ထုတ်လုပ်ပေးခဲ့ပြီး အဆိုပါ case များသည် လူငယ်များစွာကို ဆွဲဆောင်နိုင်ရန် ကုမ္ပဏီက မျှော်လင့်လျက် ရှိသည်။


ကန်ဒေါ်လာ ၄၀ တန်ဖိုးရှိ Logi BLOK Protective Shell တွင် screen protector နှင့်အတူ iPad ကို ကာကွယ်နိုင်မည့် အခြေခံကာကွယ်မှုများ ပါဝင်သည်။ ထို့အတူ ကန်ဒေါ်လာ ၇၀ တန်  BLOK Protective Case တွင် မျက်နှာပြင်ကို အပြည့်အဝ ကာကွယ်နိုင်သလို လိုအပ်သည့်အတိုင်း ချိန်ညှိနိုင်သော stand တစ်ခု ပါဝင်သည်။ သို့သော်လည်း စိတ်ဝင်စားစရာ အကောင်းဆုံး ထုတ်ကုန်မှာ ကန်ဒေါ်လာ ၁၃၀ တန်ဖိုးရှိ BLOK Keyboard Case ဖြစ်ပြီး ၎င်းသည် iPad အတွက် အကြမ်းခံမှုရှိ သလို keyboard လည်း ပါဝင်လာသည်။ အဆိုပါ BLOK case ၏ခံနိုင်ရည်ကို ကုမ္ပဏီမှ ထုတ်ကုန်များကို drop test ပြုလုပ်သည့် စက်များအနက် တစ်ခုဖြင့် Logitech မိုဘိုင်း ဒုဥက္ကဋ္ဌ မစ်ချယ်လီဟာမန်းက လက်တွေ့စမ်းသပ် ပြခဲ့ကြောင်းသိရသည်။


Logitechသည် BLOK case အတွက် မှန်ကန်သော ပလတ်စတစ် ဒြပ်ပေါင်းများရရှိရန် ကရိန်းဖီးလ် တက္ကသိုလ်နှင့် ပူးပေါင်းခဲ့ပြီး case မှာများစွာ ထူထဲခြင်း မရှိစေဘဲ iPad ကို ကာကွယ်နိုင်မည့် လုံလောက်သော ပမာဏရရှိစေရန် ဖန်တီးခဲ့သည်။ BLOK case များကို သြဂုတ်လတွင် စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။


Ref: Engadget

Credit==>internetjournal

Thiha Htike(THT)

MPT က အခမဲ့ ဖုန်းငွေဖြည့်ပေးသည့် အစီအစဉ်တစ်ရပ်ပြုလုပ်

 
 
မန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Coca Cola Myanmar တို့ပူးပေါင်းကာ အခမဲ့ဖုန်းငွေဖြည့်ပေးသည့် အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်လိုက်ကြောင်း သိရသည်။
  MPT ၏ GSM, WCDMA သုံးစွဲသူများအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်မှစတင်ကာ ဒီဇင်ဘာလ ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။

Coca-Cola Myanmar မှထုတ်သော အချိုရည်များ အကျုံးဝင်မည်ဖြစ်ကာ ယင်းအချိုရည်များကို ဝယ်ယူပြီး ကုတ်နံပါတ်များကို အဖုံးအတွင်း ရယူနိုင် မည်ဖြစ်ကြောင်း၊ ရရှိသော ကုတ်နံပါတ်ကို ၂၆၂၆ သို့ SMS အခမဲ့ပေးပို့ရမည်ဖြစ်ပြီး လက်ခံရရှိကြောင်း ပြန်ပို့လာသော SMS အဝင်ကို စောင့်ကြည့်ရ မည်ဖြစ်ကြောင်း၊ ဆုမဲပေါက်ပါက ပေါက်သော ဖုန်းဘီလ်ပမာဏကို ကုတ်နံပါတ်ပေးပို့လာသည့် ဖုန်းသို့ အလိုအလျောက် ဖြည့်သွင်းပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါဖုန်းဘီလ်များကို စတင်အသုံးပြုသည့် အချိန်မှစ၍ ၁၂ လအတွင်း အသုံးပြုရမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်း ပေးပို့သော ကုတ်နံပါတ်များ အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။

တစ်ရက်လျှင် ဖုန်းနံပါတ်တစ်ခုမှ ငါးခုအထိ အများဆုံးပေးပို့နိုင်မည်ဖြစ်ပြီး ဖုန်းဘီလ်များမှာ ၂၀၀ ကျပ်မှ ၁၀ သိန်းအထိ ပါမည်ဖြစ်ကြောင်းသိရသည်။ တန်ဖိုး အမြင့်ဆုံး ၁၀ သိန်းကျပ်ရရှိသူ၏ ဖုန်းငွေဖြည့်မှုမှာ လေးနှစ်အထိ သက်တမ်းခံစားခွင့် ရှိမည်ဖြစ်ကြောင်း၊ စုစုပေါင်း ဆုမဲပေါင်း ၁၅ သန်းကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဆုမဲများနှင့်ပတ်သက်၍ MPT ဖုန်းဖြင့် ၁၀၆ သို့ ခေါ်ဆိုမေးမြန်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


Credit==>internetjournal

Thiha Htike(THT)

All Update Reader 3.0 ဗားရှင်းသစ်ထွက်ပြီ.. (မလိုတာဖြုတ်နည်းလေးပါပုံနှင့်ရှင်းပြထား၏)



All Update Reader Version3.0 ထွက်ရှိလာပါတယ် အခြား သတင်းစုံတွေမှာမပါသေးတဲ့ Source တွေကိုဖြုတ်နည်းလေးပါတော့အားလုံးအတွက်အဆင်ပြေတာပေါ့နော် ဘာတွေပြေလည်းဆိုတော့ကျွန်တော်တို့ အားလုံးရင်ဆိုင်ရတဲ့ ....

သတင်းအသစ်မတတ်ခြင်း
မိမိမနှစ်သက်တာတွေပါခြင်း
မဖတ်ခြင်သောအကြောင်းအရာSource များပါခြင်း
အမြဲဒေါင်းလုပ်ဆွဲနေသဖြင့် မလိုချင်ဘဲဘေကုန်ကုန်နေရခြင်း
ဒေါင်းလုပ်ဆွဲနေသဖြင့် မလိုအပ်တာတွေပါပါနေခြင်း
မိမိကိုယ်တိုင် Apk မရေးတတ်ပေမဲ့မိမိလိုချင်သော Siteကို ထိုသတင်းထဲတွင်သွင်းထားနိုင်ခြင်းစတဲ့ကောင်းကြိုးတွေရပါတယ် ဒီလိုလေးဖြစ်သွားတာ ဘေကုန်ကြောက်သူတွေနဲ့ ကုန်မှာမကြောက်တွေနဲ့အစရှိသဖြင့်ပေါ့ အားလုံးအတွက်အဆင်ပြေသွားတာပေါ့ဗျာ...ကျွန်တော်ဒီပို့စ်ကို တင်တဲ့ရည်ရွှယ်ချက်ကတော့အားလုံးပြုလုပ်ကြမယ်လို့မျှော်လင့်ထားတဲ့ဖြုတ်တာတပ်တာမလိုချင်တာတွေ
ကိုပေါ့ဒါတွေလေးကိုမသိသူတွေအတွက်တင်ပေးတာပါ ... ကဲအောက်မှာပုံနဲ့ခြင်းပြထားတာမို့လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်...
အောက်ကပုံဆို အချို့ ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ မိန်းကလေးများ အသုံးမပြုသင့်တဲ့ info တွေဖြစ်တဲ့အတွက်ဖြုတ်ပါမယ် ဒါကြောင့် သတင်း Sourceဖြုတ်ရန်/ထည့်ရန်ကို နှိပ်ပါမယ်


 ထို့နောက်အောက်ကနေရာသို့ရောက်သွားပါမယ်ထိုထဲတွင်မိမိဖြုတ်လိုသော အကြောင်းအရာရဲ့ဘေးတွင်အမှန်ခြစ်ကိုဖြုတ်ပါမယ်အောက်မှာပြထားပါတယ်(စမူဆာ)ကိုကျွန်တော်ဖြုတ်ထား
ပါတယ်အဲ့လိုပဲမလိုတာတွေဖြုတ်ပေါ့



ကျွန်တော်ဆိုအောက်ပိုင်းတွေအကုန်ဖြုတ်လိုက်ပါတယ် အောက်တွင်ကြည့်ပါဒီလိုပဲကျန်တာတွေကိုလည်းဖြုတ်လို့
ရပါတယ်



 ထို့နောက်တွင် 18+ အောက်တွင် အချို့ ဟာတွေမရှိတော့ပါဘူး ဒါကြောင့် သင်စိတ်ချမ်းသာစွာဖြင့်သုံးနိုင်ပါပြီကျန်တာတွေလည်းဒီတိုင်းဖြုတ်နိုင်ပါတယ်ခင်ဗျာ...

