ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

18.12.58

လျှိဝှက်​ချက်​ နဲ့စာပို့မယ်...

SSBMb3ZlIFlvdQ== ဒီစာကို base64 to text ​ပြောင်း​ပေးပါ (အောက်တွင်ပြထားသည့်အတိုင်းလှို့ ဝှက်စွာပြောင်းလဲပို့လို့ရပါတယ် ကဲစမ်းကြည့်ပါအုံးနော်...
IMG20150922012204.jpg 
Download Text encoder 

ယခုတင်ပေးထားသော App အား(မြောက်ဒဂုံ၃၅မှတ်တိုင်အနီး " ဆွေသဟာ" ဖုန်းဆိုင်တွင်လည်း အခမဲ့ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)
  သီဟထိုက်(My Page)                               

ကဗျာဂျာနယ် အမှတ်(၁၀)(၁၉.၁၂.၂၀၁၅)

လေရှူးမွှေ့ရာ နွေဦးချိန်ခါ
 တေးတကြော်ကြော်ဟစ်ကာအော်
  အော်ကာမျှော်လည်း ပေါ်မလာဘဲ
 ရင်ကွဲ၍သာသေရတယ် ဥသြငယ်           

                                                                                     ရေးသူ= ဇင်မင်းဦး  ဆူးကလပ်ရေကျော် ကော့မှူး
=========

 "ြ်မတ်ဆရာ"

အနန္တဂိုဏ်းဝင်
ကျေးဇူးရှင်ဟု
မြတ်ဆရာသည်
တည့်မရှား တစ်ပြားမရှိ
ပီတိကိုစား အားရှိပါ၏။
ဆရာဟူသည်
မြစ်ဆိပ်ကျောက်တုံးပမာနှိုင်စသော်
လာဖွတ်သည့်အဝတ်ဘယ်လောက်များစေ
ပုံစံမယွင်း
ဤအတိုင်းပင်
ဆရာသည်ကား
တစ်နှစ်တခြားသင်ကြားတပည့်
ဘယ်လောက်များလဲ
စေတနာမချို့
သဒ္ဒါဖြိးလျက်သိပံ္ပဝိဇ္ဇာ
ဘွဲ့ဆိုသည်ကိုရအောင်သင်ပြ
ကြိုးစားကြဟု
ဆိုသည့်စကား
နားမှာကြားသည်
အို   မြတ်ဆရာ
ချစ်ဆရာတည်း။


                                                                     ရေးသူ=မအိအိခိုင်(ပိုးလောင်း)
=======

"လူ့ ဘဝ"
*သဘောအမှန်လောကဓံတည်
ဖြစ်ပြန်ပျက်ရ လူ့ ဘဝမို့ 
သုခဒုက္ခ ကြုံတွေ့ရမည်။
*ကြောင်းကျိုးအမှန် ကုသိုလ်ကံကြောင့်
ခံစားစံစား ညဏ်နှင့်ပွားပြီး
အများကောင်းကျိုး ကိုယ်ကောင်းကျိုးကို
သယ်ပိုးပါမှ အနေလှ၍
ဒါနသီလ မျိုးစေ့လှမည်။
*အကုသိုလ်တိုး ကြမ္မာဆိုးကြောင့်
မိုးမှောင်ကာလ စိတ်ညစ်ရသည်
ဘဝဖောက်ပြား ဆင်းရဲများ၍
ခံစားပြန်ရလူ့ ဘဝ။

                                                                                        ရေးသူ-သွယ်သွယ်လှိုင်                               (ကျောက်တော်မြို့ရခိုင်ပြည်နယ်)
=========

အကြောင့်မဲ့လမ်းခွဲ
'ချစ်တယ်'ဆိုတဲ့
စကားတစ်ခွန်းကြောင့်
တို့နှစ်ယောက်နီးခဲ့ကြပေမဲ့
သောကတွေကိုမေ့အချစ်တွေကို
ခံစားနေတဲ့အချိန်လေးမှာ
'မောင်ရယ်လမ်းခွဲလိုက်ရအောင်'တဲ့
လေမပါသောစကားတွေနဲ့
နှလုံးသားမပါဘဲပြောခဲ့တယ်ဆိုတာ
မောင်သိပါတယ်...
ဒါပေမဲ့...ချစ်သူရယ်....
မင်းကိုယ်ပါးပြင်ပေါ်ကျခဲ့တဲ့နှုတ်ခမ်းတွေက
မျက်ရည်သောက်ခဲ့တဲ့နှုတ်ခမ်းတွေလား
ဒါမှမဟုတ်
အချစ်တွေမျိုသိပ်ခဲ့တဲ့နှုတ်တွေလား
မယုံနိုင်တဲ့သောကတွေနက်အတူ
အထီးကျန်တဲ့နေ့လေးတွေကို
ကိုယ်ဖြတ်သန်းနေဆဲပါ...

                                                                                         ရေးသူ=နေထွန်း/ရခိုင်ပြည်နယ် ရသေ့တောင်မြို့
=========

မောင့်​ထံသို့♥


မောင်
ဆိုးစိတ်ပြေစေ
တောင်းဆုဝေဝေ
မေလေ သိပ်ချစ်တယ်

မောင်
ဘာစားနေလဲ
မေ့စိတ်ထဲဝယ်
တဝဲလည်လည်
တွေးဆပွားကာ
မတည့်တာများ
စားမှာလားမသိ
တွေးပူမိ၏။

မောင်
ကျမဘဝ
ဝမ်းစာလှရေး
ခဏအလုပ်
မဟုတ်ပါဘူး

မောင်
ခုခါလူငယ်
နောင်ခါဝယ်လူကြီး
လူငယ်အရေး
ရှေးရှုတွေး၍
မျှော်တွေးဆဆ
လမ်းမှန်ကြစေ
ဆန္ဒမွန်ဖြင့်
လုပ်နေတာပါ မောင်

မောင်
မေ တစ်ခွန်းပြောမယ်
ကျမ ကျောင်းဆရာမ `အလုပ်´
လုပ်နေတာပါမောင်
`လုပ်စားနေတာမဟုတ်ဖူး မောင်´

မောင်
ရွက်စိမ်းပွင့်ဖြူ
စံပယ်ဖြူကို
မေ သိပ်ချစ်တယ် မောင်

                                                                             ရေးသူ=ဆောင်းလရောင်(မော်လိုက်)
===========

ပန်းခရေဟာ
နွမ်းကြွေပေမဲ့
ယူဆောင်သူရွှင်လန်းစေဖို့
မွှေးရနံ့နဲ့ဆောင်ညင်းလေတယ်

                                                                  ရေးသူ=မျက်ဝန်းစိမ်း(မှော်ဘီ)
=============


ဘယ်လိုလဲ

ခေါင်းငုံ့ခံပြီး
လောကဓံကို
ဒေါကန်နေမဲ့အစား
ရဲရင့်မြင့်မြတ်တဲ့
သင့်ရဲ့စိတ်ဓာတ်ကို
ဓါးလှံလက်နက်အဖြစ်
အသုံးပြုပြီး
လောကဓံတိုက်ပွဲ
ဆင်နွဲလိုက်စမ်းပါ
သူငယ်ချင်း-----။
ဒါပေမဲ့
ပြိုင် ပွဲမဝင် ခင်
ယိုင် လဲနေတဲ့
စိတ်ဓာတ်မျိုးတော့
မရဘူးနော်-----။

