ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

21.4.55

ရင်ဖွင်ခြင်း


  မင်းကို ချစ်တယ်

ငါ့ရင်ထဲက ဆန္ဒ
ပြောချင်တယ်
တစ်နေ့ တစ်ကြိမ်။

မင်းကို ယုယမယ်

ငါ့ရင်ထဲက ဆန္ဒ
လုပ်ဆောင်မယ်
နေ့ရက်အချိန်တိုင်း။

မင်းပြောတာ နားထောင်မယ်

ငါ့ရင်ထဲက ဆန္ဒ
ဂရုစိုက်ကာ
နားထောင်မယ်။

မင်းလက်ကို ဆုပ်ကိုင်ထားမယ်

ငါ့ရင်ထဲက ဆန္ဒ
မလွတ်တမ်း
မြဲစွာ ဆုပ်ကိုင်ထားမယ်။

မင်းနဲ့ ငါရဲ့
ချစ်နှစ်ပတ်လည်နေ့
တစ်သက်မမေ့
အမှတ်ရပြီး
ချစ်နေမယ်။
                                                                                                           မင်းမဟာ

17.4.55

သူငယ်ချင်းများ ကုသိုလ် ပြုနိုင်ရန် ရည်ရွယ်ပါတယ်


သူငယ်ချင်းများအတွက် အောင်ဇေယျမင်းကျောင်းတိုက် အကြောင်းလေးပြောပြရင်းနဲ့  ကုသိုလ် ပြုပါရစေ...............

ဒီကျောင်းတိုက်လေးရဲ့  တည်နေရာကတော့  ရန်ကုန်တိုင်း ၊

လှိုင်သာယာမြို့ နယ်၊ အလယ်ရွာ မှာတည်ရှိပါတယ် ..............

ဒီကျောင်းတိုက်လေးမှာ မူကြိုတန်း မှ အခြေခံပညာ အထက်တန်း

ထိ ကို အခမဲ့ ပညာသင်ကြားပေးပါတယ်...ကျောင်းသုံး ပစ္စည်းများကိုလည်း

လိုအပ်သလို ပေးဝေလျက်ရှိပါတယ် ခင်ဗျာ......

ထို့ အပြင် မိဘမဲ့ ခလေးများကိုလည်း အသက်အရွယ်အပိုင်းအခြားမရှိ

ခေါ်ယူစောင့်ရှောက်လျက်ရှိပါတယ်.....

ဒီသတင်းလေးကို စီပွားရေးအဆင်မပြေသော မိသားစုများသို့  လက်ဆင့် 

ကမ်းပေးပါက အထူးပင် ကုသိုလ်ရရှိမှာပါ...ဒီအပြင် အလှူအတန်းပြုခြင်သော

သူငယ်ချင်းများအတွက်လည်း ကုသိုလ်ပြုနိုင်ပါစေ.......

အောင်ဇေယျမင်းကျောင်းတိုက်သို့  သွားရောက်လေ့ လာခြင်ပါက အထက်ပါလိတ်စာအတိုင်းသွားရောက်နိုင်ပါတယ် မှတ်တိုင်ကတော့ 

အလယ်ရွာမှတ်တိုင်ပါ ကားကတော့  မထသ ၁၂၆ - ၁၂၅ ကားဂိတ်ဆုံး
သို့ ရောက်လျင် အောင်ဇေယျမင်းမုဒ်ဦးကို တွေမြင့် ရမှာဖြစ်ပါတယ် ခင်ဗျာ
>ဆက်သွယ်ရန်အနေနဲ့  အကြိုဆောင်ဖုန်းနံပါတ်ကတော့ 
၇၃၀ -၃၃၂၄၁ ဦးခင်မောင်ဇင် သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာလို့  ပြောပြရင်းနဲ့ ကုသိုလ်ပြုလိုက်ပါရစေ.......

 
mmahar150@gmail.com

ကြယ်ကြွေညရဲ့  ဆုတောင်းသံ

                                                           ဂီတသံတွေ ဆူညံနေတဲ့ ညတညပေါ့......

အသွင်မတူတဲ့ လူတချိုနဲ့ အတူ

စီးမျောနေရင်းက ....

သနပ်ခါးနံလေးတခုကို အမှတ်မထင်

ကောက်ရခဲ့တယ်လေ......

တိမ်တွေကိုဆီးပြီး...ပျော်ခဲ့ရတဲ့ ညတညပေါ့....

အလင်းရောင်နဲ့ အတူ အရာအားလုံးဟာ

ပျောက်ကွယ်ခဲ့ရတယ်လေ......

ပြန်လည်တောင်းတပိုင်ခွင့် ရှိသေးပေမယ့်

ခံစားနိုင်ခွင့် မရှိတော့ဘူး........

ကြယ်ကြွေညတိုင်း ဆုတောင်းပေမယ့်....

ရနံလေးကို မျော်လင့်နေရဆဲပါ.......

နောင်တဆိုတာကို မသိတဲ့ ကျွှန်တော်

မိခင်ရင်ခွင်မှာ ဆုံတွေဖို့ မျော်လင့်လျက်....

ကြယ်ကြွေညတိုင်းဆုတောင်းနေပါရစေ...




သနပ်ခါးကို ကိုယ်စားပြုတဲ့ မြန်မာဆန်သော မြန်မာမလေး တယောက်အတွက်ပါ...တယောက်သောသူ သိပါစေလို့ ဆန္ဒပြုလျက်


mmahar150@gmail.com

Mg Min Mahar

16.4.55

အမိမြေ သို့  တမ်းချင်း




      တောင်ပါတ်လည်ဝိုင်း မြူတွေဆိုင်းလို့ 

မျော်ရည်မှန်းဆ မြန်ပြည်အလှ

ဝမ်းရေးတထွာ မနေသာလို့ 

လှမ်းခွာပြေးထွတ် အဝေးရပ်သို့ 

ပြန်ခြင်လှပြီ မြန်မာပြည်ရယ်

ချွှေတာစုဆောင်း သူဌေးလောင်းသို့ 

ပြန်လာခဲ့မယ် တနေ့ မယ်.......

passward မေ့ နေသူသူငယ်ချင်းများအတွက်ပါ

Windows အသုံးပြုသူ ညီအကိုများအတွက် မိမိတို ကွန်ပြူတာ လုံခြုံရေးအတွက် Password ပေးပြီမေ့နေသော သူများအတွက်ပါ


Ctrl + Alt + Delete ကို နှစ်ခါခေါက်ပါ Loging Box ကျလာပါမယ်
User နေရာမှာ Administrator ကို ထည့်လိုက်ပါ
Windows ထဲကို ဝင်သွားပါလိပ်မယ်
အဆင်ပြေမယ်လို့  မျော်လင့် ပါတယ်