အောက်မှာတော့ ဒေါင်းဖို့အတွက်ပါ
သတင်း Source ပေါင်း (၅၀) ကျော် ပါဝင်ပါတယ်.. ခုပြောနေတာက White Version အကြောင်းဖြစ်ပါတယ်..  White Version ဆိုတာ အသက်အရွယ်၊ ကျား/မ မရွေးအသုံးပြုနိုင်တဲ့ ဗားရှင်းဖြစ်ပါတယ်..

Black Version ဆိုတာကတော့ အသက်(၁၈)နှစ်အောက် ဘယ်သူမဆို၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ မိန်းကလေးများ အသုံးမပြုသင့်ပါဘူး....

ကျွန်တော် ရှင်းပြထားပြီးပါပြီ.. White Version နဲ့ Black Version ကြိုက်တာ ယူနိုင်ပါတယ်.. မိမိ ဆန္ဒအလျောက်သာဖြစ်ပါတယ်..
အင်တာနက်လေး ၅ မိနစ်ဖွင့်ရုံနဲ့ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း၊ အားကစား၊ နည်းပညာ၊ ဖျော်ဖြေရေး၊ အနုပညာ စတဲ့ သတင်းပေါင်းများစွာကို အချိန်နှင့်တပြေးညီ ဖတ်ရှုသိရှိနိုင်တဲ့ All Update Reader 3.0 apk ဖြစ်ပါတယ်.. အရင် Version ဟောင်းတုန်းက သတင်းမတက်တာတွေ၊ အဆင်မပြေတာတွေကို ပြုပြင်ထားပြီး သတင်းဆိုဒ် အသစ်တွေ ကိုလည်း ထပ်ပေါင်းထားပါတယ်..
Downlaodလုပ်ရန်အောက်ကLink များကိုနှိပ်ပြီးဒေါင်းပါ



AUR 3.0 ( White ) : 11 Mb

UserCloud Download Link

Tusfiles Download Link

Mediafire Download Link

***
AUR 3.0 ( Black ) : 11.1 Mb

UserCloud Download Link

Tusfiles Download Link

Mediafire Download Link


 Credit==>maungpauk.org
Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)


Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဆိုရှယ်မီဒီယာက ရွေးကောက်ပွဲကို ဘယ်လို အကျိုးပြုမှာလဲ








လာမည့် နိုဝင်ဘာလ ၈ ရက်နေ့သည် အထွေထွေရွေးကောက် ပွဲ ကျင်းပမည့်နေ့ ဖြစ်သည်။ 

အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော သတင်းအချက် အလက်များကိုလည်း ဆိုရှယ်မီဒီယာ၌ အစုံအလင်မြင်တွေ့နိုင်သည်။

မြန်မာနိုင်ငံ၌ အအောင်မြင်ဆုံးနှင့် အသုံးပြုသူအများဆုံး ဆိုရှယ် မီဒီယာဖြစ်သည့် Facebook လူမှုကွန်ရက်ပေါ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သော သီးသန့် စာမျက်နှာများ တစ်နေ့ တစ်ခြား ပေါ်ပေါက်လာသည်။ အဆိုပါ လူမှုကွန်ရက်ကို မြန်မာလူထု သန်း ၅၀ ကျော် အနက် လူဦးရေ ၃ သန်းကျော်က လက်ခံ အသုံးပြုနေကြခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ မစခင်မှာပဲ ဆိုရှယ်မီဒီယာက စပြီးတော့ အသုံးဝင်နေပြီ။ အသိပညာပေးရေးတွေ၊ မဲစာရင်း စစ်ဆေးဖို့တွေ ပြောပေးနေပြီ။ ရွေးကောက်ပွဲ ကာလ မှာလဲ ကိုယ်စားလှယ်တွေက ဆိုရှယ်မီဒီယာကို စနစ်တကျ သုံးစွဲနိုင်မယ် ဆိုရင် မဲဆွယ်စည်းရုံးရေး အနေနဲ့လည်း သုံးလာနိုင်မယ်”ဟု ဘလော့ဂါတစ်ဦး အဖြစ် နာမည်ကျော်ကြားခဲ့သူ ကိုနေဘုန်းလတ်က ပြောသည်။ ရွေးကောက်ပွဲ အတွက် ဆိုရှယ်မီဒီယာကို အသုံးချခြင်းသည် ကောင်းမွန်သော ကိစ္စရပ်ဖြစ်သော်လည်း အချိန်ကြာမြင့်လာသည့်အခါ ဆိုရှယ်မီဒီယာ သည် ကိုးကား ဖြေရှင်းစရာများနှင့်ပတ်သက်၍ အခက်အခဲ ရှိလာနိုင်သည့်အတွက် သီးသန့်ဝက်ဘ်များ အသုံးပြုခြင်းက ပိုမိုသင့်တော်ကြောင်း  Open Myanmar  Initiative မှ ကိုစိုးသီဟနောင်က ပြော သည်။

လက်ရှိအချိန်၌ ကိုယ်စားလှယ်လောင်းများ၊ ပါတီများ အနေဖြင့် တရားဝင်ဆိုရှယ်မီဒီယာ စာမျက်နှာများထူထောင်၍ မဲဆွယ်စည်းရုံးမှုများ လိုအပ်နေသည်ဟု PACE ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ကိုဇော်သူရိန်ထွန်းက ပြောသည်။

“ဆိုရှယ်မီဒီယာကနေ စည်းရုံးမှုတွေ လုပ်ချင်တယ်ဆိုရင် ကြို တင် တည်ဆောက်ထားမှရမယ်။ အခုမှ ထပြီးလုပ်လို့ကတော့ အ ဆင်မပြေဘူး။ ပြီးတော့ အတုတွေ ကလည်း ပေါ်လာနိုင်တယ်လေ”ဟု ကိုစိုးသီဟနောင်က ဆိုသည်။

လက်ရှိအချိန်၌ ဆိုရှယ်မီဒီယာပေါ်တွင် အကောင့်အတုများဖန်တီး၍ နာမည်ပျက်များရရှိအောင် ဖန်တီး နေသူများရှိသည့်အပြင် အကောင့် များကို ပျက်စီးအောင် Hacking ပြုလုပ်နေသူများလည်း ရှိသည့် အတွက် သတိထားသင့်ကြောင်း ကိုနေဘုန်းလတ်က ဆိုသည်။

ဆိုရှယ်မီဒီယာ အသုံးပြုသူ သည် နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်းအနည်းငယ်သာ တည်ရှိသည်ဟုပြောဆိုနိုင်သော်လည်း ဆိုရှယ်မီဒီယာမှ သတင်းစကားနှင့် ဆိုရှယ် မီဒီယာ၏ လွှမ်းမိုးမှုမှာ အထွေထွေရွေးကောက် ပွဲတစ်ခုတည်း အတွက်သာ မဟုတ်ဘဲ အကြောင်းအရာမျိုးစုံတို့အတွက် သက်ရောက်မှုရှိနေခဲ့ပြီဖြစ်သည်။

“ရွေးကောက်ပွဲအတွက်ရယ် မဟုတ်ပါဘူး။ ဆိုရှယ်မ်ီဒီယာကိုသုံးရင် ကဏ္ဍပေါင်းစုံအတွက် အကောင်းအဆိုးဆိုတာ ရှိလာမှာ ပါပဲ။ မတိကျမသေချာတဲ့ သတင်း အချက်အလက်တွေနဲ့ အကောင့်အတုတွေရဲ့ ဝေဖန်မှုတွေဟာ ရွေးကောက်ပွဲအတွက် အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်” ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးအေးကျော်က ပြောသည်။

မဲဆွယ်စည်းရုံးရေးနှင့် ပြန်ကြားရေးလုပ်ငန်းများ အတွက် ဆိုရှယ်မီဒီယာသည် များစွာ အသုံးဝင်မည် ဖြစ်သော်လည်း လူမျိုးရေးနှင့် ဘာသာရေးအရသော် လည်း ကောင်း၊ နိုင်ငံရေး အယူဝါဒအရသော်လည်းကောင်း တစ်ခုခုကို အခြေခံ၍ အမုန်းပွားမှုများနှင့် ပဋိပက္ခ ဖြစ်စေနိုင်သော သွေးထိုးမှုများလည်း ရှိလာနိုင်သည်ဟု Generation Wave မှ ကိုမိုးသွေးက ဆိုသည်။

 ဆိုရှယ်မီဒီယာ၏ လက်ရှိ အောင်မြင်မှုသည် ရွေးကောက်ပွဲ အတွက် အကျိုးရှိစွာအသုံးချနိုင်ပါ က ကောင်းမွန်သည့် ရလဒ်များ ပေါ်ထွက်လာနိုင်သည်ဟု တစ်ချို့ သော သုံးသပ်သူများက ပြောဆို ကြသော်လည်း တစ်ချို့သော သုံး သပ်သူများသည် ဆိုရှယ်မီဒီယာမှ တစ်ဆင့် သတင်းအမှားများနှင့် ၀ါ ဒဖြန့်ချိမှုများ ဖြစ်ပေါ်လာနိုင် သည် ဟု ပြောဆိုကြသည်။