            ရေးသူ= မောင် ကံခေ(ရှမ်းတောင်)
=====
           ====
                      =
Create by  သီဟထိုက်
                                  =
                                      =
                                          =
                                             (My Page)

13.12.58

iPhone 6S ကို သုံးကြိမ်အားသွင်းနိုင်မည့် 10,000mAh ဘက်ထရီ ပါဝင်သော စမတ်ဖုန်း

တစ်ကြိမ်အားသွင်းလျှင် ၁၅ ရက်အထိ သုံးနိုင်သော Oukitel K10000 စမတ်ဖုန်းကို ယခုအခါ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စမတ်ဖုန်းသည် ၉ မီလီမီတာအထူရှိပြီး အကျယ် ၇၇ မီလီမီတာ၊ အမြင့် ၁၄၃ မီလီမီတာဖြစ်ကာ အလေးချိန်က ၁၈၄ ဂရမ်ဖြစ်သည်။

၎င်းတွင် ပါဝင်သည့် 10,000mAh ဘက်ထရီသည် စမတ်ဖုန်းအားသွင်းရန်အတွက် သယ်ဆောင်အသုံးပြုနေကြသော external portable USB charger များတွင် ပါဝင်သည့် ဘက်ထရီထက် ပိုမိုကြီးမားသည်။ Quick-Charge ကို ထောက်ပံ့ပေးထားသောကြောင့် ၀ မှ ၁၀၀ ရာခိုင်နှုန်းကို အားသွင်းရန် အချိန် ၃.၅ နာရီကြာမြင့်မည်ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းသည် အခြားသော ထုတ်ကုန်များကိုပါ အားသွင်းပေးနိုင်ပြီး power-out feature ဖြင့် iPhone 6S သုံးလုံးကို အားအပြည့်သွင်းပေးနိုင်သည်။

Oukitel K10000 စမတ်ဖုန်းကို အရွယ်ကြီးမားသည့် ဘက်ထရီအပြင် ၅.၅ လက်မ 720p screen, 1GHz quad-core MediaTek processor, 2GB RAM နှင့် 8MP ကင်မရာတို့ဖြင့် အသုံးပြုနိုင်သည်။ Operating System က Android 5.1 Lollipop ဖြစ်ပြီး 4G LTE နှင့် dual-SIM တို့ကို ထောက်ပံ့ပေးထားသည်။
၎င်းစမတ်ဖုန်းကို Gearbest တွင် အမေရိကန်ဒေါ်လာ ၂၄၀ ဖြင့် ကြိုတင်မှာယူနိုင်သည်။

Ref: 9to5Google
Credit internetjournal 
သီဟထိုက် My Page

သိပ္ပံနည်းပညာဆိုင်ရာ ပြပွဲ ကျင်းပမည်



သိပ္ပံနည်းပညာဆိုင်ရာပြပွဲ နှင့် ဟောပြောပွဲ "သိပ္ပံပွဲခင်း-၂၀၁၅ " ကို ရန်ကုန်တက္ကသိုလ်မှ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲကို ဒီဇင်ဘာလ ၁၈ ရက် မှ ၂၀ ရက်ထိ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ပြပွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ ဆန်းသစ် သိပ္ပံပြပွဲ/ပြိုင်ပွဲ၊ သိပ္ပံနည်းပညာဆိုင်ရာ သင်ကြားမှု အထောက်အကူပြု ပစ္စည်းများ၊ သုတေသန လုပ်ငန်းသုံး စက်ကိရိယာများနှင့် ပတ်သက်သော သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာများကို ခင်းကျင်းပြသသွားမည့် အပြင် ဟောပြောပွဲများလည်း ပါဝင်မည် ဖြစ်သည်။

ပြပွဲသို့ တက္ကသိုလ်၊ ကောလိပ်များ၊ ဝန်ကြီးဌာနများ၊ သိပ္ပံနည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ဝင်ရောက်ပြသနိုင်မည်ဖြစ်ပြီး ပါဝင်ပြသလိုသူများ အနေဖြင့် ဖုန်း - ၀၁ - ၅၀၂၀၇၄၊ ၀၉၇၉၂၉၉၁၄၇၁၊ ၀၉ ၅၀၄၇၆၅၀ တို့သို့ ဆက်သွယ် ပါဝင်နိုင်ကြောင်း သိရသည်။

Credit  internetjournal
သီဟထိုက် My Page

11.12.58

eBook Search Pro For Ios

 
 
eBook Search Pro ဆိုသည့် app သည် iPhone, iPad တို့ပေါ်တွင် အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။ Pro version တွင် eBook ပေါင်း 60,000 နဲ့အထက်ကို ရှာဖွေပေးနိုင်မည်ဖြစ်ပြီး eBook Reader များထဲသို့ တိုက်ရိုက် ထည့်သွင်းအသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။

အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit internetjournal
သီဟထိုက်
ယခုတင်ပေးထားသော App အား(မြောက်ဒဂုံ၃၅မှတ်တိုင်အနီး " ဆွေသဟာ" ဖုန်းဆိုင်တွင်အခမဲ့ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

GoPro Karma ဒရုန်းကို ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိမည်


Karma ဟုခေါ်သော ကင်မရာတပ်ဆင်ထားသည့် ဒရုန်းကို ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်တွင် ဖြန့်ချိရန် စီစဉ်ထားကြောင်း GoPro မှ ထုတ်ဖော်ပြောကြားသည်။

GoPro သည် အောက်တိုဘာလက အနည်းဆုံး 2.5K resolution ဖြင့် ရိုက်ကူးထားပြီး 1440p YouTube viewing option ဖြင့် ကြည့်ရှုနိုင်သော ကြော်ငြာဗီဒီယိုကို ဖြန့်ချိခဲ့သည်။ ယခုထုတ်ပြန်ကြေညာချက်တွင်လည်း ကုမ္ပဏီက အဆိုပါ ဗီဒီယိုကို ပြန်လည်အသုံးပြုခဲ့သည်။

GoPro တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ နစ်ခ်ဝုဒ်မန်းက ကုမ္ပဏီအနေဖြင့် quadcopter တစ်ခုကို လုပ်ဆောင်နေကြောင်း မေလက Re/code ကွန်ဖရင့်စ်တွင် အတည်ပြုပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ရှုထောင့်အသစ်ကနေ ကြည့်ရှုရတာက မယုံနိုင်လောက်အောင်ကို ကောင်းမွန်လှပါတယ်။ ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ အခိုက်အတန့်ပါ။ ဒီလို ရှုထောင့်အသစ်နဲ့ ကြည့်ရှုတာကို ကျွန်တော်တို့ရဲ့ GoPro ကင်မရာတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့က quadcopter ဈေးကွက်မှာ အလားတူ အခွင့်အရေးတစ်ခုကို တွေ့ရှိထားပါတယ်” ၎င်းက ဆိုခဲ့သည်။

