24.10.55
မိမိရဲ့  Dasktop မှာ ပန်ဒါလှလှလေးတွေ သွားနေတာမြင်ခြင်ရင်
သူငယ်ချင်းတို့ရဲ့ ဒက်စတော့မှာ ပန်ဒါ လှလှလေးတွေသွားနေတာမြင်ခြင်ရင်တော့ ဒီဆော့ဝဲလ် လေးကိုသာ အင်စတဲ(စ်) လုပ်လိုက်ပါ.....မြင်တွေရပါလိပ်မယ်....ကျွန်တော်တောင်မှ ကြိုက်လို့  အမျိုးကောင်းသား ဆိုဒ်ကနေပြီတော့ မလာတာ...ဟဲ.ဟဲ..... ကဲ ဒီမှာ ယူသွားလိုက်ပါ.....
ထာဝရ ငြိမ်းချမ်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်......
မင်းမဟာ
Java Games 240x320 touch screen (2012) က SAMSUNG, NOKIA, LG, I mobile
အခုတင်ပေးတဲ့ Java Games 240x320 touch screen (2012) ကSAMSUNG, NOKIA, LG, I mobile စတဲ့ mobile
ဖုန်းတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ games အမျိုးအစားကလည်း 200 နီးပါးလောက်ရှိပါတယ်။ ကိုယ်ဖုန်းနဲ့ လိုက်ဖက်မယ့် ဂိမ်းက တစ်ရာနီးပါးလောက်ရှိမှာပါ။ ကျွန်တော်လက်တွေ့ Phone တွေမှာ ထည့်ပြီး စမ်းပြီးပါပြီး။ 57.MB ပဲရှိပါတယ်။ TRUE TOUCH ဖိုင့်နဲ့JAM TOUCH ထဲမှာ ကိုယ်ကစားချင်တဲ့ ဂိမ်းဖိုင့်တွေကို copy ကူပြီး ဖုန်း Memory Cards ထဲ New folder တစ်ခု တည်ဆောင်ပြီး paste ချလိုက်ပါ။ ပြီးရင် အဲဒီဖိုင့်ကို သွားပြီး ကိုယ်ကစားချင်တဲ့ ဂိမ်းဖိုင့်ကို open လုပ် Run ပြီးကစားရုံပါပဲ။ လိုခြင်တဲ့ သူငယ်ချင်းများ ဒီနေရာလေးမှာ ယူသွားလိုက်ပါ....ဒီဂိမ်းလေးကိုတော့ ကိုစောဂျက် ဆီကနေ ယူလာတာပါ...အဆင်ပြေနိုင်ကြပါစေ.....
မင်းမဟာ
23.10.55
Portail Poofessional (မျက်နှာပြုပြင်တဲ့ ဆော့ဝဲလ်)လေးပေါ့
ဒီဆော့ဝဲလ် လေးကတော့ အလှဓါတ်ပုံ ပြုပြင်တဲ့ ဟာလေးပါ.... မျကိနှာမှာရှိတဲ့ ဝက်ခြံ
အမာရွက် အမဲစက် စတာတွေကို ဖျောက်ပေးတယ် သုံးရတာလည်း ဘာမှ မခက်ပါဘူး......စမ်းသုံးကြည့် ပေါ့ ဆော့ဝဲလ်ကိုတော့ ဒီနေရာမှာ သွားယူလိုက်ပါ... အော် ဗီရှင်းအပြည့်တော့ မဟုတ်ဘူးနော်..... ကျန်မာချမ်းသာနိုင်ကြပါစေ..လို့  ဆုတောင်းပေးလိုက်ပါတယ်......
မင်းမဟာ
P D F (Converter) ပီဒီအပ်ဖိုင်မှ ဖိုင်အမျိုးအစားပေါင်းများစွာသို့ 
ဒီဆော့ဝဲလ်လေးကိုတော့ P D F မှ Microsoft Word (DOC, DOCX), Microsoft Excel (XLS, XLSX), Microsoft PowerPoint (PPT, PPTX), Microsoft Visio (VSD), Microsoft Works (WDB, WPS, DOCX, XLSX), AutoCAD (DWG, DXF, DWF), CorelDraw (CDR), Corel Presentations (SHW), WordPerfect (WP5, WP6, WPD, WPF), WordStar (WS), DocuWorks (XDW), QuattroPro (WB1, WB2, WQ1), Rich Text Format (RTF), Text Format (Txt), Hyper Text Markup Language (Htm, Html), Windows Bitmap (BMP), JPEG Compressed Image (JPG, JPEG, JP2) etc 500 + File Formats. More... အစရှိတဲဖိုင်ပေါင်းများစွာကို ပြောင်းနိုင်ပါတယ် ကိုထွန်နိုင်ရေ အကိုက P D F ကနေပြီတော့ ပရင်ထုပ်ခြင်တယ်ဆိုတော့ အဆင်ပြေတဲ့ဖိုင်ပြောင်ပြီ တော့သာ ထုတ်လိုက်တော့ အဆင်ပြေနိုင်ပါစေ..... ဆော့ဝဲလ်ကတော့ ဒီနေရာမှာ ယူသွားလိုက်ပါ သူငယ်ချင်အားလုံး မင်္ဂလာအပေါင်းနှင့် အတူပျော်ရွှင်နိုင်ကြပါစေ....