လက်ရှိအချိန်၌ သတင်း မီဒီယာ ဂျာနယ်များနှင့် ဝေးကွာ နေသော ဒေသများတွင် မိုဘိုင်း ဖုန်းလိုင်းများ ပေါများစွာ ကိုင် ဆောင်လာနိုင်သည့် နောက်ပိုင်း သတင်းအချက်အလက်နှင့် ပတ်သက်၍ ထွက်ပေါက်တစ်ခု ဖြစ် လာသည့် ဆိုရှယ်မီဒီယာကို ပိုမိုအလေးထား အသုံးပြုလာကြပြီး အဆိုပါအသုံးပြုသူများမှတစ်ဆင့် အမှန်တရားများ ပေါ်ပေါက်လာ နိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အ သင်း နာယက ဖြစ်သူ ဦးရဲမြတ်သူ က ပြောသည်။

“ရွေးကောက်ပွဲမှာ နိုင်ရင်ပြီး ရောဆိုပြီး လုပ်သွားကြတာမျိုးမရှိ နိုင်တော့ဘူး။ တယ်လီဖုန်း လိုင်းတွေ ကအရမ်းကို ပေါနေကြပြီ။ ငါလုပ်လိုက်တာ ဟာ ဖေ့စ်ဘုတ် ပေါ်များ ရောက်သွားမလားဆိုပြီး တော့ တွေးတတ်လာတာဟာ အဟန့်အတား တစ်ခုဖြစ်လာပြီ။ ဒီလိုမှမဟုတ်ရင်တော့ လုပ်သွားကြ မှာပဲ” ဟု ဦးရဲမြတ်သူက ဆိုသည်။

ဆိုရှယ်မီဒီယာအနေဖြင့် မသ မာမှုများကို အဟန့်အတားတစ်ခု ဖြစ်စေနိုင်သော်လည်း ဝါဒဖြန့်ချိသူများအကြား ဖေ့စ်ဘုတ်အသုံးပြု သူများသည်  သတင်း အမှားအမှန် ကို ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏ် ရည်နည်းပါးနေသေးကြောင်း ကိုဇော်သူရိန်ထွန်းက ဆိုသည်။

“ဆိုရှယ်မီဒီယာကိုသုံးပြီး ပြည်သူတွေဟာ နီးစပ်ရာ မဲရုံတွေရဲ့ အခြေအနေကို မျှဝေနိုင်ရင် ရွေးကောက်ပွဲ တရားမျှတရေး အတွက် အထောက်အကူ ဖြစ်လာမှာပါ။ မီဒီယာကနေ တစ်ဆင့် ရွေးကောက်ပွဲ ပညာပေးရေး လုပ်ငန်းတွေလည်း လုပ်လာနိုင်ပါတယ်” ဟု ကိုမိုးသွေးက ပြောသည်။

မည်သို့ပင်ဆိုစေကာမှု ဆိုရှယ် မီဒီယာသည် ပါတီများ၊ ကိုယ်စားလှယ်များအတွက် မဲဆန္ဒရှင်များထံ အလွယ်ကူဆုံး သတင်း စကားများ ပေးအပ်နိုင်သည် မှာ သေချာလှသည်။

“ပါတီတွေ၊ ကိုယ်စားလှယ်တွေက ဆိုရှယ်မီဒီယာကို သုံးရင် တော်တော်အကျိုးရှိမှာပါ။ မဲဆန္ဒရှင် တွေကို သတင်းစကား ပေးချင်ရင်လည်း အလွယ်ကူဆုံးပဲ။ ဆိုရှယ် မီဒီယာမှာက စောင့်ကြည်သူတွေကော မဲဆန္ဒရှင်တွေကော ရှိနေကြမှာပဲ”ဟု ဦးအေးကျော် က ပြောသည်။

မဲဆွယ်စည်းရုံးရန်နှင့် ပါတီ သို့မဟုတ် ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများကို ဆိုရှယ်မီဒီယာ၌ တင်ဆက်ခြင်းအားဖြင့် အခြားသော ပြင်ပမီဒီယာနှင့် ချိတ်ဆက် ကာ ပိုမိုအောင်မြင်မှု ရရှိလာ နိုင်ကြောင်း၊ ကိုယ်စားလှယ်များသည် ယုံကြည်မှု တစ်ခုရရှိသည့် အထိ ဆိုရှယ်မီဒီယာကို အကျိုးရှိစွာအသုံးချသင့်အပြင် ပြည်သူ လူထုအနေဖြင့်လည်း မိမိ ရွေးချယ်ထားသော ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများကို သိရှိခွင့်ရှိကြောင်း ကိုနေဘုန်းလတ်က ဆိုသည်။

“ဆိုရှယ်မီဒီယာကို သုံးတဲ့လူနဲ့ မသုံးတဲ့လူမှာ သုံးတဲ့လူက အားသာချက် ရပါလိမ့်မယ်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတောင်ဖေ့စ်ဘုတ်သုံးပြီး လူထုကို ချိတ် ဆက် လာတာ တွေ့နေရပါတယ်” ဟု ကိုမိုးသွေးက ပြောသည်။

တစ်နည်းအားဖြင့် ဆိုရှယ်မီဒီယာကို လိမ္မာပါးနပ်စွာ အကျိုးရှိရှိ အသုံးချပါက ဖေ့စ်ဘုတ်အသုံးပြု သူ ၃ သန်းကျော်သည် မိမိ၏ ထောက်ခံမဲများအဖြစ်သို့ ပြောင်းလဲ သွားနိုင်ကြောင်း ကိုဇော်သူရိန်ထွန်းက ပြောသည်။

“လောလောဆယ်မှာ မဲစာရင်းသွားကြည့်ဖို့ဆိုပြီးတော့ ရွေး ကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာပေးရေး Post တွေ တင်နေကြတာတွေ့ရတယ်။ ဒါက တကယ် ကောင်းတဲ့ လက္ခဏာပဲ။  မဲစာရင်းကြည့်ဖို့မေ့နေတဲ့ လူတွေအတွက် မြင်တွေ့သွားနိုင် သွားတယ်”ဟု ၎င်း ကဆိုသည်။ ရွေးကောက်ပွဲဆိုင်ရာနှင့် ပတ် သက်၍ အသိပညာရေး လုပ် ငန်းများ လုပ်ကိုင်ရာတွင်လည်း အခြားသော နည်းလမ်းများသည် ကုန်ကျစရိတ် များပြားနိုင်ပြီး ဆိုရှယ်မီဒီယာမှာ ကုန်ကျစရိတ် သက် သာစေနိုင်ကြောင်း မဲစာရင်း လိမ်လည်မှုများ မဖြစ်ပွားစေရန် စစ်ဆေးခွင့်၊ ကြည့်ရှုခွင့်များသည် ဆိုရှယ်မီဒီယာမှ တစ်ဆင့် ပညာပေးရေးများ လုပ်ကိုင်လာနိုင်ကြောင်း ဦးရဲမြတ်သူက ပြောသည်။

လက်ရှိအချိန်၌ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဆိုရှယ်မီဒီယာ စာမျက်နှာများသည် တစ်နေ့တစ် ခြားများပြားလာသည့်အပြင် တစ်ဦးတစ်ယောက်ခြင်း အနေဖြင့်လည်း ရွေးကောက်ပွဲဆိုရာ အချက်အလက်များကို ဆိုရှယ်မီဒီယာ၌ တင်ပြ ဆွေးနွေးလာကြသည်ကို တွေ့မြင်ရသည်။

သို့သော် ပါတီအလိုက်သော် လည်းကောင်း၊ ကိုယ်စားလှယ်တစ်ဦးတည်း အနေဖြင့်သော် လည်းကောင်း ဆိုရှယ်မီဒီယာကို ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထိ ရောက်စွာအသုံးပြုနေခြင်း မရှိခဲ့ပေ။  အားနည်းချက် အားသာချက်များစွာ ကြုံတွေ့နိုင်သည့် ဆိုရှယ်မီဒီယာကို ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ချို့ကသာ အသုံးပြုနေကြသော်လည်း အများစုသည်

ဆိုရှယ်မီဒီယာကို ထိရောက်စွာအသုံးပြုခဲ့ခြင်း မရှိပေ။

လေ့လာသုံးသပ်သူများ၏ အဆို အရ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဆိုရှယ်မီဒီယာသည် ပါတီများ ၊ ကိုယ်စားလှယ်များ၏ လက်ရုံးတစ်ဆူဖြစ်လာနိုင် ပြီး လူဦးရေ ၃ သန်းကျော်၏ မျက်လုံး တစ်စုံလည်း ဖြစ်လာမည် ဖြစ်သည်။


