ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

6.12.59

Samsung Galaxy မိုဘိုင်းဖုန်းများအတွက် Year-End Mega Sales ပြုလုပ်မည်

Samsung မိုဘိုင်းဖုန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဝယ်ယူသူများအတွက် Year-End Mega Sales နှင့် Samsung Golden Lucky Draw အစီအစဉ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ Samsung Galaxy မိုဘိုင်းဖုန်းများအတွက် Year-End Mega Sales အစီအစဉ်အား ဒီဇင်ဘာလ ၆ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းများအတွက် Samsung Golden Lucky Draw အစီအစဉ်အား ဒီဇင်ဘာလ ၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။



သီဟထိုက်   

တရုတ်နိုင်ငံရှိ iPhone များ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဟုဆို

တရုတ်နိုင်ငံရှိ iPhone သုံးစွဲသူတချို့၏ ဟန်းဆက်များသည် မီးလောင်ခြင်းနှင့် ပေါက်ကွဲခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တရုတ်ပြည်ရှိ စားသုံးသူကာကွယ်ရေးအဖွဲ့အစည်းဖြစ်သော ရှန်ဟိုင်းစားသုံးသူကောင်စီက လအနည်းငယ်အတွင်း iPhone ကို အသုံးပြုစဉ် သို့မဟုတ် အားသွင်းစဉ် မီးလောင်မှုဖြစ်ပေါ်သည့် အစီရင်ခံစာ ၈ ခု ရရှိထားကြောင်း ပြောကြားခဲ့သည်။ ၎င်းအဖွဲ့အစည်းက တိုင်ကြားချက်များကို ဖြေရှင်းရန် ကူပါတီနိုမြို့အခြေစိုက် Apple ထံ တောင်းဆိုထားသည်။

အဆိုပါ အစီရင်ခံစာကို ရှန်ဟိုင်းစားသုံးသူကောင်စီက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ သြဂုတ်လက သူမ၏ iPhone 6s Plus ပေါက်ကွဲခဲ့ကြောင်း အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ အမျိုးသမီး၏ iPhone မှာ မျက်နှာပြင်ကွဲသွားခဲ့ကာ ဖုန်းနောက်ကျောနှင့် ဘက်ထရီမှာ ပျက်စီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Apple သည် ၎င်းအမျိုးသမီးကို ဖုန်းသစ်လဲလှယ်ပေးခဲ့သော်လည်း ဖြစ်ပွားရသည့် အကြောင်းအရင်းကို ပြောကြားခဲ့ခြင်းမရှိကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
Apple သည် သုံးစွဲသူများအတွက် တာဝန်ယူသင့်ကြောင်းနှင့် တိုင်ကြားချက်များကို အချိန်မီကိုင်တွယ်သင့်ကြောင်း၊ သို့သော်လည်း သုံးစွဲသူများစွာ၏ တိုင်ကြားချက်များကို ထိရောက်စွာ ဖြေရှင်းခြင်း မရှိကြောင်း ကောင်စီမှ ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်လအတွင်း Apple သို့ ပေးပို့သော တိုင်ကြားချက်များမှာ ခြောက်ဆအထိ မြင့်တက်လာကြောင်း ကောင်စီက ပြောကြားထားသည်။ ထိုတိုင်ကြားချက်တွင် ဘက်ထရီအားပြည့်နေသော်လည်း iPhone 6 နှင့် 6s ရုတ်တရက်ပိတ်သွားသည့် ကိစ္စများလည်း ပါဝင်နေသည်။
iPhone နှင့်ပတ်သက်၍ တိုင်ကြားချက်ပေးပို့ခဲ့သော iPhone သုံးစွဲသူများ၏ တည်နေရာကို ကောင်စီက မဖော်ပြခဲ့ပေ။ Apple သည် မမျှော်လင့်ဘဲဖုန်းပိတ်သည့် ပြဿနာကို ဖြေရှင်းရန် တရုတ်နိုင်ငံရှိ သုံးစွဲသူများအတွက် iPhone 6s ဘက်ထရီများကို လဲလှယ်ပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။
Ref: DailyMail

Tags: 