မင်းမဟာ
20.10.55
ဒီဆိုက်ဧ။် Ziddu.com တွင်ဒေါင်းနည်း
ဒီဆိုက်ရဲ့  ziddu မှာဒေါင်းနည်းလေပါ ..ခြေခံလေ့လာနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ... နားလည်လွယ်အောင် ပုံလေးတွေနဲ့  ရှင်းပြထားပါတယ်.... မျှားပြထားတဲံ့ အဆင့် အတိုင်းသာသွာလိုက်ပါ အဆင်ပြေသွားပါလိပ်မယ်....
ပုံ ( ၁ )
ပုံ ( ၂ )
ပုံ ( ၃ )
ပုံ ( ၄ )
ဒီပုံမှာတော့ ဘေးနားကစာတွေကို မျှားပြထားတဲံ ဘောက်ထဲကို ကူရေးရမှာပါ စာလုံးအကြီအသေး မှားလို့  မရပါဘူး......
ပုံ ( ၅ )
ပုံ ( ၆ )
ကဲ အဆင်ပြေသွားပြီ မဟုတ်လား.... မင်္ဂလာအပေါင်းနှင့်  ပြည့် စုံကြပါစေ

ဝင်းဒိုး အိပ်ပီ တင်နည်း စာအုပ်လေး
ဒီစာအုပ်လေးကတော့ ဝင်းဒိုးအိပ်ပီ နဲ့  ဆော့ဝဲလ် တွေ အင်စတဲ လုပ်နည်းစာအုပ်လေးပါ... ဘဝတူ ခြေခံလေ့လာနေသော သူငယ်ချင်းတွေ အသုံးတည်းမယ်ထင်လို့  တင်ပေးလိုက်ပါတယ်...
မျှဝေစရာ နည်းပညာများ ရှိရင်လည်း ချန်ထားခဲ့နိုင်ပါတယ်.. စာအုပ်လေးကိုတော့ ဒီနေရာမှာ ယူသွားလိုက်ပါ ... ထာဝရ ရွှင်လန်းနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါတယ်......
မင်းမဟာ
ဝင်းဒိုး ဆဲဗင်းတင်နည်း စာအုပ်လေး
ဝင်းဒိုးဆဲဗင်တင်နည်း စာအုပ်လေးပါ ခြေခံလေ့လာနေတဲ့ ကျွန်တော်လို သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်.. ကဲ ကိုဇေယျာ အဆင်ပြေမယ်လို့  မျော်လင့် ပါတယ် Ziddu.com မှာဒေါင်းနည်း ကိုလည်း ထပ်ရေးပေးပါမယ် စာအုပ်ကတော့ ဒီမှာ ပါ ..မင်္ဂလာအပေါင်းနှင့်  ပြည့် စုံကြပါစေ.......
19.10.55
အခမဲ့ ဝက်ဆိုက် ရေးတင်နည်း
ဒီပို့ လေးကို ကျွန်တော်လို့  သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်.... တော်တော်ကို အားကိုးရတဲ့  ကျွန်တော်လက်ဆွဲ စာအုပ်လေးတအုပ်ပေါ့.... နောက်ထပ် ဘဝတူ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပြီတော့  တင်ပေးလိုက်တာပါ.... စာအုပ်ကိုတော့  ဒီမှာ ယူသွားလိုက်ပါ.. ဝက်ဆိုက် အတွက် အခက်တွေနေရင်တော့  ဒီမှာ သွားပြီ လေ့လာပေါ့...
ဒီမှာ လည်းရပါတယ်..... မြန်မာဘလော့ သမားများ ဖြစ်နိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါတယ်..
မင်းမဟာ
ဖေ့ဘုတ်ဧ။်လုပ်ဆောင်ချက်များ
facebook ဧ။်လုပ်ဆောင်ချက်များ ဒီစာအုပ်ကိုဖေ့ဘုတ် အသုံးပြုနေတဲ့  သူငယ်ချင်းတွေ ပြီတော့ မသုံရသေးတဲ့ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပြီတော့ တင်ပေးလိုက်ပါတယ် ကျွန်တော်ဆိုက်မှာ မတင်ထားတဲ့  စာအုပ်တွေ ကိုလည်း '' စာအုပ်ဘဏ် '' မှာဝင်ရောက် ရှာဖွေနိုင်ပါတယ်.... ကျွန်တော်တင်သမျှစာအုပ်တွေက ကျွန်တောကိုယ်တိုင် ဖတ်နေတဲ့စာအုပ်တွေပါ.. ပညာရှင်တယောက်မဟုတ်လေတော့ ဆရာတွေပြုစုထားတဲ့  စာအုပ်လေတွေကိုအားကို ရတာပေါ့... ကျွန်တော်လို့  ဘဝတူ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပါတယ်... စာအုပ်ကတော့ ဒီမှာပါ အဆင်ပြေနိုင်ကြပါစေလို့  ဆုတောင်းလိုက်ပါတယ်.....