Credit==>internetjournal

Thiha Htike(THT)

ရွေ့လျားနေသော ဂျစ်ကားကို ကြားဖြတ် ထိန်းချုပ်နိုင်သည့် နည်းလမ်း ဟက်ကာနှစ်ဦး သရုပ်ပြသခဲ့









ကွန်ပျူတာလုံခြုံရေး သုတေသီနှစ်ဦးသည် ရွေ့လျားနေသော ချာရိုကီဂျစ်ကားကို ကား၏ ကြိုးမဲ့ဆက်သွယ်မှုစနစ်အား အသုံးပြုကာ ထိန်းချုပ်ပြသခဲ့ပြီးနောက် အင်တာနက်ချိတ်ဆက်ထားသော ကားများ၏ လုံခြုံမှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာခဲ့သည်။

သုတေသီများသည် ကား၏ ဆော့ဖ်ဝဲအတွင်းသို့ ချိုးဖောက်ဝင်ရောက်ကာ ကားအဲကွန်း၊ အသံစနစ်နှင့် အမြန်နှုန်းတို့ကို မိုင်ပေါင်းများစွာ အကွာအဝေးမှ laptop တစ်လုံးဖြင့် ထိန်းချုပ်ခဲ့ကြောင်း အဆိုပါ ဂျစ်ကားကို ပိုင်ဆိုင်သော Fiat Chrysler Automobiles ကားကုမ္ပဏီက ဆိုခဲ့သည်။

အဆိုပါ ဟက်ကာနှစ်ဦးအနက် တစ်ဦးသည် လက်ရှိတွင်Twitter အတွက် အလုပ်လုပ်နေသည့် NSA ဟက်ကာဟောင်း ချာလီမေလာ ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ IOActive သုတေသီ ခရစ္စဗယ်လာဆက် ဖြစ်ကြောင်း သိရသည်။ ၎င်းဟက်ကာနှစ်ဦးကမူ ကားကုမ္ပဏီများ၏ လစ်လျူရှုမှုများကို ထောက်ပြနိုင်ရန်အတွက် ယခုကဲ့သို့ သရုပ်ပြသရခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ယနေ့ခေတ်တွင် Fiat Chrysler သာမက ကားကုမ္ပဏီအားလုံးနီးပါးသည် ဟက်ကာများ၏ ပစ်မှတ် ဖြစ်လာနိုင်သော ကွန်ပျူတာထိန်းချုပ်မှုစနစ်များကို အသုံးပြုလာကြသည်။
“လက်ရှိမှာ အားနည်းချက်ရှိတဲ့ ကား ထောင်ပေါင်းများစွာက လမ်းပေါ်ကို ရောက်ရှိနေပါတယ်” ဟု မေလာက Reuters ထံ ပြောကြားခဲ့သည်။

Fiat Chrysler ကမူ အားနည်းချက်ကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါ အခမဲ့ software patch ကို ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်နှင့် တရားဝင်အရောင်းဌာနများမှ ရယူနိုင်ကြောင်း ဆိုခဲ့သည်။
“စမတ်ဖုန်းနဲ့ tablet တွေလိုပဲ ကားစနစ်ကို တရားမဝင် ထိန်းချုပ်အသုံးပြုနိုင်မယ့် အန္တရာယ် လျှော့ချနိုင်စေမယ့် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေး ကာကွယ်မှုအတွက် ကားဆော့ဖ်ဝဲကို update လုပ်နိုင်ပါတယ်” ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

အမေရိကန် အဝေးပြေးလမ်း လုံခြုံဘေးကင်းရေး အေဂျင်စီမှ အကြီးအကဲဖြစ်သူ မာ့ခ်ရို့စ်ခိုင်းက အေဂျင်စီအနေဖြင့် ကားထိန်းချုပ်စနစ်များ၏ လုံခြုံမှုနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ဆိုခဲ့သည်။

၎င်းက “ဒီစနစ်တွေဟာ ဟက်ကာတွေရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ” ဟု မီချီဂန်ပြည်နယ် အစ်ပ်ဆီလန်တီမြို့၌ ပြုလုပ်ခဲ့သော ကားနည်းပညာ ကွန်ဖရင့်စ်တွင် ပြောကြားသွားခဲ့သည်။



Ref: Reuters

Credit ==>internetjournal


Thiha Htike(THT)





GOG.com မှ မူရင်းဂိမ်းများ ဝယ်ယူနိုင်မည်




GOG.com မှ မူရင်းဂိမ်းများ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း GAME HIVE မှ သိရသည်။

"GOG.com ဝက်ဘ်ဆိုက်ဟာ အော်ရီဂျင်နယ်ဂိမ်းတွေကို Setup ဖြင့် ဂိမ်းတန်းသွင်းပြီးကစားနိုင်မယ့် DRM-Free ဂိမ်းတွေ ရဲ့ Digital Version တွေကို ရောင်းချပေးတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပြီး အွန်လိုင်းမှ ဂိမ်းတွေကို ဝယ်ယူပြီး download ပြုလုပ်ပေးတဲ့ဆားဗစ်ကို Game Hive ဆိုင်မှ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဂိမ်းသွင်းရင်လည်း Setup ကနေတန်း သွင်းရုံပဲဖြစ်ပါတယ်။ GOG (Good Old Games) ၀က်ဘ်ဆိုက်ရဲ့ နောက်ထပ်ကောင်းတဲ့အချက် ကတော့ ၁၉၈၀ ကျော်ကပဲဖြစ်ဖြစ်၊ ၁၉၉၀ ကျော်ကပဲဖြစ်ဖြစ် ထွက်ထားတဲ့ ဂိမ်းဟောင်းတွေကိုရော နောက်ပိုင်းထွက်လာတဲ့ ဂိမ်းသစ်တွေကိုပါ Windows 7, 8 နှင့် 8.1 အားလုံးမှာ ကစားလို့ရတဲ့ အချက်ပဲဖြစ်ပါတယ်" ဟု GAME HIVE မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

GOG.com မှ ဂိမ်းများကို  GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။


Credit==>internetjournal

Thiha Htike(THT)

ဝင်ငွေနည်းပါးသော အိမ်များတွင် အွန်လိုင်း အသုံးပြုနိုင်မည့် အစီအစဉ်ကို အမေရိကန်အစိုးရ မိတ်ဆက်






ပီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အိုဘားမား အစိုးရအဖွဲ့သည် ဝင်ငွေနည်းပါးသည့် နေအိမ်များတွင် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ပေးရန် ရည်မှန်းထားသော အစီအစဉ်တစ်ရပ် ထုတ်ပြန်ခဲ့သည်။


Connect Home ဟု အမည်ရသော  အဆိုပါ အစီအစဉ်သစ်သည် အမေရိကန်နိုင်ငံ တစ်လွှားရှိ ဝင်ငွေနည်းပါးသော နေအိမ် ၂၇၅,၀၀၀ ကို မြန်နှုန်းမြင့် broadband အင်တာနက် ချိတ်ဆက်မှု အစီအစဉ် တစ်ရပ် ဖြစ်သည်။ ၎င်းစမ်းသပ် အစီအစဉ်ကို အိုကလာဟိုးမား ပြည်နယ်ရှိ ချော့တဲမျိုးနွယ်စု ဒေသအပြင် ဆီယက်တဲလ်၊ ဘော့စတွန်နှင့် နယူးယောက် အပါဝင် မြို့ပေါင်း ၂၇ မြို့တွင် စတင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် ကလေးငယ်ပေါင်း ၂၀၀,၀၀၀ ခန့်ကို ကနဦးအင်တာနက် အသုံးပြုလာစေမည် ဖြစ်သည်။

ယခုစမ်းသပ် အစီအစဉ်သည် လူတိုင်းမြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု အသုံးပြုနိုင်ပြီး ပြီးပြည့်စုံသော ဒီဂျစ်တယ်ကဏ္ဍ ဖြစ်ပေါ်လာစေရန် အိုဘားမား အစိုးရ၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အမေရိကန်သမ္မတသည် မတ်လတွင် ပြည်သူများ Broadband အသုံးပြုခွင့် ရရှိစေရန် ကောင်စီတစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းကောင်စီတွင် လူများစွာကို broadband အင်တာနက် အသုံးပြုခွင့် ပေးနိုင်ရန် ဖက်ဒရယ်အေဂျင်စီနှင့် ဌာနပေါင်း ၂၅ ခုပါဝင်ခဲ့သည်။ အိုဘားမားအနေဖြင့် အမေရိကန် စီးပွားရေး တိုးတက်မှုနှင့် အပြိုင်အဆိုင်ရှိမှုတွင် broadband အင်တာနက်သည် အရေးကြီးဆုံး အရာတစ်ခုအဖြစ် သတ်မှတ်ထားသည်။

