Pages

21.7.58

မန္တလေး၌ MPT ၏ ဒုတိယမြောက် အရောင်းဆိုင်ဖွင့်လှစ်

 
 
 
 
MPT ၏ ဒုတိယမြောက် အရောင်းဆိုင်ခွဲကို စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။


၇၃ လမ်းနှင့် ၃၆ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၁၅ ရက်တွင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ၈၄ လမ်း၊ ၃၃လမ်းနှင့် ၃၄ လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်တွင်၌ ပထမဆိုင်အဖြစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။


MPT အရောင်းဆိုင်များကို မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ဖွင့်လှစ်ရန်စီစဉ်ထားရာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ဖွင့်လှစ်လျက်ရှိသည်။ နေပြည်တော်၌ MPT အရောင်းဆိုင်ခွဲကို ဇွန်လ ၂၁ ရက်က MPT ၏ အရောင်းဆိုင်ခွဲကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်လိပ်စာမှာ အမှတ် ပ/၂၃၁၊ မြို့မဈေး၊ နေပြည်တော်။ (၀၆၇) ၄၂၂၈၈၄ ဖြစ်ကြောင်း သိရသည်။

 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်များ နိုင်ငံတစ်ဝန်းလုံး ဖွင့်လှစ်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါဆိုင် (Brand Shop) များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ကနဦး ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းနောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ဆက်လက် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ရန်ကုန်၌ ငါးဆိုင်၊ မန္တလေး၌ သုံးဆိုင်၊ နေပြည်တော်၌ နှစ်ဆိုင် ဖွင့်ရန် စီစဉ်ထားပြီး နောက်ပိုင်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်နေရာနှစ်ဆိုင်စီ ဖွင့်သွားမည်ဖြစ်ကြောင်း၊ ထို့နောက် ခရိုင်မြို့ကြီးများတွင်ပါ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ဖူးသည်။


အဆိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Brand Shop များတွင် MPT မှထုတ်သော ထုတ်ကုန်များ (ဆင်းမ်ကတ်၊ ငွေဖြည့်ကတ်) များကို တိုက်ရိုက် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အရောင်းဆိုင်ခွဲကို တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမတွင် တစ်ဆိုင်၊ စာတိုက်ကြီးအနီးတွင် တစ်ဆိုင် ဖွင့်လှစ်ထားပြီး MPT ၏ ထုတ်ကုန်များအပြင် MPT နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။



Credit to  internetjournal
Thiha Htike(THT)

ไม่มีความคิดเห็น:

แสดงความคิดเห็น