မင်းမဟာ
18.10.55
မိုးကုတ် (ဆရာတော်)ဘုရားကြီးဧ။် တရားတော်များ
မိုးကုတ်ဆရာတော် ဘုရားကြီး ဦးဝိမလ ဧ။် တရားတော်တွေပါ..အချိန်မရလို့  ဆက်မတင်ဖြစ်တော့တာပါ....အခုလည်း လိုင်းမကောင်းတဲ့  သူငယ်ချင်းတွေ အတွက်.. နှစ်ပိုင်ခွဲပြီတော့ တင်ပေးလိုက်ပါတယ်....တပိုင်းတပိုင်းကို 200MB လောက်တော့ ရှိမှာပေါ့
တစ်ပိုင်းမှာ တရားသုံးပိုဒ် ပါပါတယ်...နောင်လည်း အချိန်ရရင်ဆက်တင်ပေးသွားပါမယ်...
တရားတော်တွေကိုတော့ အောက်မှာ ယူသွားလိုက်ပါ.... သူငယ်ချင်းတွေ အားလုံးပဲ မေတ္တာတရား လက်ကိုင်ထားနိုင်ကြပါစေ.....
တရားတော် ( ၁ )
တရားတော် ( ၂ )
မင်းမဟာ
17.10.55
ကွန်ပြုတာအခြေခံ လေ့လာနိုင်သော စာအုပ်လေးပါ
ကွန်ပြုတာအခြေခံ လေ့လာနိုင်သော စာအုပ်လေးပါ ဒီစာအုပ်လေးကတော့ ကျွန်တော်လို အခြေခ့လေ့လာနေတဲ့ သူငယ်ချင်းတွေ အတွက်တင်ပေးလိုက်ပါတယ် အသုံးပြုပုံတော်တော်များများ ပါတယ်... အခြေခံလေ့လာနေသော သူငယ်ချင်းတွေ အတွကိတော့ မရှိမဖြစ်လိုအပ် တဲ့စာအုပ်လေးပါ
နောက်ထပ်လည်း ဆက်တင်ပေးသွားမှာပါ... စာအုပ်ကိုတော့ ဒီနေရာလေးမှာ သွားယူလိုက်ပါ
တိုးတက်အောင်မြင်နိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါရစေ...
မင်းမဟာ
Magic Video Studio Ver8.0.4.20
Magic Video Studio Ver8.0.4.20 ဒီဆော့ဝဲလ်လေးကတော့ ကွန်ဘတ်တာလေးပါ....ဖိုင်မျိုးစုံပြောင်းလို့ ရတယ်ပြီတော့ အခွေပါ ကူးလို့ လည်းရသေးတယ်... AVI , MPEG , MP4 , 3GP , MP3 ပြီတော့ Burn DVD ထိလုပ်လို့ ရတယ်... မသိသေးတဲ့  သို့ မဟုတ် မရှိသေးတဲ့  သူငယ်ချင်းတွေ အတွက်ပါ... အဆင်ပြေမယ်လို့  ကျွန်တော်မျှော်လင့်ပါတယ်......အော်....ကီထည့်ပေး ရတယ်နော်...မေ့နေလို့  .... ကီဖိုင်ပါထည့် ပေးလိုက်တယ်နော် ... ဆော့ ဝဲလ် ကတော့... ဒီမှာ ပါ...ကျန်မာရွှင်လန်းနိုင်ကြပါစေလို့  ဆုတောင်းပေးပါတယ်....
မင်းမဟာ
16.10.55
ပေါ့ပါးပြီ သုံးရတာလွယ်ကူတဲ့ (Smadav 2012) ဗိုင်းရပ်သတ်ဆော့ဝဲလ်လေး
ဒီဆော့ဝဲလ်လေးကတော့ ပေါ့ပါးပြီ ဘာကီးမှ မလိုမတောင်းပဲ အပ်ဒိပ် လုပ်လို့ ရပါတယ်..
အင်ဒိုထုပ်လေး ဆိုပေမယ့်  သုံးရတာ အဆင်ပြေပါတယ်... ဖိုင်ဆိုဒ်လည်း မကြီးပါဘူး 1.22MB ပဲရှိ တယ် ..ကျွန်တော်တောင်မှ စမ်းသုံးနေပြီ... လိုခြင်တဲ့  သူငယ်ချင်းများ ယူဆောင်နိုင်ပါတယ်.....
အဆင်မပြေတာရှိလည်း ပြောကြပါ...ကျွန်တော်မတက်နိုင်ရင် ပညာဒါန ဆရာတွေ အများကြီးရှိပါတယ်
လမ်းညွှန်ပေတာပေါ့... ဆော့ဝဲလ်ကိုတော့ ဒီမှာ ယူလိုက်ပါ.....
ကိုယ်ကျန်းမာ စိတ်ချမ်းသာ နိုင်ကြပါစေ လို့  ဆန္ဒပြုလိုက်ပါရစေ......