GoPro ၏ Karma ဒရုန်းကို ဒေါ်လာ ၅၀၀ မှ ၁၀၀၀ အကြား ကျသင့်ဖွယ်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသော်လည်း ရောင်းချသည့်တန်ဖိုးနှင့် ပတ်သက်၍ ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဒရုန်းနှင့် ပတ်သက်သော သတင်းများအတွက် မှတ်ပုံတင်ထားပါက Karma ဒရုန်းတစ်စင်းကို အခမဲ့ ရရှိနိုင်မည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: Engadget
Credit internetjournal
သီဟထိုက်

Android သုံးစွဲသူ ၇၂ ရာခိုင်နှုန်းနီးပါးက နှစ်နှစ်သက်တမ်း ကြာမြင့်သည့် OS ကို အသုံးပြုနေဆဲဟုဆို





၇၁.၆ ရာခိုင်နှုန်းသော Android ထုတ်ကုန်များသည် Lollipop မတိုင်မီ ထွက်ရှိခဲ့သည့် OS ဗားရှင်းများကို အသုံးပြုနေဆဲဖြစ်ကြောင်း ယခုတစ်ပတ်အစောပိုင်းက Google မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အထူးသဖြင့် Android ၃၆.၆ ရာခိုင်နှုန်းသည် လွန်ခဲ့သည့် ၂ နှစ်က ထွက်ရှိခဲ့သော Android 4.4 KitKat ကို အသုံးပြုနေလျက်ရှိသည်။ Android ထုတ်ကုန် ၂၆.၉ ရာခိုင်နှုန်းတွင်မူ Jelly Bean ဗားရှင်းအမျိုးမျိုးကို သုံးစွဲလျက်ရှိသည်။ Jelly Bean သည် ၂၀၁၂ ခုနှစ် ဇွန်လက ထွက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက update ပြုလုပ်ပေးခြင်း မရှိတော့ပေ။

နှိုင်းယှဉ်ချက်များအရ iOS သုံးစွဲသူ ၇၀ ရာခိုင်နှုန်းသည် စက်တင်ဘာလက ထွက်ရှိခဲ့သော iOS 9 ကို အသုံးပြုနေကြသည်။ Android သုံးစွဲသူများစွာကမူ လာမည့် ၁ နှစ် သို့မဟုတ် ၂ နှစ်အတွင်း ထွက်ရှိမည့် Android 6.0 Marshmallow ကို သုံးစွဲရန် စောင့်ဆိုင်းလျက်ရှိသည်။

Ref: BGR
Credit internetjournal
သီဟထိုက်

Offline ဖြစ်နေပင်လျှင် Facebook post များ၌ comment ရေးသားနိုင်မည်

 
 
နာမည်ကျော် လူမှုရေးကွန်ရက်ဖြစ်သော Facebook ကို သုံးစွဲသူများသည် ယခုအခါ ၎င်းတို့၏ ဖုန်းများ offline ဖြစ်နေပင်လျှင် post များ၌ comment များ ရေးသားနိုင်ပြီ ဖြစ်သည်။

ထို့အတွက်ကြောင့် သုံးစွဲသူတစ်ဦးက အင်တာနက်လိုင်းမကောင်းသည့် နေရာသို့ ရောက်ရှိနေသည့်အခါ Facebook app ကို ဖွင့်ထားပြီး ပေါ်လာသည့် post များကို ဆက်လက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

သုံးစွဲသူများသည် offline ဖြစ်နေစဉ်တွင် post များ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို Like နှင့် Share ပြုလုပ်နိုင်သည်။ ၎င်း မိုဘိုင်း app သည် offline ဖြစ်နေစဉ် ပြုလုပ်ထားသည့် လုပ်ဆောင်ချက်အားလုံးကို သိမ်းဆည်းပေးထားမည် ဖြစ်ပြီး သုံးစွဲသူက လိုင်းမိသည့်နေရာသို့ ရောက်ရှိသည့်အခါ အဆိုပါ လုပ်ဆောင်ချက်အားလုံးကို အလိုအလျောက် ပြုလုပ်ပေးမည် ဖြစ်သည်။

Offline comment ရေးသားခြင်းကို လက်ရှိတွင် Android app ၌သာ ပြုလုပ်နိုင်သည်။ အဆင့်မြှင့်တင်မှုအသစ်များကို အခြားသော platform များထံ မကြာမီ ဆက်လက်ဖြန့်ချိပေးသွားမည်ဟု Facebook မှ ပြောကြားခဲ့သည်။

Ref: NYDailyNews
Credit internetjournal

သီဟထိုက်

8.12.58

ကဗျာဂျာနယ် အမှတ်(၈)(၈.၁၂.၂၀၁၅)

 ကဗျာကို နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်ဘဲ အမြဲဆောင့်ဖတ်နေရတဲ့ ကဗျာပို့စ်လေးတစ်ခုပါပဲ
နေ့စဉ်ပုံမှန်ကဗျာ၅ပုဒ်တင်ဖြစ်အောင် အကောင်းဆုံးကြိုစားပါမယ် ဆိုတာနဲ့ ဝေဖန်အကြံပြုလိုသည်ဖြစ်စေ / ကဗျာများရေးသားပေးပို့လိုသည် ဖြစ်စေ ph-0973151297 ကို ရေးသားသူ၏ အမည်၊နေရပ်လိပ်စာ ရေးသားပြီး   Viber မှဖြစ်စေ၊sms ဖြင့်ဖြစ်စေ,Facebook မှhttps://www.facebook.com/?q=#/thiha.htike.9 သို့ဖြစ်စေ ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...နောက်ထပ်လည်း မည်သည့် လူတိုင်းအတွက်အကျိုးရှိစေမယ့်အစီအစဉ်ကောင်းလေးများဖန်တီးနိုင်အောင်လည်း အကြုံပြုဆွေးနွေးဖို့ 09-73151297 ကို နေ့လည် 12pm မှ 5pm အတွင်းလွပ်လပ်စွာအကြံပြုနိုင်ပါတယ်ခင်ဗျာ...
ဝေဖန်အကြုံချက်သည် ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ...


ငါ့ကံ
 ငါ့အကြောင်းကို
နင်အသိဆုံး
 ငါကိုဘာကြောင့်
ထားသွားတာလဲ
 မသိစိတ်နဲ့
အိပ်မက်ထဲမှာ
နင်အမြဲပါတယ်
 နိုးထလာတော့ 
အမှန်တကယ်
 နင်မရှိတော့
 ငငဝမ်းနည်းတယ် 
ငါ့ရင်ဘတ်တွေ
 အောင့်အောင့်လာတယ်
 အသိစိတ်မှာ
 နင့်ကိုဘေးဖယ်
ရင်ခွင်သစ်မှာ
 ပျော်သူရယ်လို့
မျက်ဝန်းမျက်ရည်
 ပုတ်ကာဖယ်ထုတ် 
လက်သီးဆုပ်ကာ
 အံကျိတ်ကာနဲ့
ငါ့ဘဝကြိး
 ပျက်ပြိတကယ်
 မင်းသမီးတဲ့ကဗျာခေါင်းစဉ်ပါ
 မထင်မှတ်တဲ့ရိုက်ချက်
 ဟန်ဆောင်ကောင်းတဲ့အမူအရာ
မင်းမင်းသမီးလုပ်ပါလား
မနက်ဖြန်ချစ်ရသူရဲ့မင်္ဂလာဆောင်
 နှစ်တိုင်းအကယ်ဒမီရလိမ့်မယ်...
ရေးသူ=မိုးမောင်(ယုဇန)
==========
ဘဝကို ကျော့ကျော့လေး ဖြတ်သန်းခဲ့ရလို့
ပျော်နေခဲ့မယ် ဆိုရင်
ပြန်အကျ မှာ ဝမ်းမနည်းနဲ့ ဘဝမနာခဲ့လို့
အကျ နာတယ်လို့ မှတ်ပါ လဲနေရင်ပြန်ထ အဲဒါ ဘဝ....