ဝင်ငွေကန်ဒေါ်လာ ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ရှိသည့်နေအိမ် ၉၂ ရာခိုင်နှုန်းသည် broadband အင်တာနက် အသုံးပြုကြသော်လည်း ဝင်ငွေ ကန်ဒေါ်လာ ၂၅,၀၀၀  ရှိသည့် နေအိမ်ထက်ဝက်ခန့်သည် မြန်နှုန်းမြင့် အင်တာနက် အသုံးပြု ကြကြောင်း Pew သုတေသနစစ်တမ်းက ဖော်ပြခဲ့သည်။ သမ္မတအိုဘားမား၏ အစီအစဉ်ကို အမေရိကန်စာကြည့်တိုက် အဖွဲ့က ကြိုဆိုခဲ့ပြီး ကျောင်းနေအရွယ် ကလေးငယ်ရှိသော နေအိမ် ၅ သန်းခန့်တွင် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု မရှိသေးကြောင်း ပြောကြားခဲ့သည်။


Ref : CNET

Credit==>internetjournal

Thiha Htike(THT)

21.7.58

Samsung Galaxy S6 ကို microSD card slot ဖြင့် သုံးနိုင်မည့် battery case

 
Samsung Galaxy S6 နှင့် ပတ်သက်ပြီး သုံးစွဲသူများ ငြီးတွားကြသည့် အချက်နှစ်ချက်မှာ အပိုဆောင်း သိုလှောင်မှုအတွက် microSD card slot မပါဝင်ခြင်းနှင့် ဘက်ထရီကို မလဲလှယ်နိုင်ခြင်း ဖြစ်သည်။

အဆိုပါ ပြဿနာများကို ဖြေရှင်းရန်အတွက် Incipio ကုမ္ပဏီက offGRID ဟုခေါ်သော case ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်း case တွင် Galaxy S6 ကို ၁၀၀ ရာခိုင်နှုန်း အားပြန်သွင်းပေးနိုင်မည့် 3,700 mAh ဘက်ထရီပါဝင်သည့်အပြင် 128GB အထိ သိုလှောင်းသိမ်းဆည်းနိုင်မည့် microSD card slot တစ်ခု ပါဝင်သည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉.၉၉ ဖြစ်သည်။



Ref: Mashable

Credit to internetjournal

Thiha Htike(THT)

Google+ Photos ကို သြဂုတ်လ ၁ ရက်တွင် ရပ်ဆိုင်းမည်

 
 
 
 
Google ၏ လူမှုရေးကွန်ရက် Google+ တွင် ပါဝင်သော ဓာတ်ပုံဝေမျှသည့် Google+ Photos ဝန်ဆောင်မှုကို ရပ်ဆိုင်မည် ဖြစ်ကြောင်းနှင့် မေလက Google မှ မိတ်ဆက်ပေးခဲ့သည့် အကန့်အသတ်မရှိ အခမဲ့ ဓာတ်ပုံသိမ်းဆည်းနိုင်သော Google Photos ကို ဆက်လက်သုံးစွဲသွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားလိုက်သည်။

Google+ Photos ရပ်ဆိုင်းမှုကို သြဂုတ်လ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ကနဦးတွင် Android ဗားရှင်းကို စတင်ရပ်ဆိုင်းမည်ဖြစ်ပြီး ၎င်းနောက်တွင် Web ဗားရှင်းနှင့် iOS ဗားရှင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း Google မှ ဆိုခဲ့သည်။

Google သည် Google+ Photos သုံးစွဲသူများက Google Photos ကို ပြောင်းလဲသုံးစွဲနိုင်ရန်အတွက် tool တစ်ခု ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ၎င်းကို Google+ account photos စာမျက်နှာတွင် တွေ့မြင်ရမည် ဖြစ်ကြောင်း၊ အကယ်၍ သတ်မှတ်ရက်ထက် နောက်ကျသွားခဲ့ပါကလည်း သုံးစွဲသူ၏ ဓာတ်ပုံများကို Google Takeout ဖြင့် ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။




 

Ref: TechCrunch
  
Credit to internetjournal

Thiha Htike(THT)

မန္တလေး၌ MPT ၏ ဒုတိယမြောက် အရောင်းဆိုင်ဖွင့်လှစ်

 
 
 
 
MPT ၏ ဒုတိယမြောက် အရောင်းဆိုင်ခွဲကို စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။


၇၃ လမ်းနှင့် ၃၆ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၁၅ ရက်တွင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ၈၄ လမ်း၊ ၃၃လမ်းနှင့် ၃၄ လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်တွင်၌ ပထမဆိုင်အဖြစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။


MPT အရောင်းဆိုင်များကို မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ဖွင့်လှစ်ရန်စီစဉ်ထားရာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ဖွင့်လှစ်လျက်ရှိသည်။ နေပြည်တော်၌ MPT အရောင်းဆိုင်ခွဲကို ဇွန်လ ၂၁ ရက်က MPT ၏ အရောင်းဆိုင်ခွဲကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်လိပ်စာမှာ အမှတ် ပ/၂၃၁၊ မြို့မဈေး၊ နေပြည်တော်။ (၀၆၇) ၄၂၂၈၈၄ ဖြစ်ကြောင်း သိရသည်။

 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်များ နိုင်ငံတစ်ဝန်းလုံး ဖွင့်လှစ်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါဆိုင် (Brand Shop) များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ကနဦး ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းနောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ဆက်လက် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ရန်ကုန်၌ ငါးဆိုင်၊ မန္တလေး၌ သုံးဆိုင်၊ နေပြည်တော်၌ နှစ်ဆိုင် ဖွင့်ရန် စီစဉ်ထားပြီး နောက်ပိုင်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်နေရာနှစ်ဆိုင်စီ ဖွင့်သွားမည်ဖြစ်ကြောင်း၊ ထို့နောက် ခရိုင်မြို့ကြီးများတွင်ပါ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ဖူးသည်။


အဆိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Brand Shop များတွင် MPT မှထုတ်သော ထုတ်ကုန်များ (ဆင်းမ်ကတ်၊ ငွေဖြည့်ကတ်) များကို တိုက်ရိုက် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အရောင်းဆိုင်ခွဲကို တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမတွင် တစ်ဆိုင်၊ စာတိုက်ကြီးအနီးတွင် တစ်ဆိုင် ဖွင့်လှစ်ထားပြီး MPT ၏ ထုတ်ကုန်များအပြင် MPT နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။



Credit to  internetjournal
Thiha Htike(THT)

My Dear Diary

 
 
 
နေ့စဉ်မှတ်တမ်းကို လုံခြုံစိတ်ချစွာ ရေးသားနိုင်မည့် app တစ်ခုဖြစ်ပြီး စိတ်ခံစားမှုများကိုပါ ဖော်ပြ ရေးသားနိုင်ရန်အတွက် Emoji များကိုလည်း ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ app တွင် ရေးထည့်ထားသည့် မှတ်တမ်းများကို အလိုအလျောက် save ပြုလုပ်ပေးသွားမည် ဖြစ်သည်။

အဆိုပါ app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။


Credit to internetjournal
Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)

19.7.58

YTalk ကတ်ဖြင့် နိုင်ငံတကာသို့ အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့် အစီအစဉ်တစ်ရပ် ပြုလုပ်မည်

 
 
 
 
 
 
YTalk ကတ်ဖြင့် နိုင်ငံတကာသို့ အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့် အစီအစဉ်တစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း VMG ကုမ္ပဏီ၏ ဒါရိုက်တာ ဦးအောင်ထွန်းက ပြောသည်။


နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနေသော ပြည်တွင်းကုမ္ပဏီများအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


“တိုက်ရိုက် Monthly Plan ပေါ့။ ကြိုက်သလောက်ပြော တစ်လဘယ်လောက်ပေါ့။ Package နဲ့ နိုင်ငံခြားအခေါ်များတဲ့ ကုမ္ပဏီဆို အဆင်ပြေတယ်။ Package သုံးခုလောက် ခွဲထားတယ်” ဟု ဦးအောင်ထွန်းက ပြောသည်။


Package သုံးမျိုးခွဲခြားကာ ရောင်းချရန်စီစဉ်ထားပြီး Package One တွင် နိုင်ငံ ၁၀ ခုသို့လည်းကောင်း၊ Package Two တွင် နိုင်ငံ၂၀ သို့လည်းကောင်း၊ Package Three တွင် နိုင်ငံ ၅၀ သို့လည်းကောင်း အကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဝန်ဆောင်မှု အသုံးပြုမည့်သူအနေဖြင့် အကောင့်တစ်ခု ရရှိမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ၏ သက်ဆိုင်ရာ ကုတ်များကို ရိုက်ဖြည့်စရာမလိုဘဲ တိုက်ရိုက်ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။