Slithice The Naga Siren

Dota Hero တွေကို Strength, Agility နဲ့ Intelligence ဆိုပြီး Attribute သုံးမျိုးခွဲကာ ပိုင်းခြားထားပါတယ်။ ဒီ Attribute မျိုးကွဲတွေထဲကမှ Strength Hero အများစုကို Durable နဲ့ Initiator များအဖြစ်လည်းကောင်း၊ Agility Hero တွေကို Carry များအဖြစ် လည်းကောင်း၊ Intelligence Hero တွေကိုတော့ Support နဲ့ Nuker ဟူ၍ လည်းကောင်း ယေဘုယျခွဲခြားလေ့ ရှိပါတယ်။ ဒီလို ခွဲခြားကြတဲ့အခါမှာ Agility Hero တွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်ဟာ Carry များအဖြစ် သတ်မှတ်လေ့ ရှိပါတယ်။ Support Hero မရှိသလောက် နည်းပါးတဲ့ Agility Attribute Hero တွေထဲမှာ ကစားပွဲတစ်ပွဲကို အဓိကအဆုံးဖြတ်ပေးမယ့် Late Game Hard Carry အဖြစ် သတ်မှတ်လို့ရတဲ့ Hero တစ်ကောင်ဟာတစ်ဖက်မှာ Early/ Mid Game Support Hero တစ်ကောင် အဖြစ်လည်း လူအများ လက်ခံထားပါတယ်။ သူကတော့ Melee Agility Hero တစ်ကောင်ဖြစ်တဲ့ Slithice The Naga Siren ပဲ ဖြစ်ပါတယ်။ Inventory ၆ ကွက်သုံးလို့ ရတဲ့ Carry ချင်းတူတူမှာတောင် Late Game Potential အတွက် အဓိကကျတဲ့ Ability ဖွဲ့စည်းပုံရှိတဲ့ Hero တစ်ကောင်ဖြစ်ရုံမက အဆိုပါ Ability များကပင် Disable, Pushing အပြင် Strong Initiation Ability တွေ ဖြစ်နေတဲ့ အတွက်ကြောင့် Support Hero အဖြစ် ဆော့ဖို့ လုံလောက်နေပါတယ်။ ဒါပေမဲ့ Naga Siren ဟာ Premium တန်းတွေမှာ Situational Hero တစ် ကောင်ဖြစ်နေရုံမကဘဲ Public Match တွေမှာလည်း သူမထက် Popular ပိုဖြစ်တဲ့ Carry Hero များစွာ ရှိနေသည့်အတွက်ကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Popular ဖြစ်မှုနှုန်းအမှတ်စဉ် ၁ဝဝ အတိမှာ ရပ်တန့်နေတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။
Abilities
Mirror Image