ရေးသူ=KK(irrawaddy)
===========
#ဘကြီးအောင်နှင့်ကျွန်တော်#

ဘကြီးအောင်
ဘယ်လိုလုပ်လိုက်တာလဲ
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်
မျှော်လင့်ချက်တွေ
ပြိုလဲကုန်ပြီဗျာ.....

ဘကြီးအောင်
ဘာ့ကြောင့် မျက်ကွယ်ပြုလိုက်တာလဲ
ကျွန်တော့်ရဲ့ ဆန္ဒတွေကိုလေ

ဘကြီးအောင်
ဘယ်ဘဝရေစက်လည်း
ကျွန်တော်နဲ့တွေ့ပြန်ပီ
တော်ပါပြီ
မပေးပါနဲ့တော့
ကတိတွေလည်း မလိုခြင်တော့ဘူး
မျှော်လင့်ချက်တွေလည်း
မထားရဲတော့ဘူးဗျာ

ဘကြီးအောင်
မြေဖြူတစ်တောင့်ကြောင့်
ကျောင်းသားတွေ သေနိုင်တယ်
ထို့အတူပါဘဲ
လူကြီးတစ်ယောက်ရဲ့
ကတိစကား တစ်လုံးလေးကြောင့်
လူငယ်တစ်ယောက်၏ ဘဝ
ပြိုလဲယိုင်နဲ့ပျက်စီးသွားနိုင်သည်။
ဒါ့ကြောင့် ပန်းပုဘဲထုပါ
ကတိမပြုပါနဲ့ နော်
ကျွန်တော့်ကို .........

ရေးသူ=ဆောင်းလရောင် (မော်လိုက် )
==============

ရေးသူ =mue hnin may(mandalay)
===================
"သတိရပေးပါ"
လပေါင်းများစွာကိုသတိရခြင်းတွေနဲ့ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးပါပြီ 
 မေ့မရတဲ့ အချိန်တွေကိုကျော်ဖြတ်ဖို့  အားအင်တွေပေးလှည့်ပါလားကွယ်  ငါပိုင်ဆိုင်တဲ့နေ့ရက်တွေလည်း နင့်ကြောင့်ပဲ... တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့ပါပြီ  နင်ကတော့တုန့်ပြန်မှုမပေးဘဲ  ရက်စက်စွာကျောခိုင်းရက်တယ်နှော် ... ပျော်သလိုသာခရီးဆက်ပါ ချစ်သူ .. နင်ပျော်တာကိုကြည့်ပြီးကျေနပ်နေမယ့်လူတစ်ယောက်  ကမ္ဘာပေါ်မှာသက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာသတိတော့ရပေးပါ...
ရေးသူ=မီးမီး
(ပေါင်းတည် )
သီဟထိုက်

7.12.58

ဈေးသက်သာသော Windows 10 ဖုန်း Lumia 550 ကို Microsoft စတင်ရောင်းချ





Lumia 550 အတွက် အမှာစာများ လက်ခံခဲ့ပြီးနောက် Microsoft က အဆိုပါ တန်ဖိုးနည်း Windows 10 Lumia ဖုန်းသစ်ကို ဥရောပတွင် စတင်ရောင်းချခဲ့သည်။ Lumia 550 ကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းရှိ အခြားဈေးကွက်များတွင် ရောင်းချ သွားမည် ဖြစ်သည်။

4G LTE အထောက်အပံ့ ပါဝင်ပြီး Windows 10 အသုံးပြုနိုင်သော Lumia 550 ၏ တန်ဖိုးမှာ ၁၃၉ ဒေါ်လာဖြစ်သည်။

၎င်းဖုန်းသည် Lumia 950 နှင့် 950 XL တို့၏နောက်တွင် မိတ်ဆက်ပေးခဲ့သော Microsoft ၏ တတိယမြောက် Windows 10 Lumia ဖုန်းဖြစ်သည်။

Lumia 550 တွင် ၄.၇ လက်မ 1,280 x 720-pxel display နှင့် 1.1GHz quad-core Qualcomm ပရိုဆက်ဆာကို အသုံးပြုထားပြီး 1GB RAM နှင့် 8GB internal storage ဖြင့်သုံးနိုင်သည်။ MicroSD card မှတစ်ဆင့် သိုလှောင်မှုပမာဏကို 200GB အထိ တိုးမြှင့်နိုင်သည်။ ကျောဘက်တွင် 5-megapixel ကင်မရာ ပါဝင်ပြီး အရှေ့ဘက်ကင်မရာက 2-megapixel ဖြစ်သည်။ အဆိုပါဖုန်းတွင် နေ့စွဲ၊ အချိန်၊ သတိပေးချက်များနှင့် ပြက္ခဒိန်တွင် ထည့်သွင်းထားသော ချိန်းဆိုမှုများကို standby mode တွင် ပြသနိုင်သည့် Glance Screen ပါဝင်သည်။

သို့ရာတွင် 950 နှင့် 950 XL တို့တွင် ပါဝင်သော Windows 10 feature နှစ်မျိုးကို Lumia 550 တွင် တွေ့မြင်ရမည် မဟုတ်ပေ။ ထို့အတွက်ကြောင့် မျက်နှာ သို့မဟုတ် လက်ဗွေကို အသုံးပြုကာ ဖုန်းကို unlock ပြုလုပ်နိုင်မည့် Windows Hello နှင့် ဖုန်းကို desktop PC အစားထိုးသုံးစွဲနိုင်မည့် Windows 10 Continuum တို့ကို အသုံးပြုနိုင်မည် မဟုတ်ပေ။
Lumia 550 ကို အနက်ရောင်၊ အဖြူရောင်ဖြင့် ရရှိနိုင်မည် ဖြစ်သည်။

Ref: CNET
Credit internetjournal

သီဟထိုက်

ကဗျာဂျာနယ် အမှတ်(၇)(၇.၁၂.၂၀၁၅)

