ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

24.6.55

Microsoft Office Excel 2010 စာအုပ်


ဒီစာအုပ်လေးကို  လိုအပ်တဲ့   သူငယ်ချင်းများအတွက်  တင်ပေးလိုက်ပါတယ်  အဆင်ပြေမယ်လို့ 
မျော်လင့်ပါတယ်  လို့ အပ်တာရှိရင်တော့   C box    မှာတောင်းပါခင်ဗျာ  ကျွှန်တော်  အတက်နိုင်ဆုံး
လုပ်ပေးပါမယ်ခင်ဗျာ.....စာအုပ်ကိုတော့     ""   ဒီမှာ   ""  ယူပါခင်ဗျာ..အားလုံးပဲ  ပျော်ရွှင်နိုင်ကြပါစေ
                                                                                                                                  မင်းမဟာ

Microsoft Office Word 2010 စာအုပ်






    ဒီစာအုပ်လေးကို  လိုအပ်တဲ့   သူငယ်ချင်းများအတွက်  တင်ပေးလိုက်ပါတယ်  အဆင်ပြေမယ်လို့ 
မျော်လင့်ပါတယ်  လို့ အပ်တာရှိရင်တော့   C box    မှာတောင်းပါခင်ဗျာ  ကျွှန်တော်  အတက်နိုင်ဆုံး
လုပ်ပေးပါမယ်....စာအုပ်ကိုတော့    ""  ဒီမှာ  ""  သွားယူပါ
                                                                                                                             မင်းမဟာ

19.6.55

ဘဝဖြစ်စဉ်များ






အေးမြကြည်လင်     အမေ့ရင်ခွင်
ငယ်စဉ်ခါက       နို့ချိုသောက်လျှက်
မှေးစက်ကြ၏ ။            ။

ကြီးသောအခါ    တစ်မျိုးပြောင်းကာ

ချစ်သူရင်ခွင်         မှေးစက်မှီရင်း
ဘ၀အမော      ပြေရာပြေကြောင်း
ဘ၀ခရီး    အတူလက်တွဲ
ဆက်ရှောက်ကြ၏။         ။

အမေ့အိမ်ကို   ပစ်ဖယ်ခွာလျှက်

အိုးသစ်အိမ်သစ်   သူထူထောင်၏။              ။

သားနှင့်သမီး    သူရရှိမှ

မိခင်ဖခင်      မေတ္တာတရား
သူနားလည်ရွှေ့    မိခင်ကြည့်ဖို့
သူသတိရ၏။            ၊၊


                                                    နှင်းဆီဖြူ

3.6.55

၂၄ ပစ္စည်း ရုပ်ပြပုံများနှင့်  အကျယ်



















































ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)

အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)

အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)

မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)

ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)

အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)

ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)

အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။


ဆရာတော်ကြီးများဧ၊၊် တရားတော်များ ( M P 4 freedownload )

အောက်ပါ နာမည် အစီအစဉ်များမှာ ၀ါအလိုက်၊ ဘွဲ့ အလိုက်၊ နာမည်ကျော်ကြားမှု အလိုက် စီစဉ်ထားခြင်း မဟုတ်ပါ။
(iPhone, iPAD ကိုအသုံးပြုသူများသည် App Store တွင် Oplayer Lite (သို့မဟုတ်) yxplayer2 Lite ကို Free Download အသုံးပြုပြီး ကြည့်ရှုနိုင်ပါသည်။ တခြား Mobile Phone များအတွက် Opera Browser ကို အသုံးပြုနိုင်ပါသည်။)

မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ် နိဿယဖြင့် ပဋိပတ္တိ သာသနာပြု အာဇာနည်ဆရာတော်ကြီး အချို့
မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ
သီတဂူဆရာတော်ဘုရားကြီး ဦးဥာဏိဿရ
ဆရာတော် ဦးဃောသိတ(မိုးကုတ်ကမ္မဋ္ဌာနာစရိယ)
သာမညတောင်ဆရာတော်ဘုရားကြီး
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ
မဟာစည်ဆရာတော်ဘုရားကြီး ဦးသောဘန မဟာသာရ
ပထမ လယ်တီဆရာတော် ဘုရားကြီး ဦးဥာဏ
ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ
သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ
ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဣန္ဒောဘာသ
မဟာဗောဓိမြိုင် ဆရာတော်ကြီး ဝနဝါသီ အရှင်ဉေယျဓမ္မသာမိမထေရ်
အနောက်ဂန့်ဂေါ မုံလယ်ဆရာတော်ကြီး ဦးသံဝရ
ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏ
ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ
မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ
ပိုင်းလော့ ဆရာတော် အရှင်ဇေယျပါဏ္ဍိတ (မိုးညှင်း သိင်္ဂီ ကျောင်းတိုက်)
မြစိမ်းတောင်ဆရာတော် ဘဒ္ဒန္တ ဇာနေယျ
ဥုးသုမင်္ဂလ (မင်္ဂလတိုက်သစ် - ဒယ်အိုးဆရာတော်)
ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ
အရှင် ဘဒ္ဒန္တ သုနန္ဒ္ဒ (မိုးကုတ်မြို့ ဓမ္မရံသီဆရာတော်)
ရွှေတောင်ကုန်းဆရာတော် ဦးပဏ္ဍိတ (ပဲခူး)
အောင်ဆန်းဆရာတော် (မိုးကုတ် မဟာကမ္မဋ္ဌာနာစရိယ)
မဏိရတနာဆရာတော် အရှင်ပဏ္ဍိတ (ဒွိပိဋကဓရ၊ မိုးကုတ် မဟာကမ္မဋ္ဌာနာစရိယ)
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ
အောင်မင်္ဂလာ အရှင်ဣန္ဒာစရိယ
ဖြူးဆရာတော် ဦးနရပတိ
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ
အောင်သိဒ္ဓိဆရာတော်ဘန္တသီလာစာရ
အရှင် သုဇာတ (မေတ္တာအေးဆရာတော်)
ဘဒ္ဒန္တ တိက္ခ (ဝါခင်းကုန်းဆရာတော်)
ဘန္တခေမိန္ဒ (စစ်ကိုင်း ခင်မကန်ဆရာတော်)
အရှင် ကုမာရ (ကျောက်ပန်းတောင်းဆရာတော်)
အရှင် ခေမာသီရိလင်္ကာရ (သီတဂူကြာတစ်ပွင့်)
ဘန္တဇောတိက (ဓမ္မာစရိယ)
အရှင် သိရီဒတ္တာလင်္ကာရ
ဆရာတော်ဦးလက္ခဏ(စစ်ကိုင်းတောင်ရိုး ကျစွာချောင်ဆရာတော်)
မြစင်္ကြာ ဆရာတော်ဦးလက္ခဏ
အရှင်အာစာရာ လင်္ကာရ
ဘဒ္ဒန္တနာဂိန္ဒာ လင်္ကာရ (မင်းကွန်း ဓမ္မစေတီ ဆရာတော်)
ဘဒ္ဒန္တ ဇောတသာရ (မဟာစည်နယ်လှည့် ဓမ္မကထိက)
အရှင်ပညာနန္ဒ (သီတဂူကြယ်တပွင့်)
အရှင်ဥာဏောဘာသ (သဇင်ရေကျော် ဆရာတော်)
ဒေါက်တာ ကောဝိဒ (မဇ္ဈိမဂုဏ်ရည်)
အရှင် သုမင်္ဂလ (ဝေါဆရာတော်)
ဘဒ္ဒန္တ တေဇိန္ဒ (မိုးကုတ်ကမ္မဋ္ဌာနာစရိယ)
အရှင် ဣန္ဒက (တွံတေးဆရာတော်)
မဟာဗောဓိတထောင် ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တ ကုဏ္ဍလ (ဓမ္မာစရိယ)(H.G.P, LL.B)
ဒေါက်တာအရှင်ပညိဿရ
အရှင်ပညာသီဟာဘိဝံသ
အရှင်ကေလာသ (ရန်ကင်းအေးငြိမ်ရိပ်သာ ဆရာတော်)
အရှင်ပုညာနန္န
အရှင်တိက္ခဥာဏာလင်္ကာရ
မကျောက်ဆရာတော်
ဓမ္မဓရ အရှင် ကုမာရ
ချမ်းမြေ့ရိပ်မြိုင်ဆရာတော် ဘဒ္ဒန္တတေဇောသာရ (ပဲခူး)
ဓမ္မဒူတ အရှင်ပညာဝရ
အောင်စင်္ကြာဆရာတော် အရှင်စန္ဒသီရိ
ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ
ကောင်းဆုဝေဆရာတော် ဦးကဝိဒဇဇောတိ
ဘဒ္ဒန္တသုစိတ္တာဘိဝံသ (ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်)
စင်္ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၌ ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီးအား အမှုးပြု၍ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် စင်္ကာပူနိုင်ငံရှိ မြန်မာ ဘုန်းတော်ကြီးကျောင်းပေါင်းစုံ မှ ဆရာတော်ကြီးများသည် ၁၈.၁၀.၂၀၁၁ မှ ၂၄.၁၀.၂၀၁၁ အထိ ၇-ရက် တိုင်တိုင် ကျင်းပ ပူဇော်ခဲ့သော အသံမစဲ အဘိဓမ္မာရွတ်ဖတ်သရဇ္ဇယ် ပွဲကြီးမှ ဗီဒီယို မှတ်တမ်း
အရှင်စန္ဒသာရ (ကျောင်းကုန်း)

သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ (စစ်ကိုင် မင်းဝံတောင်တန်း)
ဘဒ္ဒန္တတိလောကာဘိဝံသ (အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ပဓာန မဟာနာယကဆရာတော်)
ဆရာကြီး ဦးဌေးအောင်
ဒေါက်တာမင်းတင်မွန်
ဦးမြင့်လွင်(သန့်-တည်-ပွား)
ဓမ္မဗျူဟာ ဒေါ်ခင်လှတင်
သောင်းပြောင်းထွေလာ သိမှတ်စရာများ