Dota မှာ ကိုယ်ပိုင် Illusion ဖန်တီးနိုင်တဲ့ Hero ၅ ကောင်ခန့်သာရှိပြီး Naga Siren ဟာ ၎င်းတို့ထဲက တစ်ကောင် ဖြစ်ပါတယ်။ သူမရဲ့ Mirror Image ကတော့ မိမိယူလိုက်တဲ့ အဆင့်အလိုက် 25%/ 30%/ 35%/40% Damage Deal ရှိမှာ ဖြစ်ပြီး Damage Taken ဟာလည်း များများယူလေ 600%/ 500%/400%/ 300% ဆိုပြီး နည်းပါးသွားမှာဖြစ်ပါတယ်။ ပုံသေ Cooldown 40 seconds နဲ့ Duration 30 seconds အသီးသီး ရှိပါတယ်။ Mirror Image ရဲ့ အားသာချက် တစ်ခုကတော့ Cast Point 0.65 second ခန့် ကြာမြင့်ခြင်းပဲဖြစ်ပါတယ်။ အကြောင်းက အဆိုပါ 0.65 second အတွင်းမှာ Naga Siren အနေနဲ့ Invulnerable ဖြစ်နေတဲ့အတွက်ကြောင့် Enemy Team က တိုက်ခိုက်တဲ့ Ability အများစုကို အလွယ်တကူ အချိန်ကိုက် အသုံးပြုပြီး ရှောင်ရှားနိုင်တဲ့ အတွက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အပတ်က ရေးသားခဲ့သော Lotus Orb မှာ ပါဝင်တဲ့ Basic Dispel ဟာလည်း Naga Siren ရဲ့ Mirror Image ကို အသုံးပြုလိုက်တိုင်းမှာရရှိစေမယ့် အားသားချက် ကလေးကလည်း ရှိပါသေးတယ်။
Ensnare
Naga Siren ရဲ့ Disable Ability တစ်ခုဖြစ်တဲ့ Ensnare ကတော့ Enemy hero တစ်ကောင်ကို Root လုပ်ပေးမယ့် Single Target Disable Ability ပဲဖြစ်ပါတယ်။ Root Ability ဆိုတာကတော့ ပုံမှန် Stun တွေလောက် မပြင်းထန်ပေမယ့် အသုံးပြုခံရတဲ့ Enemy Unit အနေနဲ့ Movement Speed ကို 0 အထိ လျှော့ချလိုက်မှာ ဖြစ်ပါတယ်။ အားသာချက် များကတော့ Channeling Ability တွေကို ရပ်တည့်ပေးနိုင်ခြင်းနဲ့ Ensnare မိထားတဲ့ Enemy Hero ဟာ Invisible Unit တစ်ခုဖြစ်နေရင် Vision မြင်ရမယ့် True Sight Aura ရရှိစေမယ့်အချက်ပဲ ဖြစ်ပါတယ်။ Root ဟာ Blink နဲ့ဆိုင်တဲ့ Ability နဲ့ Item တွေအပြင် ခြွင်းချက် Ability တွေဖြစ်တဲ့ Charge of Darkness, Trick of the Trade, Teleportation, Shape Shift စတဲ့ Ability တွေကို အသုံးမပြုနိုင်အောင် ပိတ်ပေးထားမှာ ဖြစ်ပါတယ်။ များများတင်ရင် Mana Cost ဟာ 120 အထိတိုးသွားမှာဖြစ်ပေမယ့် ပုံသေ Cooldown 12 seconds နဲ့ Duration ကတော့ 2/3/4/5seconds ဆိုပြီး တိုးလာမှာ ဖြစ်ပါတယ်။ Ensnare ပစ်လွှတ်လိုက်တဲ့အချိန်မှာ Naga Siren ရဲ့ AoE 900 အတွင်း Mirror Image တွေ ရှိနေမယ်ဆိုရင်တော့ အဆိုပါ Illusion တွေကပါ Ensnare ပစ်သယောင် ဟန်ဆောင်ပေးမှာဖြစ်ပါတယ်။
Rip Tide