ကဗျာကို နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်ဘဲ အမြဲဆောင့်ဖတ်နေရတဲ့ ကဗျာပို့စ်လေးတစ်ခုပါပဲ
နေ့စဉ်ပုံမှန်ကဗျာ၅ပုဒ်တင်ဖြစ်အောင် အကောင်းဆုံးကြိုစားပါမယ် ဆိုတာနဲ့ ဝေဖန်အကြံပြုလိုသည်ဖြစ်စေ / ကဗျာများရေးသားပေးပို့လိုသည် ဖြစ်စေ ph-0973151297 ကို ရေးသားသူ၏ အမည်၊နေရပ်လိပ်စာ ရေးသားပြီး   Viber မှဖြစ်စေ၊sms ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...နောက်ထပ်လည်း မည်သည့် လူတိုင်းအတွက်အကျိုးရှိစေမယ့်အစီအစဉ်ကောင်းလေးများဖန်တီးနိုင်အောင်လည်း အကြုံပြုနိုင်ပါတယ်ခင်ဗျာ... 
ဝေဖန်အကြုံချက်သည် ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ...
အ​ရောင်​ဖြူဝင်း၊ ရနံ့သင်း၍
အဆင်းလည်းလှ၊​ပြောမ၀​အောင်
များပြားလှသည်​၊​တော်​၀င်​သဇင်​.....
ရှေးယခင်​၊နန်းတွင်းဘုရင်
သူသာလျှင်​၊ရှိ​လေစွဟု
စိတ်​အာရုံတွင်​၊ဖမ်းယူစွဲငင်
ပြုနိုင်​စွမ်းပင်​၊​တော်​၀င်​သဇင်​.........
သူသာလျှင်​၊ဖြစ်​လာရန်​လည်း

အပင်​​ပေါ်အပင်​ဆင်​လို့၊​မြေ​ပေါ်မကျ
ပင်​မြင့်​ဖျားမှ၊ငွားငွားစွင့်
ဂုဏ်​ယူဝင့်​ထည်​၊ကျက်​သ​ရေရှိလှပါဘိ​၊​တော်​၀င်​သဇင်​.......
ဩော်​.....​ရွှေစံပယ်
အသင်​သည်​လည်း၊နှင်းရည်​ကို​သောက်
မြေမှာမြစ်​တွယ်​၊​ပေါက်​​ရောက်​ပါလည်း
သင်​၏ရနံ့၊​မွှေးပျံ့ပျံ့သည်
မြင်​သူတို့၏၊စိတ်​သဏာန်​၀ယ်​,
ကြည်​နူးရွှင်​လန်း​စေလိမ့်​မည်​။
ရေးသူ=ဇူး(​တောင်​တွင်းကြီး)
=============
'အလိမာ'
ငယ်တုန်းကလ္ဘက်ရည်ဆိုင်မှာ စားပွဲထိုးလေးငွေကိုင်သလို
စာရင်းအင်းပိုင်နိုင်စွါ
ငါတွက်နိုင်ချင်မိတယ်
သူငယ်ချင်းရီးစါးထားတဲ့အခါ
အယွင်းမှားမပါအောင်အလေးထားသလို
ငါလဲစါရေးသား တတ်ချင်မိခဲ့တယ်
ချစ်သူလေးများစါရေးသားတဲ့အခါ
ငါ့ကိုများပေးထားလာရင်
ကျွမ်းကျွမ်းကျင်ကျင်ငါဖတ်တတ်ချင်ခဲ့တယ်
ငါတပ်ထဲဝင်တဲ့အခါ
အရာရှိကြီးများစိုင်းထိုးကြပေမင့်
ငါ့မှာတော့ဝိုင်းထိုးတာကိုခံနေခဲ့ရတယ်
ခုတော့ငါရှေ့တန်းထွက်တဲ့အခါ်
မှတ်သားချက်ကိုနားမလည်မိလို့
မိုင်းကွင်းထဲငါဆင်းခဲ့မိတော့တယ်
သြော် ခုငါသေရတော့မယ်
စါတလုံးတော့တတ်ချမိပါတယ်....
 

ရေးသူ=KhinMaungWin
pone nar su 13.
BAGO
===========
"အလွမ်း"

တို့နှစ်ယောက်ဝေးသွားတဲ့နေ့ကစပြီး
တိတ်တခိုးရင်ခုန်သံနဲ့
နေ့ရက်တွေကိုအသက်ဆက်သူ

         ရေးသူ=  သွန်းဆစ်ကြယ်( ကော့ကရိတ်မြို့နယ် )
==========
"အချစ်ဝဋ်ကြွေး"
ချစ်သူ...
တကယ်ဆို   ဒို့တွေလမ်းခွဲခဲ့ကြပြီပဲ
 နေ့နေ့ညည မေ့မရခဲ့ပါဘူး
 မေ့ဖြောက်ဖို့ကြိုးစားတိုင်း
တိုးတိုးပြီးသတိရနေတဲ့  ငါ့စိတ်ကိုလည်းမုန်းတယ်
 မဖြစ်နိုင်တော့ဘူးဆိုကာမှ
သူလည်းပဲ ငါ့လိုသတိရနေမလားဆိုတဲ့ခပ်ကြောင်ကြောင်အတွေးတွေကြေင့်
ချစ်သူနဲ့ဝေးရာကို ထွက်ပြေးချင်ပေမယ့်
မင်းမရှိတော့တဲ့ အချိန်ကစပြီး
 ပျော်စရာတွေ ပျောက်ဆုံးသွားတဲ့
မနက်ဖြန်ဆိုတာကို  အတူကျော်လွှားရင်း
ဒါဟာဝဋ်ကြွေးတစ်ခုဖြစ်မယ်ဆိုရင် ဒီဘဝ ဒီမျှနှင့်သာကျေပါစေ
မသွားနိုင်တဲ့ ငါ့ရဲ့ခြေထောက်တွေကိုလည်းမုန်းတယ်
ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးရတဲ့  ဘဝကြီးမှာ
ငါဘာများ တတ်နိုင်မှာလည်းချစ်သူရယ်...
 
ရေးသူ=----(ပေါင်းတည်)
==========
ရေးသူ=လွမ်းကာရံ( စစ်​​တွေ
ရခိုင်​  )
 
 
 
 
 
သီဟထိုက်
========

Sleep Talk Recorder For IOS

 
Sleep Talk Recorder ဆိုသည့် app သည် ညဘက်အိပ်သည့်အချိန်တွင် ယောင်တတ်သည့်သူများအတွက် ညတိုင်း အိပ်နေသည့်အချိန်တွင် ယောင်၍ပြောသည့် စကားများကို မှတ်သားထားပေးနိုင်မည့် app တစ်ခုဖြစ်သည်။
အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.0 နှင့် အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခုလည်း ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit internetjournal
သီဟထိုက်

ဆပ်ပြာဖြင့် ဆေးကြောနိုင်သော စမတ်ဖုန်းတစ်မျိုးကို Kyocera မိတ်ဆက်





ဂျပန်ကုမ္ပဏီဖြစ်သည့် Kyocera သည် ဆပ်ပြာဖြင့် ဆေးကြော သန့်စင်နိုင်သော စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

Kyocera မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ အဆိုအရ ၎င်းဖုန်းကို Digno Rafre ဟုခေါ်ဆိုပြီး ၎င်းသည် ဆပ်ပြာမြှုပ်ရည်ဖြင့် ဆေးကြောနိုင်သော ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်းဖြစ်ကြောင်း သိရသည်။

Digno Rafre ကို ဂျပန်မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီ KDDI တွင် လာမည့်ရက်သတ္တပတ်၌ ဒေါ်လာ ၄၆၀ ဖြင့် ရောင်းချမည် ဖြစ်ကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။ သို့ရာတွင် အဆိုပါဖုန်းကို ဆပ်ပြာခဲဖြင့် ဆေးကြောသန့်စင်ခြင်း မပြုသင့်ဘဲ ဆပ်ပြာမြှုပ်ရည်ဖြင့်သာ ဆေးကြောသင့်ကြောင်း Kyocera မှ ပြောကြားသည်။