မင်းမဟာ
T Typefaster အင်္ဂလိပ်စာရိုက်လေ့ကျင့်ရာတွင် လွယ်ကူသော ဆော့ဝဲလ်လေးပါ
ဒါလေးကတော့  အင်္ဂလိပ်စာရိုက်လေ့ ကျင့် လိုသော သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်.... လေ့ ကျင့် ရတာ လွယ်ကူပါတယ် ဘယ်လက်နဲ့  နှိပ်ရမယ်ဆိုတာ ကိုပါ
ပြပေးပါတယ်..... ပြင်းရင်လည်း ဂိမ်းသဘောမျိုး လေ့ကျင့်လို့  ရသေးတယ် ကဲ ဘယ်လောက်ကောင်း လိုက်လည်း......ကျန်တာတော့  သူငယ်ချင်းဘာသာပဲ ဆက်လေ့လာတော့  ဒီမှာ ယူသွား လိုက်ပါ.....အဆင်ပြေမယ်လို့ မျော်လင့် ပါတယ်
မင်းမဟာ
မြန်မာစာဖောင့် လှလှလေးတွေ ရေးခြင်သူများအတွက်
မြန်မာဖောင့်  လှလှလေးတွေလိုခြင်တဲ့ သူငယ်ချင်းတွေ အတွက် ဖောင်လှလှလေးတွေကို
စုစည်းထားတာပါ.... photoshop ပဲ ဖြစ်ဖြစ် microsoftworld ပဲဖြစ်ဖြစ် ဒီဇိုင်းလှလှလေးတွေ
ရေးလို့ ရတာပေါ့... ဒီမှာပဲ ဒေါင်းယူ သွားလိုက်တော့ နော်....
စာလုံလေးတွေလို လှပနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါတယ်........

15.10.55
Automix Virtual DJ pro 7.0.2 အသံကို ကလိခြင်တဲ့  သူငယ်ချင်းများသို့  ပေါတေးဗဲ လေးပါ....
ဟဲဟဲ .. အသံကလိလို့ ရတဲ့  ဒီဂျေ ဆော့ ဝဲလ်လေးပါ. ပြီတော့  ပေါတေးဗဲ ဆိုတော့  ပေါ့သလားတော့  မမေး နဲ့ ...... ကဲ ဒီဂျေ ပွတ်ခြင်တဲ့  ဘော်ဘော် တွေလင့် မသေခင် မြန်မြန်
သာမကြပေတော့ ......အောက်မှာယူသွားလိုက်ပါ....လန်းနိုင်ကြပါစေ...
Add caption |
TeraCopy 2.27 ကော်ပီကူးရတာ မြန်ပြီတော့  ပေါ့ပါတဲ့  ဆော့ ဝဲလ်လေးပါ
ဒီဆော့ ဝဲလ်လေးကတော့  ကော်ပီကူးရတာမြန်ဆန်ပြီး တော့  ပေါ့ပေါ့လေးပါပဲ ...
ဘာမှလည်းအထွေအထူးလုပ်စရာ မလိုပါဘူး အင်စတဲ လုပ်ထားလိုက်ရင်ရပါပြီ.....ကော်ပီကူး
တဲ့ အခါ ခါတိုင်ကူးသလိုပဲ ကူးပါ...သူ အလုပ်လုပ်ပေးပါလိပ်မယ်....ဒီဆော့ ဝဲလ်ကိုတော့  ကိုကြီးစေတနာ ဆီက မလာတာပါ...ဟဲဟဲ...အောက်မှာယူသွားလိုက်ပါ......
မိဘနှစ်ပါကို ကောင်းမွန်စွာ အလုပ်အကြွေးပြုနိုင်သော သားသမီးရတနာများ ဖြစ်နိုင်ကြ
ပါစေလို့  ဆန္ဒပြုလျက် .......

Format Factory 1.65 အသုံးပြုရတာလွယ်ကူပြီ ပေါ့ပါးတဲ့  ဆော့ ဝဲလ်လေးပါ
ဒီဆော့ ဝဲလေးကတော့  တော်တော်များသိကြမှာပါ....မသိသေးတဲ့  လိုအပ်တဲ့  သူငယ်ချင်းမျာ
အတွက်တင်ပေးလိုက်ပါတယ်... သူကို သုံရတာလွယ်ကူပါတယ် မိမိလုပါခြင်တဲ့ ဖို့င်အမျိုးအစားကို
အရင်ရွေးပေးပြီ ..ကိုပြောင်းမဲ့ ဖိုင်ကို သွားယူလိုက်ရုံပါပဲ ...စမ်းသုံကြည်ပါ အကြိုက်တွေမယ်လို့ ...
ယုံကြည်ပါတယ်..... ဆော့ဝဲလ်ကို ဟော့ဒီမှာ သွားယူလိုက်ပါ....
ထာဝရငြိမ်းချမ်းနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါတယ်.....
မင်းမဟာ
Online ကနေ File,Software တွေကို လွယ်ကူမြန်ဆန်စွာ Share ရအောင်ဗျာ
Online ကနေ File,Software တွေကို လွယ်ကူမြန်ဆန်စွာ Share ရအောင်ဗျာ
အရင်က တခြား Website တစ်ခုနဲ့ ဖိုင်တွေ Software တွေ Share နည်းတစ်ခုကို တင်ပေးခဲ့ဖူးပါတယ်.. ဒီနေ့က သူငယ်ချင်းတစ်ယောက်က အွန်လိုင်းကနေ File တွေ ဘယ်လို Share ရမလဲဆိုပြီးမေးလားတာနဲ့ ရှာဖွေမွှေနှောက်ရင်း နောက်ထပ် လွယ်ကူမြန်ဆန်တဲ့ Website လေးတစ်ခု တွေ့တာနဲ့ စမ်းကြည့်လိုက်တော့ တော်တော်လေး အဆင်ပြေတာတွေ့ရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် .. မိမိ ပို့တဲ့ ဖိုင်လ်တွေ ,Software တွေ လုံခြုံဖို့ အတွက်လည်း Password ပါ ခံပြီး ပို့လို့ရပါတယ်...။
Window 7 မှာပါတဲ့ File Share နည်းထက် ပိုမို လွယ်ကူမြန်ဆန်တာကြောင့် ဒီနည်းလေးကိုပဲ မျှဝေပေးလိုက်ပါတယ်.....