Nuke Ability တစ်ခုဖြစ်ရုံမကဘဲ AoE Armor Reduction ပါ ပါဝင်တဲ့ Rip Tide ကတော့ Naga Siren Player အားလုံးနီးပါးက Level 7 ဂိတ်ဆုံးတင်လေ့ရှိတဲ့ Instant Ability အမျိုးအစား ဖြစ်ပါတယ်။ နှိပ်သုံးလိုက်တာနဲ့ Naga Siren နဲ့ ၎င်းရဲ့ Illusion တွေရဲ့ အနီးတစ်ဝိုက် 320 AoE အတွင်းမှာ 100/ 140/ 180/ 220 Magical Damage ကို သက်ရောက်သွားစေ မှာ ဖြစ်ပြီး 8 seconds ကြာမြင့်မယ့် 2/3/4/5 Armor Reduction ကိုလည်း သက်ရောက်စေဦးမှာပါ။ Illusion တစ်ခုချင်းစီ တိုင်းမှာပါ Rip Tide အသုံးပြုမှာဖြစ်ပေမယ့် Illusion တွေစုဝေးနေတဲ့ အခြေအနေမျိုးမှာ တစ်ခုထက်ပိုသော Rip Tide တွေက Multiple Rip Tide ဆိုပြီး Stack မဖြစ်စေပါဘူး။ ဒါကြောင့် Rip Tide ၃ ခုလောက် တပြိုင်တည်းထိသွားလို့ 660 Magical
Damage, -15 armor reduction ဆိုပြီး မရရှိနိုင်ပါဘူး။
Ultimate Song of the Siren AoE အကြီးမားဆုံး Ultimate Song of the Siren ဟာ 1250 AoE အတွင်းက Enemy Unit တွေနဲ့ Building တွေပါမကျန် အိပ်ပျော်သွားစေမယ့် AoE Initiation
Ability တစ်ခုပဲ ဖြစ်ပါတယ်။ အသုံးပြုဖို့ Cast Point 0.8 seconds လိုအပ်မှာဖြစ်ပြီး Spell Immune Enemy တွေအပေါ်ကိုတော့ သက်ရောက်နိုင်စွမ်း မရှိပါဘူး။ Song of the Siren သက်ရောက်ခံရတဲ့ Enemy အားလုံးက Invulnerable ဖြစ်သွားမှာဖြစ်ပြီး Song of the Siren ကို Naga Siren မှ စိတ်တိုင်းကျ ရပ်တန့်နိုင်စွမ်းရှိပါတယ်။ များများတင်လေ Cooldown ဟာ 180 ကနေ 60 အထိ သိသိသာသာကျဆင်းသွားမှာဖြစ်ပါတယ်။
Aghanim’s Scepter Upgrade
ကမ္ဘာအဝှမ်းက Naga Siren ကစားသမားတွေ အတွက်တော့ Aghanim’s Scepter ဟာ ပေါ်ပြူလာဖြစ်မှုအမှတ်စဉ် ၂၈ မှာ ချိတ်လျက်ရှိပြီး Inventory ၆ ကွက် အပြည့်ထည့်ကာ ဆော့ရတဲ့ Carry Hero တစ်ကောင်ဖြစ်လို့ Support ဆန်တဲ့ Aghanim’s Scepter ဟာ Pub Game တွေမှာ မြင်ရခဲတဲ့ Item ရွေးချယ်မှု ဖြစ်ပါ တယ်။ Song of the Siren ဟာ 7 seconds Duration ရှိပြီး Aghanim’s စပ်ထားပါက အဆိုပါ 1250 AoE Ultimate ဟာ AOE အတွင်းက Allied unit တွေကို တစ်စက္ကန့်လျှင် 10% Max Hp ပမာဏနဲ့ 7 seconds အကြာမှာတော့ 70% သော Healing ကို
ရရှိစေမှာဖြစ်ပါတယ။ Jugger-naut ရဲ့ Healing Ward လိုမျိုးပင် Upgraded Song of the Siren ဟာ တစ်ဖက်အသင်းကို တိုက်ခိုက်နိုင်ဖို့အတွက် Initiating လုပ်နိုင်ရုံမကဘဲ မိမိ Allied Hero တွေကို Fountain ပြန်လည်ရောက်သွားအောင် Heal ပေးလိုက်တာနဲ့ ညီမျှပါတယ်။
Overview
Naga Siren ကို အများစုကတော့ Support တစ်ကောင်ဆိုတာထက် Carry အဖြစ် လက်ခံဆဲပါပဲ။ Carry Naga Siren  အနေနဲ့ ၎င်းရဲ့ Pusher Role ကို တိုက်ရိုက်သက်ရောက်စေမယ့် Boots of Travel ကို ဦးစွာ ရွေးချယ်သင့်ပါတယ်။ ကစားပွဲအစောပိုင်းမှာတော့ Last Hit လုပ်ရတာ ခက်ခဲကောင်းခက်ခဲ နိုင်ပေမယ့် Mirror Image နဲ့ Rip Tide တို့ ဂိတ်ဆုံးသွားချိန်မှာတော့ တစ်ချိန်
တည်းမှာ Jungle Creep ၃ အုပ်လောက်အောင်ကို Rip Tide အသုံးပြု ပြီး တစ်ပြိုင်တည်းစားနိုင်မယ့် အားသားချက် ရှိပါတယ်။ ဒါကြောင့် Naga Siren Player အားလုံးနီးပါးဟာ Late Game အ