Digno Rafre စမတ်ဖုန်းကို ဂျပန်နိုင်ငံတွင်သာ ရောင်းချမည် ဖြစ်သည်။

Ref: FoxNews
Credit internetjournal
သီဟထိုက်

Myanmar Tower Company ကို မလေးရှား ကုမ္ပဏီ တစ်ခုက ဝယ်ယူ Monday, Decemb




စင်ကာပူအခြေစိုက် Digicel Asian Holdings မှတစ်ဆင့် Myanmar Tower Company ကို မလေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် Edotco Group Shn Bhd က ဝယ်ယူလိုက်သည်ဟု ၄င်းတို့ Edotco က သတင်း ထုတ်ပြန်လိုက်သည်။

Edotco သည် Myanamr Tower Company ၏ အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး Myanamr Tower Company ၏ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို Yoma Strategic Holding ကုမ္ပဏီက ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

Myanmar Tower Company ၏ လုပ်ငန်း လွှဲပြောင်းမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၂၁ သန်းရှိသည်ဟု ကုမ္ပဏီ၏ အောက်တိုဘာလ ထုတ်ပြန်ချက် များအရသိပြီး Edotco ကုမ္ပဏီ၏ ဝယ်ယူမှုတွင် Yama Strategic Holding ၏ ပိုင်ဆိုင်မှုများ ပါဝင်ခြင်း မရှိကြောင်း သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Edotco Group Shn Bhd သည် မလေးရှားအခြေစိုက် Axiata ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ တာဝါ တည်ဆောက်ခြင်းနှင့် တည်ဆောက်ပြီး တာဝါများ ငှားရမ်းပေး ခြင်းစသည့်လုပ်ငန်းများကို လုပ်ကိုင်နေသည့် Myanmar Tower Company ၏ အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

Myanmar Tower Company ၌ တာဝါဆိုဒ်ပေါင်း ၁၂၅၀ ကိုပိုင်ဆိုင်ထားပြီး ဝန်ထမ်းအင်အား ၂၀၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်နေသည်ဟု ၄င်းတို့ ဝက်ဘ်ဆိုက် စာမျက်နှာ၌ ဖော်ပြထားသည်။ တာဝါ တည်ဆောက်ခြင်း ကုန်ကျစရိတ်များ ပြားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တာဝါကောင်းကောင်းတစ်တိုင်အတွက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁ သိန်းခန့်ရှိနိုင်ကြောင်း ဆက်သွယ်ရေးလုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကပြောသည်။

Edotco ကို ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မလေး ရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား၊ သီရိလင်္ကာ နှင့် ပါကစ္စတန် စသည့်နိုင်ငံများတွင် တာဝါတိုင်ပေါင်း ၁၅၀၀၀ ဖြင့် လုပ်ငန်း လည်ပတ် လုပ်ကိုင်နေကြောင်း သိရသည်။

Credit  internetjournal
သီဟထိုက်

Toshiba ၏ image sensor လုပ်ငန်းကို ဒေါ်လာ ၁၅၅ သန်းဖြင့် Sony ဝယ်ယူ





Sony သည် Toshiba ၏ image sensor လုပ်ငန်းကို ယန်း ၁၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၅ သန်း) ဖြင့် ဝယ်ယူခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် အောက်တိုဘာလက ကောလာဟလအနေဖြင့် ပထမဦးဆုံး ထွက်ပေါ်လာခဲ့သော်လည်း ယခုအခါတွင် ဝယ်ယူမှုကို တန်ဖိုးနှင့်တကွ Sony မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Toshiba ၏ စက်ရုံ၊ ပစ္စည်းကိရိယာများနှင့် ဝန်ထမ်းများကို၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွင်း Sony ထံ လွှဲပြောင်းပေးရမည် ဖြစ်သည်။ အဆိုပါ စက်ရုံသည် image sensor များကို အဓိကထုတ်လုပ်မည့် Sony ၏ ဌာနခွဲသစ်ဖြစ်သော Sony Semicondcutor Corporation လက်အောက်တွင် လည်ပတ်လုပ်ဆောင်မည် ဖြစ်သည်။

Sony သည် high-end ကင်မရာများအတွက် sensor ဈေးကွက်တွင် အောင်မြင်မှုရရှိနေရုံသာမက ၎င်း၏ ကင်မရာအစိတ်အပိုင်းများကလည်း စမတ်ဖုန်းများတွင် အားထားစရာအရာတစ်ခုအဖြစ် သက်သေပြနိုင်ခဲ့သည်။ Apple, Google နှင့် Xiaomi အပါအဝင် ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်အချို့တွင် Sony sensor များကို အသုံးပြုထားသည်။

Ref: TheVerge
Credit  internetjournal

သီဟထိုက်

OPPO Neo 7 ဝယ်ယူတာနဲ့ MPT ရဲ့ ခြောက်လ ဆက်တိုက် အင်တာနက် အခမဲ့သုံးစွဲခွင့်ရရှိနိုင်ပြီ





OPPO Neo7 ဖုန်းဝယ်ယူ အသုံးပြုသူများ အတွက် ကျပ်နှစ်သောင်း တန်ဖိုးရှိ ဆုလက်ဆောင်ငါးမျိုး ပေးသွားမည့် အစီအစဉ်အား ပြုလုပ်ပေးခဲ့ပြီးနောက် ယင်း ဆုလက်ဆောင်များ အပြင် OPPO မှ မြန်မာ့ဆက်သွယ်ရေး MPT နှင့်အတူ ပူးပေါင်းကာ အထူးအစီအစဉ်တစ်ခုအား ထပ်မံ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်မှာ Neo 7 ၀ယ်ယူသူ များအနေဖြင့် ကျပ်နှစ်သောင်းတန်ဖိုးရှိ ဆုလက်ဆောင်များအပြင် MPT Sim ကတ်တစ်ကတ်နှင့်အတူ 777MB ပမာဏရှိ အင်တာနက် သုံးစွဲခွင့်အား လစဉ်  ၆ လ ဆက်တိုက် အခမဲ့ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

“MPT အနေနဲ့ OPPO Myanmar နဲ့ ပူးပေါင်းပြီး အခုလို ပြည်တွင်းက မိုဘိုင်းဖုန်းသုံးစွဲသူတွေ ကြိုက်နှစ်သက်မယ့် လက်ဆောင်အစီအစဉ်ကို ပြုလုပ်ပေးနိုင်တဲ့ အတွက် စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ မိုဘိုင်းဆက်သွယ်ရေး နယ်ပယ်မှာ ဦးဆောင်နေတဲ့ MPT နဲ့ OPPO တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေကို ထူးခြားတဲ့ လက်ဆောင် အစီအစဉ်တွေ ပေးချင်တာပါ” ဟု MPT-KSGM Joint Operation မှ Mr. Koichi Kawase, Chief Commercial Officer မှ ပြောသည်။

OPPO Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. David Tang က လည်း “မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းဈေး ကွက်အတွင်းမှာ လူငယ်တွေကြား ရေပန်းစားနေတဲ့ OPPO Neo 7 အနေနဲ့ MPT နဲ့ လက်တွဲပြီး ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူတွေအတွက် အခုလို အခမဲ့ အင်တာနက် သုံးစွဲခွင့်တွေကို ပြုလုပ်ပေးနိုင်တဲ့ အတွက် အများကြီးဝမ်းသာမိပါတယ်” ဟု ပြောသည်။
OPPO Neo 7 နှင့် MPT တို့ ပူးပေါင်းပြုလုပ်သည့် အထက်ပါ ဆုလက်ဆောင် အစီအစဉ်များကို ရရှိသူများအနေဖြင့် မိမိတို့ ဖုန်းတွင် တစ်လလျှင်အနည်းဆုံး ဖုန်း အတွင်း ဖြည့်သွင်းငွေ တစ်ထောင်ကျပ် ထည့်သွင်းထားရမည် ဖြစ်သည်။

မျက်နှာပြင်အကျယ် ၅.၅ လက်မရှိ OPPO Neo7 ဖုန်းအား ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်သို့ ၂၀၁၅ နိုဝင်ဘာလတွင် ကျပ် ၁၉၉,၀၀၀ ဖြင့် စတင်ရောင်းချခဲ့ပြီး Neo 7 ၏ Product Ambassador များအဖြစ် နိုင်ငံကျော် အဆိုတော် မျိုးကြီး၊ ခင်ဝင့်ဝါနှင့် ရဲရင့်အောင်တို့ကို ခန့်အပ်ခဲ့ပြီးဖြစ်သည်။

Credit internetjournal
သီဟထိုက်

၆ လက်မ display ပါဝင်သော Asus ZenFone 2 Laser ကို အိန္ဒိယတွင် မိတ်ဆက်





Asus သည် ZenFone 2 Laser အမျိုးအစားသစ်တစ်မျိုးကို အိန္ဒိယနိုင်ငံတွင် မိတ်ဆက်ပေးခဲ့သည်။ ယခင်က ၅ လက်မနှင့် ၅.၅ လက်မ အမျိုးအစားများ ဖြန့်ချိခဲ့သော အဆိုပါ စမတ်ဖုန်းကို ၆ လက်မ display ပါဝင်သော အမျိုးအစားသစ်အဖြစ် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

၆ လက်မ ZenFone 2 Laser တွင် Gorilla Glass 4 အသုံးပြုထားသော Full HD display ပါဝင်သည်။ 1.7GHz Cortex A53 CPU နှင့် Adreno 405 GPU ပါဝင်သော Qualcomm ၏ Snapdragon 616 octa-core SoC သစ်ကို အသုံးပြုထားပြီး RAM က 3GB ဖြစ်ကာ သိုလှောင်မှုပမာဏက 32GB ဖြစ်သည်။ MicroSD slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်သည်။

ဖုန်း၏ ကျောဘက်တွင် f/2.0 lens နှင့် laser autofocus ဖြင့် သုံးနိုင်သော 13MP ကင်မရာပါဝင်သည်။ Selfie ဓာတ်ပုံများ ရိုက်ကူးခြင်းအတွက် 5MP ကင်မရာဖြင့် ပြုလုပ်နိုင်သည်။ ZenFone 2 Laser တွင် LTE ကွန်ရက်များကို အထောက်အပံ့ပေးနိုင်ပြီး Wi-Fi 802.11 b/g/n, Bluetooth 4.0 ဖြင့် သုံးနိုင်သည်။ ဘက်ထရီအနေဖြင့် ဖြုတ်နိုင်တပ်နိုင်သော 3000mAh Li-Po ကို အသုံးပြုထားသည်။ Operating system က Android 5.1 Lollipop ဖြစ်ပြီး Asus Zen UI 2.0 ဖြင့် သုံးနိုင်သည်။ အဆိုပါ ဖုန်းကို အနီရောင်၊ ငွေရောင်၊ ရွှေရောင်တို့ဖြင့် ရရှိနိုင်သည်။

ZenFone 2 Laser ကို Flipkart, Amazon နှင့် Snapdeal တို့တွင် အမေရိကန်ဒေါ်လာ ၂၇၅ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်သည်။

Ref: AndroidAuthority
Credit internetjournal

သီဟထိုက်

ဆွေသဟာရဲ့ဆွေသဟာ promotion အစီအစဉ်ကို စတင်လိုက်ပါပြီ...





မင်္ဂလာပါ ဆွေသဟာ ရဲ့ ဆွေသဟာ promotion အစီအစဉ်နဲ့မိတ်ဆတ်ပေးချင်ပါတယ်ခင်ဗျာ

ကျွန်တော်တို့ ဆွေသဟာ Mobile မှ လူကြီးမင်းတို့ကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ယခုမှစပြီး promotion များကိုပုံစံအမျိုးမျိုးဖြင့် promotion ချပေးမှာဖြစ်ပါတယ်
pormotion များကတော့...

ဝယ်ယူသူများအတွက် ဆိုင်မှမည်သည် ပစွည်းဝယ်ယူသည်ဖြစ်စေ 3000 ဖိုးနှင့်အထက်ဝယ်ယူအားပေးပါက မိမိတို့ ဖုန်းထဲကို (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ပစွည်းပြင်ဆင်သူများအတွက် ဆိုင်မှ မည်သည့် Software or Hardware ပြင်ဆင်မူဖြစ်စေ ပြင်ဆင်မူ ၅၀၀၀ ကျသင့်ပါက (၅၀၀၀ ဆို ၁၀၀၀ / ၁၀၀၀၀ ဆို ၂၀၀၀/၂၀၀၀၀ ဆို ၃၀၀၀ / ၄၀၀၀၀ ဆို ၄၀၀၀
နှင့် ၅၀၀၀၀ ဆို ၁၀၀၀၀ ပြန်လည်အမ်းပေးသွားမှာဖြစ်ပါတယ်။
ထို့နောက်

အသက်ကြီးရွယ်အို သံဃာတော်အရှင်သူမြတ်များ
မသန်မစွမ်းသူများ
ပင်စင်စား လူကြီးများအတွက်
Software ပြင်ဆင်မူအပိုင်းတွင် ၂၀၀၀ ဖိုးနှင့်အထက် ပြင်ဆင်ပါက ပြင်မူစရိတ်တိုင်းတွင် ၁၀၀၀ စီလျော့ပေးပြီး (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ချစ်သူစုံတွဲများ
သူငယ်ချင်းမိတ်ဆွေများ(အနည်းဆုံးနှစ်ယောက်လာရပါမည်)
ညီအကို မောင်နှမများ (အနည်းဆုံးနှစ်ယောက်လာရပါမည်)
အလုပ်ယူနီဖောင်းဝတ်ထားသူမည်သူမဆို
ကျောင်းသား ယူနီးဖောင်းဝတ်ထားသူမည်သူမဆို
များကို
Software ပြင်ဆင်မူအပိုင်းတွင် ၂၀၀၀ ဖိုးနှင့်အထက် ပြင်ဆင်ပါက ပြင်မူစရိတ်တိုင်းတွင် ၁၀၀၀ စီလျော့ပေးပြီး (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ယခုတစ်ခေါက် promotion ၏ထူးခြားမူအနေနဲ့ promotion ကာလအတွင်း (မြို့တွင်းTaxi မောင်းသူ)မိတ်ဆွေများကို ၅၀၀၀ ဖိုး Software Service ကို အခမဲ့ပြင်ဆင်ပေးနေမှဖြစ်ပါတယ်။ ။
(မှတ်ချက်။ ။မိမိ မောင်းသည့် Taxi ကိုယူဆောင်လာရမည်ဖြစ်ပြီးနေ့စဉ် နေ့လယ် 12 နာရီမှ ညနေ 5:00 ထိသာ)