Browse ကတဆင့် မိမိပို့ချင်တဲ့ (Share ချင်တဲ့ ) File,Software ကိုရွေးပေးလိုက်ပါ ....
စက္ကန့်ပိုင်းအတွင်းမှာပဲ မျှားပြထားတဲ့ Link တစ်ခုထုတ်ပေးပါလိမ့်မယ်... လုံခြုံဖို့အတွက် Password ပေးချင်ရင်တော့ အောက်က အကွက်လေးထဲမှာ အဆင်ပြေသလို ထည့်ပေးနိုင်ပါတယ်...
ပြီးရင် အဲ့ဒီ Link ကို Copy ကူးပြီး Gtalk ကနေဖြစ်ဖြစ် တနေရာရာကနေ လက်ခံမဲ့သူဆီကို ပို့လိုက်ပါ... Password ပေးထားရင် Password နဲ့အတူပေါ့ဗျာ...
လက်ခံမဲ့လူဆီ Link လေးရောက်လာရင် Dobule Click နှိပ်၍ဖြစ်စေ , Copy ကူးပြီး Browser ရဲ့ Address Bar မှာ Paste > Enter ခေါက်၍ဖြစ်စေ ....
Download ကို နှိပ်ပြီး အလွယ်တကူ လက်ခံရယူနိုင်ပါပြီ (Password ပေးထားရင် Password ထည့်ပေးရမှာပါ).. လွယ်ကူ ရိုးရှင်းတဲ့ အပြင် အရမ်းလည်းမြန်ပါတယ်...။
အားလုံး စမ်းသပ်ရင်း ပျော်ရွှင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်မျာ....
ဝင်းကမ္ဘာကျော်
ဒီဆိုက်မှ minus.com တွင်ဒေါင်းလွတ်လုပ်နည်း
ကျွန်တော်ဆိုက်မှာ ဒေါင်းလွတ် လုပ်ဖို့  အတွက် အခက်တွေနေသော သူငယ်ချင်းများအတွက်
ဒီပို့ ကိုရေပေးလိုက်ပါတယ်...
ပုံ ( ၁ ) မိမိဒေါင်းလိုသော စာအုပ်သို့ မဟုတ် ဆော့ ဝဲလ် ဒေါင်းရန်နေရာကို နှိပ်ပါ
ပုံ ( ၂ ) အနီဝိုင်းထာသောနေရာမှာ ပုံ(၃)တွင်အနီဝိုင်းပြထားသော ဘောက်ကလေးပေါ်
အောင် မောက်ဖြင့်  ရွေ့ ပြီ ရှာပါ....
ပုံ ( ၃ ) မျှားပြထားသော နေရာကို နှိပ်ပါ... save ( သို့  ) open ကိုရွေးပေးလိုက်ပါ
အဆင်ပြေသွားပါမယ်......
လူသားအခြင်းခြင်းစာနာနိုင်ကြပါစေလို့  ဆန္ဒပြုလျက်.......

Skype အသုံးပြုနည်း စာအုပ်
ဒါကတော့  Skype အသုံပြုနည်းစာအုပ်လေးပါ....ဒီဆိုက်က လင့်တွေက ဖရီးတွေဆိုတော့  ဒေါင်းနည်း ကို သပ်သပ်ထပ်ရေးပေးပါမယ်...ဒေါင်းမရဘူးဆိုသော သူငယ်ချင်းများကို ရည်ရွယ်ပြီပြောတာပါ....... လောလောဆယ်တော့  စာအုပ်ကို ဒီမှာ ယူပါနော်...
ထာဝရပျော်ရွှင်သောမိသားစုဘဝ ကိုပိုင်ဆိုင်နိုင်ကြပါစေလို့  ဆန္ဒပြုလျက်.......
မင်းမဟာ
Power Director အသုံးပြုနည်း စာအုပ်....
Power Director အသုံးပြုနည်း လေးပါ လိုအပ်သော သူငယ်ချင်းများ အတွက် ရည်ရွယ်ပါတယ် ......
အဆင်ပြေလိပ်မယ်လို့ တော့  မျော်လင့် ပါတယ်.... စာအုပ်ကိုတော့  ဒီလင့် မှာသွားယူပါ......
ထာဝရ ငြိမ်းချမ်းနိုင်ကြပါစေ လို့  ဆုတောင်းလျက်.....
မင်းမဟာ
14.10.55
Googel အသုံးပြုနည်းစာအုပ်လေးပါ
Googel ကိုအသုံးပြု၍ အငိတာနက်မှ မွှေနှောက်လို့ ရအောင် သူငယ်ချင်းများအတွက် ဒီစာအုပ်လေး
ကိုတင်ပေးလိုက်ပါတယ်...........တလက်စတည်း သူငယ်ချင်းများကို ပြောခြင်တာကတော့  ကျွန်တော်မောင်မင်းမဟာ ဟာပညာသည်တယောက်မဟုတ်သလို့  ပညာတပ်တယောက်လည်း မဟုတ်ပါ.... ဒီဆိုက်ကို စာနာစိတ်နဲ့  ကျွန်တော်တုန်းကလိုအခက်တွေနေသော..သူငယ်ချင်းများအတွက် ကောက်ရိုးလေးတပင်ပဲဖြစ်ပါစေတော့  လို့ ရည်ရွယ်တာပါ....ကျွန်တော်ဘဝအတွက် ဆရာများအားလုံးကိုလည်း.ဂါရဝပြုလျက်ပါ....