တွက် ရည်ရွယ်ပြီး မိမိရဲ့ Illusion တွေကို Jungle Creep များကြားသို့ လွှတ်ပေးကာ အချိန်အတိုအတွင်း Last Hit များများရစေဖို့ Radiance ကို ဦးစားပေးစပ်ရခြင်း ဖြစ်ပါတယ်။ Illusion Hero တွေရဲ့ထုံးစံအတိုင်း Agility အပြင် Attribute တွေကိုပါပေးမယ့် Diffusal Blade+ Manta Style ဟာလည်း ရွေးချယ်သင့်တဲ့ Core Item Build တွေဖြစ်ပါတယ်။ Radiance+ Rip Tide
ကနေဖြစ်ပေါ်လာမယ့် Magic Damage တွေကနေ တစ်ဆင့် Healing ဖြစ်စေဖို့ Octarine Core ကို ရွေးချယ်ခြင်းဟာ ပုံမှန်မြင်တွေ့နေ ရလေ့ရှိသလို Naga Siren အတွက် Farming Potential
ကို တိုးမြှင့်စေဖို့ Mirror Image ရဲ့ Cooldown ကိုလည်း Duration နဲ့ ကွက်တိဖြစ်သွားစေမယ့် Cool-down Reduction ပါဝင်တဲ့ အချက်ကိုလည်း မေ့မထားသင့်ပါဘူး။ Octarine Core ခံထားပြီးဖြစ်တဲ့အတွက် Team Fight  တွေမှာ အသက်ရှည်ဖို့ Heart ဟာ Last Item Build အဖြစ် ယေဘုယျ ထည့်လေ့ရှိပါတယ်။
တကယ်တမ်း Carry Naga Siren အနေနဲ့ဆော့တဲ့အခါ Greedy Carry အဖြစ် အထက်မှာ ဖော်ပြခဲ့သလိုမျိုး ဆော့ကစားခြင်းဟာ လက်ရှိ meta မှာ အသုံးဝင်နေပေမယ့် Naga ကို Team
Fight လိုက်တဲ့ Carry Hero တစ်ကောင်အဖြစ်လည်း ဆော့ကစားနိုင်တဲ့ အချက်ကို ပွဲအခြေအနေပေါ် ကြည့်ပြီး စမ်းသပ်နိုင်ပါတယ်။ (ဥပမာ - Jungle တစ်ခုလုံးကို သင်တစ်ဦးတည်း အပိုင်စီး
ဖို့ မသင့်တော်တဲ့ ကစားပွဲမျိုး)။ ဒီပုံစံကတော့ ယခုနောက်ပိုင်းမှာ Abyssal Blade ကို Vanguard နဲ့စပ်ရတဲ့ခေတ်မှာပြန်ပြီး အသုံးတည့်လာပြီဖြစ်တဲ့ Old Skool Item Build ပဲ ဖြစ်ပါတယ်။ ဒီကစားပုံကို စမ်းကြည့်ဖို့ Vanguard ဟာ မရှိမဖြစ် လိုအပ်မှာဖြစ်ပြီး Power Tread + Vanguard + Offering (or) Sange and Yasha ကို Basic Item အဖြစ်ထည့်ကာDiffusal Blade ကို Core
Item တစ်ခုအဖြစ် ရွေးချယ်ရမှာဖြစ်ပါတယ်။ ပြီးနောက်မှာတော့ Attribute များလေ အားသာလေ ဖြစ်တဲ့ Illusion Hero တို့ရဲ့ထုံးစံအတိုင်း Butterfly, Skadi, Linken Sphere တို့ ထည့်ပြီး
Daedalus, Abyssal စတဲ့ Item အပြောင်းအလဲတွေနဲ့ ရိုးရှင်းတဲ့ Hitter တစ်ကောင်အနေနဲ့ ဆော့ကစားနိုင်မယ့် ကစားပုံပဲဖြစ်ပါတယ်။
Support Naga တွေအတွက်ကတော့ ထွေထွေထူးထူး စဉ်းစားစရာမလိုဘဲ Drum, Offering, Glimmer Cape, Lotus Orb, Solar Crest, Guardian Greaves တို့နဲ့ အစောပိုင်းမှာ Roamer, Mid Game နဲ့ Late Game မှာ Song of the Siren ကို ရိုးရှင်းစွာ အသုံးပြုပြီး Enemy Hero တွေကို လက်ဦး ယူကာ တက်ဖမ်းတဲ့ Initiator အဖြစ် ဆော့ကစားနိုင်ပါတယ်။ တကယ်လို့ သင်က Support Naga Siren ဆိုရင်တော့ Core item တစ်ခုအဖြစ် Aghanim’s Scepter ကို ရွေးချယ်ဖို့ တိုက်တွန်းလိုပါတယ်။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Tags: