လမ်းမကြီးတစ်ခုပေါ်မှာ ယာဉ်တိုက်မှုဖြစ်တဲ့အခါ ထုံးစံအတိုင်းလူတွေဝိုင်းအုံခဲနေပါတော့တယ်။ အဲဒီအချိန်မှာ သတင်းထောက်တစ်ယောက်ရောက်လာကာ လူအုပ်ကြီးကို ကြည့်ပြီး ကားနားဆီ တိုးဝှေ့မသွားနိုင်မှာကို စိုးရိမ်သွားတာကြောင့်"လမ်းဖယ်ပေးကြပါ ခင်ဗျာ..၊ လမ်းဖယ်ပေးကြပါခင်ဗျာ ..၊ ကျွန်တော်က အတိုက်ခံရသူရဲ့သားပါ"လို့ ခပ်ကျယ်ကျယ်လေး အော်ဟစ်အသံပေးလိုက်ပါတယ်။ လူအုပ်ကြီးက သူ့ကို ဂြိုဟ်သားတစ်ယောက်လိုဝိုင်းကြည့်ကြပြီး ချက်ချင်းဆိုသလိုပဲ လမ်းဖယ်ပေးတာကြောင့် သတင်းထောက်ဟာ ကားနားကို ရောက်သွားပါတော့တယ်။ ကားရှေ့မှာ လဲကျနေတာကတော့ ခွေးတစ်ကောင်ပဲ ဖြစ်ပါတယ်။
ไม่มีความคิดเห็น:
แสดงความคิดเห็น