နည်းနည်းလေရှည်သွားရင် နားလည်ပေးပါ.....စာအုပ်ကတော့  ဒီမှာ သွားယူပါ...
မင်းမဟာ
တကမ္ဘာလုံးက ဖုန်းအချင်းချင်း ပိုက်ဆံမကုန်ဘဲ Phone ခေါ်ကြမယ်. (FREE)
တကမ္ဘာလုံးက ဖုန်းအချင်းချင်း ပိုက်ဆံမကုန်ဘဲ Phone ခေါ်ကြမယ်. (FREE)
ကျွန်တော်တို့အနေနဲ့
ဖုန်းတွေ အသီးသီး ရှိကြတယ်ဗျာ. ဖုန်းခေါ်ဆိုခတွေ အရမ်းများတယ်။ အဲ့တော့
ပိုက်ဆံမကုန်အောင် ဖုန်းပြောတာတို့၊ မြန်မာလို chat တာတို့၊ message
ပို့တာတို့ မလုပ်ချင်ဘူးလား။ အင်တာနက်ခက တစ်မိနစ်မှ 2 ကျပ်လား 20 လား
ပေးရတာပါ။ တန်ပါတယ်။ အဲ့လိုခေါ်ချင်ရင်တော့ အောက်က အချက်တွေနဲ့
ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ အခု ကျွန်တော် ကွန်ပျူတာကနေ ဟန်းဖုန်းကို
ဖရီးခေါ်ဆိုနိုင်အောင် ကြိုးစားကြည့်နေပါတယ်။
ဖုန်းနံပါတ်ကတော့
လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ခက်တာက android phone(အတု-အစစ်ကဲ့သို့)
တစ်လုံးကို ကွန်ပျူတာပေါ်ကနေ စမ်းသုံးပြီး ဖုန်းခေါ်ဖို့အတွက် ဖုန်းနံပါတ်နဲ့
activate လုပ်ဖို့က ရပြီ။ အဲ့ထဲကို install လုပ်ဖို့အဆင့်တစ်ဆင့်
လိုနေသေးလို့ လုံးဝ ထည့်လို့မရဘူးဖြစ်နေတယ်။ ကဲဒါကထားပါ ကျွန်တော့်ဖက်က
အခက်အခဲပေါ့.
- မိမိဖုန်းဟာ iphone (or) android
(or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးထဲက
တစ်ခုခုဖြစ်ရပါမယ်။ (အခုအထိတော့ ဒီ ၄ မျိုးပဲ ရှိပါသေးတယ်။ နောက်ထပ်ပြီး
update လုပ်နေပါတယ်။) - မိမိဖုန်းမှာ viber ဆိုတဲ့ free
ခေါ်ဆိုနိုင်တဲ့ software Download လုပ်ဖို့နဲ့ install လုပ်ဖို့ internet
လိုအပ်ပါလိမ့်မယ်။ Download လုပ်ဖို့ခဲယဉ်းနေရင်လည်း ကျွန်တော်
တင်ပေးလိုက်ပါ့မယ်။ မပူပါနဲ့ memory card ထဲကိုသာ အဲ့ viber software
ထည့်ပြီး install လုပ်သွားလိုက်ပါ။ ကျွန်တော့်မှာ samsung Android
အမျိုးအစား ရှိလို့ ကျွန်တော့်ဖုန်းကို ဥပမာထားပြီးတော့ ရေးသားလိုက်ပါ့မယ်။ - မိမိကိုယ်တိုင် ဖုန်းမှာ အင်တာနက်ရှိလို့ပဲ
ဖြစ်ဖြစ်၊ wifi ရနေလို့ပဲဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမျိုးဆိုခဲ့ရင်
ပိုအဆင်ပြေတာပေါ့။ နိုင်ငံခြားက သူငယ်ချင်းဆီကို ဖုန်းခေါ်ချင်ရင် အင်တာနက်
ကဖေးဆိုင်ကို သွားထိုင်ပြီး တစ်နာရီလောက် ဖုန်းပြောလိုက်ပေါ့။ အဲ့ကပေးတဲ့
wifi နဲ့ ဖုန်းနဲ့ချိတ်ပြီးတော့။ အော်ဒါနဲ့ပြောဖို့ကျန်သွားပါတယ်။
အဲ့လိုခေါ်ဆိုဖို့အတွက် တစ်ဖက်ဖုန်းမှာလည်းပဲ viber software ရှိရပါမယ်။
အဲ့ဒါဆိုရင် သူ့ဖုန်းကို ကိုကခေါ်မယ်ဆိုတာနဲ့ သူကမေးပါလိမ့်မယ်. viber
နဲ့လား Dialer နဲ့လားပေါ့၊ Dialer ကိုရွေးမိရင်တော့ ငါးပါးမှောက်ပါမယ်။
oversea call နဲ့ပေးရပါလိမ့်မယ်။ အဲ့တော့ viber ကိုရွေးပြီး
ကိုခေါ်ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ ဟိုဖက်က ဟန်းဖုန်းမှာ viber
နဲ့သွားမည်ပါလိမ့်မယ်. သူကလည်း ကိုခေါ်တယ်ဆိုတာ တန်းသိပါတယ်။ ဟိုဖက်က
အိုကေနှိပ်တာနဲ့ ပြောပေတော့ပေါ့။
- အဲ့တော့
ခုနက ပြောတဲ့ iphone (or) android (or) Black berry (or) window phone
အဲ့အမျိုးအစား ၄ မျိုးမှာ အင်တာနက်ရှိနေခဲ့ရင် http://www.viber.com
ကိုသွားပြီး ကို့ဖုန်းအမျိုးအစားကို ရွေးပြီး Download လုပ်လို့ရသလို၊
Android ဖုန်းဆိုရင်တော့ Play store ကနေ အရင်နှိပ်ပြီး search box ထဲမှာ
viber လို့ရိုက်ထည့်လိုက်တာနဲ့ တန်းပေါ်လာပါလိမ့်မယ်။ ရွေးပြီးတော့သာ
download လုပ်လိုက်ပါ။ download လုပ်ပြီးတာနဲ့ install ကို သူ့ဟာသူ
လုပ်သွားပါလိမ့်မယ်။ activate ဖြစ်ဖို့အတွက် မိမိရဲ့ နိုင်ငံနဲ့
ဖုန်းနံပါတ်ကို ရွေးပေးရပါမယ်။ ရွေးပြီး OK နှိပ်တာနဲ့ ဖုန်းထဲကို message
ရောက်လာပါမယ်။ အဲ့ message ထဲက code ကို viber phone activate
ဖြစ်ဖို့အတွက် တောင်းတဲ့အကွက်ထဲမှာ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် viber
ရှိသော မည်သည့် ဖုန်းကိုမဆို ခုခေါ် ခုပြောလို့ရသလို၊ message ပို့ရင်လည်း
ခုပို့ ခုရောက်ပါတယ်။ ကဲပြောမယ့်သူချည်းပဲလို့ ထင်ပါတယ်။
အဲပြောဖို့တစ်ခုကျန်သွားပါတယ်။ play store (or) www.play.google.com ကို
ဝင်ဖို့အတွက် google account လိုအပ်ပါတယ်။ မိမိသုံးနေတဲ့ google account
နဲ့ ၀င်လည်း ရပါတယ်။ ၀င်လို့ရမှသာ application တွေကို ဖရီး Download
လုပ်ခွင့်ရကြမှာပါ။ apple က ထုတ်တဲ့ iphone နဲ့ ipad ကိုတော့ google ကနေ
မထင်မှတ်ဘဲနဲ့ ခဏတာအတွင်း အသုံးပြုသူအရေအတွက်နဲ့ service ကောင်းကောင်းနဲ့
လုပ်ပြလိုက်ပြီဆိုတော့ apple အနေနဲ့တော့ နည်းနည်းမျက်ခုံးလှုပ်သွားမှာ
အမှန်ပါ။ ဘာလို့လဲဆိုတော့ iphone, ipad တွေကို ပြန်သုံးရဖို့အတွက်
jailbreak လုပ်ရလို့ပါပဲ။ android phone မှာ အဲ့ဒါတွေမလိုပါဘူး။
ကြိုက်သလိုသွား၊ ကြိုက်တာ install လုပ်လို့ရပါတယ်။ ကဲအဆင်ပြေမယ်လို့
မျှော်လင့်ပါတယ်။ android သမားများအတွက် မရှာချင်ရင်တော့ အောက်မှာ
တင်ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံက အင်တာနက်ရှိတဲ့ဖုန်း၊
အင်တာနက်လိုင်းရတဲ့နေရာကနေ ဖုန်းကတဆင့် ကျွန်တော့်ဖုန်းကို
လှမ်းဆက်လို့ရပါတယ်။ +66862735597 ပါ။ begin_of_the_skype_highlighting FREE +66862735597 end_of_the_skype_highlightingရတယ်ဆိုရင် စမ်းခေါ်လိုက်ပါ။ phone
number ထည့်လိုက်တာနဲ့ ကို့သူငယ်ချင်းတွေထဲမှာ viber ထည့်ထားတယ်ဆိုရင်
viber ပုံလေး ဖုန်းနံပါတ်နဘေးမှာ ပေါ်နေပါတယ်။ ဘယ်သူထည့်ထားလဲ
ကြည့်လို့ရပါတယ်။ မေးစရာမလိုပါဘူး။
12.10.55
*** ဗိုက်ထဲမှာ ***
…ဥယျာဉ်ထဲမှာ တစ်ခုခုကို မြေဖို့နေတဲ့ မေရီကို ဂျော်နီ မြင်သွားတယ်၊ မျက်လုံးတွေမို့ပြီး ငိုထားတဲ့ပုံပေါက်နေတဲ့ မေရီကို စူးစမ်းချင်စိတ်နဲ့ သူမေးကြည့်တယ်။