Promotion ၏ မှတ်ချက်။ ။ ယခု promotion သည် 7.12.2015 မှ 16.12.2015 ထိသာ အကျူံးဝင်ပြီးလာရောက်သူများအားလုံးသည် ယခုကြော်ငြာကို မိမိတို့ deviceမှပြသနိုင်မှ promotion ရရှိမှာဖြစ်ပါတယ်။ ။
ဖုန်း-09-73151297(မြောက်ဒဂုံ ၃၅ မှတ်တိုင်အနီး)

4.12.58

Lost City Hidden Object For Android





Lost City Hidden Object ဂိမ်း app သည် ဝှက်ထားသည့် ပစ္စည်းများကို ရှာဖွေ၍ ကစားရမည့် ဂိမ်းအမျိုးအစား တစ်ခုဖြစ်သည်။ အခန်းများအတွင်း ဝင်ရောက်၍ ဝှက်ထားသည့် ပစ္စည်းများကို ရှာဖွေပေးပြီး Level ပြီးဆုံးအောင် ကစားပေးရမည်ဖြစ်သည်။
Download ပြုလုပ်လိုသူများအနေနှင့် Play Store တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 41 MB ခန့်ရှိမည်ဖြစ်သည်။ Android version 2.3 နှင့်အထက် device များတွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Google play မရှိသူများအတွက် ဒီနေရာကို နှိပ်ပါ ။

Crediit internetjournal

သီဟထိုက်

Foto Text For Android

 
Foto Text ဆိုသည့် app သည် ဓာတ်ပုံများတွင် စာများရေးထိုးပေးနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app တွင် စာရေးထိုးနိုင်မည့် ဒီဇိုင်းပေါင်းများစွာကို ထည့်သွင်းပေးထားပြီး အရောင်များ ချိန်ညှိနိုင်စေရန်အတွက်လည်း စီစဉ်ပေးထားသည်။

Foto Text app ကို ယခင်က Play Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြု ခွင့် ရရှိမည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ Android version 4.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Google Play မရှိသူများ ဒီနေရာကို နှိပ်ပါ။

သီဟထိုက်
My Facebook

 

ကဗျာဂျာနယ် အမှတ်(၆)(5.12.2015)

 
 
မတင်ဖြစ်တာတောင် တော်တော်ကြီးကို ကြာသွားပါတယ် အကြောင်းအမျိုးမျိုးကြောင့်မတင်ဖြစ်ခဲ့တာပါ
ကဗျာကို နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်ဘဲ အမြဲဆောင့်ဖတ်နေရတဲ့ ကဗျာပို့စ်လေးတစ်ခုပါပဲ
နေ့စဉ်ပုံမှန်ကဗျာ၅ပုဒ်တင်ဖြစ်အောင် အကောင်းဆုံးကြိုစားပါမယ် ဆိုတာနဲ့ ဝေဖန်အကြံပြုလိုသည်ဖြစ်စေ / ကဗျာများရေးသားပေးပို့လိုသည် ဖြစ်စေ ph-0973151297 ကို ရေးသားသူ၏ အမည်၊နေရပ်လိပ်စာ ရေးသားပြီး   Viber မှဖြစ်စေ၊sms ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...
ချစ်သူ...
နင့်ကိုအရမ်းချစ်တာသိရက်နဲ့ထားသွားခဲ့တယ် ..
အရမ်းလွန်းရတာသိရက်နဲ့
ဖြေသိမ့်စကားမပြောတဲ့နင့်ကို..ငါမမုန်းပါဘူး
 ငါ့ရင်ခွင်မှာ မပျော်တဲနင်
အခြားရင်ခွင်မှာပျော်ရွှင်ပါစေ..ချစသူ...
ရေးသူ-ရှင်မွှေးလွန်း(နမ့်စန်)
+++++
... ဘ၀...
ခန်းနားချင်တယ်
ဆန်းပြားတဲ့လောကကြီးမှာ 
တစ်လှမ်းသွားတိုင်း ရန်များနေခဲ့တယ်
ကြမ်းတမ်းတဲ့ဘ၀လမ်း ဘယ်သူများလျောက်လှမ်းချင်ပါမလဲ
မခန်းနားခဲ့လို့စမ်းတ၀ါးတ၀ါးသွားနေမှာလား
ပေတစ်ရာလမ်းရဲ့နေရာအနံ့ရောက်ခဲ့ပြီးပါပြီ..
မသေချာတဲ့နေ့ရက်တိုင်းအတွက်..
ငါအဖြေရှာနေအုံးမယ်..
 
ရေးသူ-sar"4"kyaw
 
 
+++++
 
 ချစ်ဆုံး ချစ်ဆုံး..
အမူတုံးက
စကားချင်းဖလယ်
အချစ်နယ်ပယ်သို့
ရောက်အောင်သူချွဲ
အောင်သည့်ပွဲတွင်
အသဲကိုခင်း
သူလျေက်နင်းပြီး
အပြီးစွန့်ခွာသွားလေတယ်...
 
ရေးသူ=ရန်နိုင်(ဖျာပုံ)
 
 
++++++
 
 
ရင်တွင်း ဖြစ်နှင်းဆီ
~~~~~~~~~~~~
အညတရရဲ့ ချစ်ခြင်းမျက်ရည်
မင်းရက်စက်စွာ ခြေထောက်ဆေးလို့
ငါ့ဘ၀ရဲ့နှင်းဆီရေ
မင်းကိုချစ်ခဲ့သမျှ
သဲရေကျပြီးဆုံးခဲ့ရင်
ငါ့ဘ၀...
တခန်းရပ် ငိုချင်းဇာတ်နဲ့
ရင်တွင်းဖြစ်မှတ်တမ်းလေး
ငါ့နှလုံးသားမှာ..
သက်ဆုံးတိုင်ကဗည်းထိုးထားပါ့မယ် ။
နှင်းဆီရေ.....။
 
ရေးသူ=ဇော်နိုင်လင်း(ပခုတ်ကူနယ်သားလေး-မီချေင်းတွင်း)
 
+++++++
 
 အပြစ်မရှာတဲ့ မင်း....
                            အရူံးများနှင့် ရင်ဆိုင်ရချိန်မှာ 
နောင်တတရားတွေလက်ဝယ်ရင်း.....
                                ရိုက် ရိုက်ကာငိုကြွေးမနေပါနဲ့
တိတ်တိတ်ကြွေကွဲ မျက်ရည်ဝဲနှင့်
                  အားမာန်ဖြည့်ကာ ပြုံးစမ်းပါ
ရေးသူ=nai(သဖန်း)
 
 
သီဟထိုက်