YTalk ဝန်ဆောင်မှု ပြန်လည် စတင်လိုက်ခြင်းဖြစ်ပြီး ယခုလမှစတင်ကာ Ytalk ကတ်များကို ပြန်လည် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
 
 
 
Credit to internetjournal 
 
 
 
Thiha Htike(THT)
 
thihahtike.it@gmail.com

17.7.58

အလုပ်လျှောက်တဲ့အခါ အလုပ်ရှင်ရဲ့ အထင်ကြီးမှုရအောင် CV မှာပါဝင်သင့်သော အချက် ၇ ချက်


အလုပ်လျှောက်ရာမှာ မိမိရဲ့ အတွေ့အကြုံကိုပြည့်ပြည့်စုံစုံရေးထားတဲ့ Cover Letterနဲ့အတူ တွဲတင်ရတဲ့ ကိုယ်ရေးအချက်အလက် CV ( Curriculum Vitae) ဟာ ကိုယ်လျှောက်ထားတဲ့ အလုပ်ရဲ့ ပိုင်ရှင်နဲ့ ကိုယ့်အကြား ဆက်သွယ်ပေးနိုင်တဲ့ အရေးကြီးဆုံး အစိတ်အပိုင်းပါပဲ။

CV ကနေတဆင့် ကိုယ့်အလုပ်ရှင်ကို သိစေချင်တာက မိမိရဲ့ အရည်အချင်းနဲ့ အလုပ်မှာ ဘယ်လို အထောက်အကူပြုမြှင့်တင်ပေးနိုင်ကြောင်း ဆိုတာပါပဲ။ ဒါကို သေချာတိကျစွာ ပြောပြချင်ရင်တော့ တိကျတဲ့ အချက်အလက်တွေကို အပိုစာသားတွေမပါပဲ ကျစ်လျစ်စွာဖော်ပြပေးတတ်ဖို့ လိုပါတယ်။

CV မှာ ပါဝင်သင့်တဲ့အချက်အလက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)ကိုယ်ရေးအချက်အလက် ( ဥပမာ - အသက်၊ ကျား/မ၊ နေရပ် )

(၂) ကိုယ်ပိုင်အရည်အချင်း (ဥပမာ -ပျော်တတ်၊ စိတ်အားထက်သန်၊စုပေါင်းလုပ်ဆောင်နိုင် )

(၃) တက္ကသိုလ်ပညာရေးနဲ့ အခြားပညာရပ်ဆိုင်ရာအရည်အချင်းများ (ဥပမာ -ဘွဲ့၊ ဒီပလိုမာ၊ တခြားသင်တန်းလက်မှတ်)

(၄)အလုပ်အတွေ့အကြုံအသေးစိပ် (ဥပမာ -လုပ်ကိုင်ခဲ့သော ရာထူးများနဲ့ ကုမ္ပဏီများ)

(၅)တခြားထင်ရှားသော အရည်အချင်းများ (ဥပမာ -ရေကူးတတ်၊ ကားမောင်းတတ်၊ ပွဲများစီစဉ်တတ် )

(၆)မိမိစိတ်ဝင်စားရာ ၀ါသနာ၊ ပညာရပ် (ဥပမာ - စာရေးခြင်း၊ သီချင်းဆိုခြင်း၊ ခရီးသွားခြင်း)

(၇)အထက်လူကြီး၊ ပညာရှင်တို့ရဲ့ ထောက်ခံပေးချက်များ (ဥပမာ - အရင်အလုပ်ရှင်မှ ထောက်ခံစာ၊ တက္ကသိုလ်ပါမောက္ခမှ ထောက်ခံစာ)

(၁)ကိုယ်ရေးအချက်အလက်

လိပ်စာ၊ဖုန်းနံပါတ်၊ Email လိပ်စာတွေကို တိကျမှန်ကန်ဖို့နဲ့ အမြဲရှိနေမဲ့အိမ်လိပ်စာဖြစ်အောင် ဂရုစိုက်ပါ။ အချိန်အတော်ကြာမှ အလုပ်အင်တာဗျူးခေါ်ခဲ့ရင်လည်း မလွဲမှားစေဖို့အတွက်ပါ။

နာမည်ကို စာလုံးပေါင်းမမှားအောင် ဂရုစိုက်သင့်ပြီး Email မှာပါတဲ့နာမည်ကလည်း အလုပ်သဘော ဆန်တဲ့နာမည်မျိုးဖြစ်သင့်ပါတယ်။ ကလေးဆန်ဆန် နာမည်မျိုးမဖြစ်ရ။ (ဥပမာ- ၊ Lillyflower@gmail.com Cupidgirl@gmail.com စတဲ့နာမည်မျိုးထက် cynthiawin@gmail.com ၊ shinthantkyi@gmail.com စတဲ့နာမည်မျိုးက ပိုမိုတည်ငြိမ်ပြီး အလုပ်ရှင်က အလေးထားမိစေပါတယ်။

ကိုယ်ပိုင် website ရှိရင်လည်း CV မှာထည့်သွင်းဖော်ပြပေးသင့်ပါတယ်။ အလုပ်ရှင်က ပိုမိုစိတ်ဝင်စား မှာဖြစ်ပါတယ်။

(၂)ကိုယ်ပိုင်အရည်အချင်း

မိမိရဲ့ အရည်အချင်းကို ပြောင်မြောက်စွာဖော်ပြပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒီအပိုင်းမှာ ပါတဲ့ စာလေး ၃ ၄ ကြောင်းက အလုပ်ရှင်ရဲ့စိတ်ကို တခြားသူတွေထက် သာလွန်စွာ ဆွဲဆောင်နိုင်ပြီး သင့် CV ကိုသေချာဆက်ဖတ်ချင်စိတ်ကို ဖြစ်ပေါ်စေရပါမယ်။

လိုရင်းတိုရှင်းရေးပါ။
လေသံကို တစ်ပုံစံတည်းထားပါ။ ( ဥပမာ - ကျနော်ဟာ သမိုင်းမေဂျာနဲ့ ဘွဲ့ရထားတဲ့ သူပါ၊ ကျနော်ဟာ အလုပ်လည်းကြိုးစားပါတယ်)။ ကျနော်နဲ့ အစချီရင် တတ်နိုင်သမျှ စာကြောင်းတိုင်း ကျနော်နဲ့ပဲ အစချီပါ။
ထင်ရှားစွာသိဖို့ လိုအပ်တဲ့ စာသားတွေကို မျက်တောင်အဖွင့်အပိတ်နဲ့ ရေးပါ။ (ဥပမာ - “Microsoft Word နဲ့ Microsoft Excel သုံးရာမှာ အတွေ့အကြုံရှိပြီး တော်တဲ့သူတစ်ယောက်” အနေနဲ့ ရုံးလုပ်ငန်းတော်တော်များများကို လုပ်နိုင်မှာ အသေအချာပါပဲ။)

အမြဲတမ်းကိုယ်တိုင်ရေးပါ၊ ပြီးရင် ဖတ်ရတာ အဆင်ပြေမပြေ အသံထွက်ဖတ်ကြည့်ပါ။
အရေးမကြီးတဲ့ စာသားတွေ မပါအောင်ဂရုစိုက်ပါ။ ( ကျနော်က ဗဟုသုတရှာရတာ အရမ်းစိတ်ဝင်စားတော့၊ ကျနော်ငယ်ငယ်လေးတည်းက ၀ါသနာပါခဲ့တာ စတဲ့ မသက်ဆိုင်တဲ့အရေးအသားများ)
စာလုံးရေ ၂၀၀၀ ထက်မကျော်စေပဲ မိမိရဲ့ ပညာရေး၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ ၀ါသနာများကို အလုပ်ရှင်ဘက်က ရည်ရွယ်တဲ့အလုပ်နဲ့ ကိုက်ညီမှုရှိအောင် အကျဉ်းချုပ်ရေးပါ။
(၃)တက္ကသိုလ်ပညာရေးနဲ့ အခြားပညာရပ်ဆိုင်ရာအရည်အချင်းများ

ဒီအပိုင်းမှာတော့ မိမိရဲ့ ပညာအရည်အချင်းနဲ့ အလုပ်အတွက် လိုအပ်မဲ့သင်တန်းများတက်ရောက် ထားခြင်းတွေကို ရေးသားဖော်ပြရပါမယ်။ အသေးစိပ်ရေးနိုင်လေ သင့်ရဲ့ပညာအရည်အချင်းကို သိနိုင်လေဖြစ်ပြီး အလုပ်ရှင်အနေနဲ့ အလုပ်ရာထူးအတွက် ကွက်တိစဉ်းစားပေးနိုင်ပါလိမ့်မယ်။ ဥပမာ- သင်ဟာ ကျောင်းပြီးခါစ ဘွဲ့ရလူငယ်ဆိုရင် ကျောင်းမှာသင်ခဲ့ရတဲ့ပညာရပ်တွေနဲ့ ဆက်စပ်နေတဲ့ ကျွမ်းကျင်တတ်မြောက်မှုကို အတိုချုံးရေးရပါမယ်။ ဒါကိုရေးရာမှာ ကိုယ်လျှောက်တဲ့အလုပ်နဲ့ ဆီလျော်အောင် ရေးဖို့တော့ မမေ့ပါနဲ့။ တက္ကသိုလ်တက်ခဲ့တဲ့ ကာလတလျှောက်က မိမိရခဲ့တဲ့ စာမေးပွဲအဆင့်များကိုလည်း တွဲထည့်ပေးသင့်ပါတယ်။

(၄)အလုပ်အတွေ့အကြုံအသေးစိပ်

အလုပ်အတွေ့အကြုံကို ဖော်ပြရာမှာ နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်ကနေ စတင်ဖော်ပြရပါမယ်။ လိုက်နာ သင့်တဲ့အချက်တွေကတော့

အလုပ်ရာထူး၊ ကုမ္ပဏီနာမည်၊ အလုပ်စတင်ရက်နဲ့ ထွက်ခဲ့တဲ့ရက်ကို ဖော်ပြပါ။
အခုလျှောက်တဲ့အလုပ်နဲ့ သင့်တော်မဲ့ တာဝန်တွေ၊ လုပ်ဆောင်ခဲ့မှုတွေ၊ အောင်မြင်ခဲ့မှုတွေကို အဖြစ် အပျက်များနဲ့တကွ ဖော်ပြပါ။

အလုပ်တစ်ခုနဲ့ တစ်ခုကြား အချိန်ကွာဟချက်ရှိနေပါက အကြောင်းရင်းကို သေချာရှင်းပြပါ။ ဥပမာ - ခရီးရှည်ထွက်နေရခြင်း၊ ဘာသာစကားအသစ်သင်ယူနေခြင်း၊ ပညာရအောင်အခမဲ့ အလုပ်လုပ်ပေးနေခြင်း
(၅)တခြားထင်ရှားသော အရည်အချင်းများ

အလုပ်ပြင်ပမှာ ရရှိခဲ့တဲ့ အရည်အချင်းတွေက အလုပ်ကို အထောက်အကူပြုတာတွေ အများကြီး ပါပဲ။ ဒါတွေကို CV မှာထည့်ရေးပေးခြင်းက အလုပ်ရှင်က မိမိနဲ့ သင့်တော်မဲ့ရာထူးကို ပိုမိုသိသာ ထင်ရှားစွာ မြင်စေပါတယ်။ ဥပမာ - နိုင်ငံခြားဘာသာစကားတတ်ကျွမ်းမှု၊ ကွန်ပျူတာ၊အဲကွန်းစတဲ့ နည်းပညာကျွမ်းကျင်မှု၊ ကားမောင်းလိုင်စင်၊ အသက်မွေးပညာတစ်ခုခု

(၆)မိမိစိတ်ဝင်စားရာ ၀ါသနာ၊ ပညာရပ်

မိမိစိတ်ဝင်စားတဲ့အရာတွေကို ထည့်ရေးတာဟာ အလုပ်ရှင်အတွက် အလုပ်နေရာစဉ်းစားဖို့ ပိုလွယ်စေ ပါတယ်။ ခပ်မြင့်မြင့်တွေ စဉ်းစားမနေပဲ မိမိအမှန်တကယ် ၀ါသနာပါတဲ့အရာ၊ စိတ်ဝင်စားတဲ့အရာတွေ ကို ဖော်ပြပါ။ ဒါပေမဲ့ အလုပ်နဲ့ ဘယ်လိုမှ မသက်ဆိုင်တာတွေကိုတော့ ရှောင်သင့်ပါတယ်။ ဥပမာ - သင်က ဟောပြောပွဲတွေမှာ ကြေငြာသူအဖြစ်လုပ်ဖူးကြောင်း ထည့်ရေးရင် အလုပ်ရှင်အနေနဲ့ သင့်ကို စကားပြောကောင်းသူ၊ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး လူအများရှေ့လည်း မရှက်မရွံ့စကားပြောရဲသူအဖြစ် သဘောကျသွားနိုင်ပါတယ်။

(၇ )အထက်လူကြီး၊ ပညာရှင်တို့ရဲ့ ထောက်ခံပေးချက်များ

အားလုံးပြည့်စုံသွားပြီဆိုရင်တော့ လူကြီးတွေရဲ့ ထောက်ခံစာ ၂ ခုကို တွဲထည့်ပေးသင့်ပါတယ်။ ကုမ္ပဏီ တချို့က ထောက်ခံစာကို ၂ ခုထက်ပိုတောင်းတတ်တာလည်းရှိတဲ့အတွက် ကြိုတင်ပြင် ဆင်ထားသင့်ပါ တယ်။ အရင်လုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ အထက်အရာရှိကနေ တိုက်ရိုက်တောင်းရမှာ ဖြစ်ပြီး ထောက်ခံပေးသူရဲ့ နာမည်၊ရာထူး၊ကုမ္ပဏီနာမည်၊ ကုမ္ပဏီလိပ်စာ၊ဖုန်းနံပါတ်နဲ့ email များပါရပါမယ်။ လက်ရှိအလုပ်ကနေ မထွက်ရသေးပဲ လျှောက်ထားတာဆိုရင်တော့ လက်ရှိအလုပ်က ထောက်ခံပေးသူထံ အလုပ်မခန့်ခင် မဆက်သွယ်ဖို့ ကြိုပြောထားသင့်ပါတယ်။

အရေးကြီး - စာပုံစံ

ရိုးရှင်းသေသပ်တဲ့ font နဲ့ ညီညီညာညာရိုက်နှိပ်ပြီး A4 စာရွက်ဆိုဒ်နဲ့ပဲ ပရင့်ထုတ်သင့်ပါတယ်။ ကြည့်ကောင်းအောင်လုပ်ဖို့လည်း အရေးကြီးကြောင်း အမြဲသတိရှိပါ။

အထက်ပါအချက်တွေကို လိုအပ်သလို ကိုက်ညီအောင် သေချာအသုံးပြုပြီး ရေး သားရင်တော့ အလုပ်ရှင် သဘောကျနိုင်တဲ့ CV တစ်စောင် ဖြစ်လာမှာ အသေအချာပါပဲ။ ပြည့်စုံကောင်းမွန်တဲ့ CV ကနေတဆင့် အလုပ်ရှင်လောင်းနဲ့ မိတ်ဆက်ကာ အင်တာဗျူးဖြေဆိုခွင့်ကို ပိုင်ဆိုင်ရရှိပြီး မိမိနဲ့ကိုက်ညီပြီး မိမိကိုယ်တိုင် ချစ်မြတ်နိုးတဲ့ အလုပ်တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
 

 
Credit to == >YangonLife
 
 
Credit to==>www.pyaephyo.com
 
 
 
 
Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)


Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

9.7.58

မေးထားသူများအတွက်...(7.10.2015)

Image result for Ask image 
မေးမြန်းထားသောသူတွေအတွက်ပါ ကျွန်တော်က မေးမြန်းလို့ရပါတယ်ဆိုလို့ အထင်မကြီးပါနဲ့ကျွန်တော်ဘာမှမသိပါဘူး ဒါလည်း မေးတဲ့သူတွေအသိဆုံးပါ အားလုံးကကျွန်တော့်ဆရာတွေပါ ကျွန်တော်က နွားခြေရာခွက်လေးမှ ပျော်နေတဲ့ဖားလေးပါ...
 Internet ဖွင့်မရဘူးဆိုတဲ့ဘော်ဘော်တွေတွကပါ
================================


ဖွင့်မရတာ သာမန်အားဖြင့်ပဲ ထင်လိုက သာမန်နည်းလေးတင်ပေးလိုက်ပါတယ် နည်းလမ်းနှစ်ခုတင်ပေးလိုက်ပါတယ်...



GSM/WCDMA            သမားတွေအတွက် ….
Name             ------------------    Mpt
Apn                  ------------------  mptnet
ကျန်တာ ဒီအတိုင်းထားသွားလိုက်ပါ…..
Authentication Type -----------------      PAP or CHAP
Save and on

CDMA  (0973…….)    သမားများအတွက်
Name              ------------------  ကြိုက်ရာပေးပါ
APN                ------------------  #777
User Name     ------------------  user@c800.m         
အဲ့ဒီမှာ ကျွန်တော် တစ်ခုပြောချင်တာလေးတော့
 @c800.m ကအသေရေးရမှာဖြစ်ပြီး ရှေ့က user
နေရာမှာတော့ ကိုယ်ကြိုက်တာပေးလို့ရပါတယ်…
Password        ----------------    ကြိုက်ရာ
ကျန်တာဒီတိုင်းထားပါ..
Authentication type  --------     PAP or CHAP
Prompt Password    --------     #777

MEC ( C 800)              သမားများအတွက်
Name              ------------------  ကြိုက်ရာပေးပါ
APN                ------------------  #777
User Name     ------------------  card
Password        ----------------    card
ကျန်တာဒီတိုင်းထားပါ..
Authentication type  --------     PAP or CHAP
Prompt Password    --------     #777


Telenor & Ooredoo သမားများအတွက်
Setting မရပါက ထည့်နည်း
Name              ----------------    ကြိုက်ရာ
APN                ----------------    internet    
APN မှာ ကြိုက်တာထည့်လို့ရပေမယ့် internet
ထည့်တာကတော့ သူတို့ တရားဝင်အသိအမှတ်ပြုထားတဲ့
Setting မို့လို့ လိုင်းပိုကောင်းမှာပါ…..
Authentication Type    -----      PAP or CHAP
ပြီးရင် Menu နှိပ်ပြီး Save လိုက်ပါ...
အောက်က one click နဲ့ setting သွင်းပေးမယ့် Apk ပါ




internet Auto ပွင့်နေသော သူများအတွက်...
==============================
 
SAMSUNG KOREA Model တွေမှာ Internet မဖွင့်ပဲ
သူအလိုလိုပွင့်တာတွေကိုရှင်းတဲ့နည်းလေးပါ…တချို့Modelတွေက Power ပိတ်လိုက်တာတို့ Restart ကျသွားတဲ့အချိန်တွေမှာ Power ပြန်တက်လာရင် Internet က သူ့အလိုလိုပွင့်နေတက်ပါတယ် တချို့Model တွေကျတော့ ဒီအတိုင်းကိုပွင့်နေတက်တာပါ…လုပ်နည်းကမခက်ပါဘူးလွယ်ပါတယ်…
Phone Key (Dialer) ကနေ 319712358 ဟုရိုက်လိုက်ပါ။
Password တောင်းပါက 774632 (သို့) 996412 (သို့) 110821 ဟုရိုက်ထည့်လိုက်ပါက..
Menu တစ်ခုတက်လာပါမည်။
၎င်း Menu ထဲမှ Network Setting ကိုဝင်ပါ Network mode မှတဆင့် GSM 900 ကိုရွေးပြီး Home Key နဲ့ပြန်ထွက်လိုက်ရင် အားလုံးအဆင်ပြေသွားပါပြီ…..

အခြား branded တွေကတော့ သိပ်မဖြစ်ကြလို့မတင်ပေးလိုက်တာပါ မေးတဲ့သူကလည်းဒါပဲမေးထားလို့နော်...ါ်ီ




Facebook ဖွင့်ချင်သောသူများအတွက်
=====================



Telenor အသုံးပြုသူတွေတွက် Gmail မလိုဘဲ Sim Card ဖြင့် facebook လျောက်နိုင်မည့် နည်းလမ်းလေးဖြစ်ပါသည်"

Photo Credit-လင်းညီညာ
ဒါက Email သုံးချင်သောသူများအတွက်ပါ
==============================
Mermory Earror ဖြစ်နေသူများအတွက်
============================
**Root လုပ်ထားဖို့လိုပါတယ်.....***
အမှန်တကယ်ကို sd ထဲကိုရွှေ့လို့ရပါတယ်ဗျ.....system ဖိုင်တွေကိုတော့ ရွှေ့လို့မရပါခင်ဗျာ

ဒီ apk လေးက ဘာကောင်းလဲဆိုရင် sd ထဲသို့ move to sd  ဖြင့် ရွှေ့မရသော apk နဲ့ game တွေကို
အခုတင်ပေးတဲ့ ကောင်လေးက အလွယ်တကူနဲ့ရွှေ့ပေးပါလိမ့်မယ်ဗျ......sd ကိုရွှေ့တဲ့ apk တွေအများကြီးရှိပါတယ်ဗျ....
ကျွန်တော်ကဒီကောင်လေးကို ပိုကြိုက်ပါတယ်ဗျ....
ဒီ apk လေးကိုသုံးဖို့အတွက်ကတော့ မိမိဖုန်းက root ထားဖို့လိုပါတယ်ဗျ...အချို့ apk နဲ့ game တွေဟာ dafult function မှာ  move to SD card ထဲကို ရွှေ့မရတာလေးတွေရှိပါတယ်ဗျ....
အဲဒီလို ရွှေ့မရတဲ့ဟာလေးတွေကို ဒီ apk နဲ့အလွယ်တကူရွှေ့နိုင်ပါတယ်ဗျ.....apk ကိုဖွင့်..ရွှေ့ချင်တဲ့ apk or game ကိုနှိပ် ....move to SD card >> Ok....
[တစ်ခုတော့ရှိတယ်ဗျ.....widget ထုတ်လို့ရတဲ့ apk တွေကိုရွှေ့လိုက်ရင်တော့ widget ထုတ်လို့မရပါဘူးခင်ဗျာ.....]
အောက်မှာ screenshot ရိုက်ထားတဲ့ပုံလေးက dafult မှာ ရွှေ့မရတဲ့ live wallpaper လေးကို ရွှေ့ထားတဲ့ပုံလေးပါခင်ဗျာ....
android version request ကတော့ version 1.6 နဲ့အထက်ပါခင်ဗျာ....

အခြားလုပ်ဆောင်နိုင်တာတွေလဲပါပါသေးတယ်....အလိုရှိသလိုအသုံးပြုနိုင်ပါတယ်....
ကျွန်တော်အခုတင်ပေးထားက update လေးပါ.........

error မရှိပါ....စိတ်ချလက်ချသုံးကြည့်ပါဗျ...sd ထဲကို အမှတ်တကယ်ကိုရွှေ့လို့ရပါတယ်ခင်ဗျာ....

ဒီမှာယူကြပါခင်ဗျာ.....
  Google Play Store မှာလဲလေ့လာနိုင်ပါတယ်ဗျ....
အပေါ်ကလင့်က လစ်သွားပီဂျ......



အားလုံးပဲ အဆင်ပြေကြပါစေဗျ.....



Ref;mm-mpxteam

credit to ZawMyoOo
screenshot-.JPG (39.55 KB, Downloads: 1)
screenshot-.JPG


screenshot.JPG (57.76 KB, Downloads: 0)
screenshot.JPG
မြန်မာ Facebook လိုချင်သူများအတွက်ပါ
=============================
3G ပြောင်းချင်သူများအတွက်
========================


ဒီ apk လေးကတော့ စက်ရုပ်ကိုင်ဆောင်သူတိုင်း ရှိထားသင့်ပါတယ်ဗျ......
ကျွန်တော်တို့ အင်တာနက်သုံးတဲ့အခါမှာ gsm နက်ဝက်ခ်နဲ့ သုံးရင် noti bar မှာE ပေါ်ပီ အရန်နှေးပီတော့သုံးရတာအဆင်မပြေပါဘူး..........
3G နက်ဝက်ခ်နဲ့ သုံးရင်တော့ noti bar မှာ H ပေါ်ပီ ကျွန်တော်တို့ရဲ့ ကွန်နက်ရှင်ဟာ သိသိသာသာမြန်လာပါတယ်..........
အခု ဒီ apk လေးကတော့ gsm, wcdma အလွယ်တကူပြောင်းသုံးနိုင်ပါတယ်........
တစ်ချို့ဖုန်းတွေမှာ network ချိန်းတဲ့ function မပါသောဖုန်းများအတွက်လဲ အဆင်ပြေနိုင်ပါတယ်........သိပီသောသူများခွင့်လွှတ်ပါဗျ..........

သုံးရတာလဲရိုးရှင်းပါတယ်....apk ကိုဖွင့် GSM only လို့ပြောင်းထားရင် noti bar မှာ E ပေါ်နေပါလိမ့်မယ်.....
WCDMA only လို့ပြောင်းလိုက်ပါ.......noti bar မှာ H ဖြစ်သွားပါလိမ့်မယ်ဗျ......ကျန်တာတွေဘာမှပြောင်းစရာမလိုပါဘူးဗျ......
ဒါဆိုရင် mpt ကွန်လိုင်းကို 3G နက်ဝက်ခ်နဲ့ အသုံးပြုနိုင်ပါပီဗျ..........

လိုချင်သူများဒီမှာဒေါင်းပါ........

screenshot လေးတွေကြည့်ပါဗျ..............



 




ဖုန်းပျောက်တာရှာချင်သူများအတွက်တော့ ခဏဆောင့်ပါဦး
တတ်နိုင်သလောက်အဆင်ပြေဆုံး နည်းလမ်းတင်ပေးမလို့ပါ
အားလုံးအဆင်ပြေကြပါစေ 
ယခုပိုစ့်နှင့် ပတ်သတ်တဲ့သူများအားလုံးကို Credit ပေးပါတယ်ခင်ဗျာ...
 Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ.. 

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...