“ဘာလုပ်နေတာလဲ မေရီ”
“ငါ့ရွှေငါးလေး သေသွားလို့ သူ့ကို မြေမြုပ်နေတာ” မေရီက မော့မကြည့်ဘဲနဲ့ ပြောတယ်။
“အို ဟုတ်လား၊ ရွှေငါးလေးကို မြေမြုပ်တာ ကျင်းက အကြီးကြီးပါလား” ဂျော်နီ့အသံက ဂရုဏာသံနဲ့ အံ့သြဟန် ရောစွက်နေတယ်။
“ဟုတ်တယ်၊ ငါ့ရွှေငါးက နင်ကြောင်ရဲ့ ဗိုက်ထဲမှာလေ” မေရီက နောက်ဆုံး မြေကြီးတစ်ဆုပ်ကို ဖို့ရင်း ဖြေလိုက်တယ်။
မင်းမဟာ
*** အလောင်းအစား ***
…ဂျော်နီ ကျောင်းအသစ်မှာ ကျောင်းတက်ရမှာမို့ သူ့ဖေဖေက ဆရာမကို လိုက်အပ်တယ်။ သားက အလောင်းအစား အလွန်ဝါသနာပါတဲ့အကြောင်းလည်း ဆရာမကို သူက သတိပေးတယ်။ ဆရာမက ကိစ္စမရှိပါဘူး၊ ဒီထက်မကဆိုးတဲ့ ကျောင်းသားတွေကိုတောင် သူကိုင်တွယ်နိုင်ပါတယ်ဆိုပြီး စိတ်ချလက်ချ ထားခဲ့ဖို့ပြောတယ်။
…ညနေကျောင်းဆင်းချိန်ကျတော့ သူ့ဖေဖေက ဂျော်နီကို လာကြိုရင်း အခြေအနေ ဘယ်လိုရှိသလဲလို့ သူ့ဆရာမကို မေးတယ်။
“ကျွန်မ သူ့အလောင်းအစား ၀ါသနာကို ရိုက်ချိုးပစ်လိုက်ပြီ” ဆရာမက ပြောတယ်။ “သူက ကျွန်မတင်ပါးမှာ မှဲ့ကြီးတစ်လုံးရှိတယ်လို့ ငါးဒေါ်လာကြေး အလောင်းအစား ထပ်လာတယ်။ ခုတော့ သူ ရှုံးသွားပြီလေ”
“တောက်…ဒီကောင်ကွာ” ဂျော်နီ့ဖေဖေ အတော် ဒေါကန်သွားပုံရတယ်။
“ဘာဖြစ်လို့လဲရှင့်” ဆရာမ မျက်စိလည်သွားတယ်။
“မနက်က ဒီကောင် ကျုပ်နဲ့ ဒေါ်လာတစ်ရာကြေး အလောင်းအစား လုပ်သွားတယ်လေ။ ဒီနေ့ ဆရာမ တင်ပါးကို သူရအောင် ကြည့်ခဲ့မယ်တဲ့”

လထက်၁၅ဆမက တောက်ပသည့် ကြယ်တံခွန်တစ်စင်း ကမ္ဘာမြေအနီးမှ ဖြတ်သန်းသွားမည်
၂၀၁၃ခုနှစ်တွင် လထက်၁၅ဆမက တောက်ပသည့် ကြယ်တံခွန်ကြီးတစ်စင်း ကမ္ဘာမြေအနီးမှ ဖြတ်သန်းသွားမည်ဟု ရုရှနိုင်ငံမှ နက္ခတ္တဗေဒပညာရှင်များက တွက်ဆထားကြသည်။ အဆိုပါ ISONကြယ်တံခွန်ကြီးသည် ၁၉၉၇ခုနှစ်တုန်းက ကမ္ဘာမြေအနီးမှ ဖြတ်သန်းခဲ့ဖူးသော ဟေလီကြယ်တံခွန်ကြီးနှင့် အလားသဏ္ဌာန်တူညီသည်။ ယင်းကြယ်တံခွန်များကို ဆယ်စုနှစ်ပေါင်းများစွာကြာမှ ပြန်လည်တွေ့မြင်ရနိုင်သည်ဟု နက္ခပညာရှင် အမွန်ဟေလီက တွက်ဆခဲ့သည်။ ယင်းကြယ်တံခွန်ကြီး၏ ထူးခြားချက်မှာ ယင်းကို၂၀၁၃ခုနှစ်တွင် ကမ္ဘာမြေမှ နေ့ရောညပါ မြင်ရမည်ဟုဆိုသည်။ ယင်းကြယ်တံခွန်ကြီးမှာနေမှ မိုင်ပေါင်း နှစ်သန်းအကွာတွင် လှည့်ပတ်နေသည်။
မှုရင်းလင့် ကတော့  ဒီမှာနော်.......
မင်းမဟာ
မှုရင်းလင့် ကတော့  ဒီမှာနော်.......
မင်းမဟာ
နိုင်ငံတကာသို့ ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆိုနိုင်သည့် Software နှင့် Account ကို အခမဲ့ ရယူနိုင်
နိုင်ငံပေါင်း ၆၀ ကျော်သို့ ဈေးနှုန်းချိုသာစွာဖြင့် ဖုန်းခေါ်ဆိုနိုင်ပြီး Laptop, Desktop နှင့် Android Tablet မှာတင် သာမက အင်တာနက် တပ်ဆင်ထားသော ဖုန်းများတွင်ပါ ထည့်သွင်း အသုံးပြုနိုင်သော MEB Talk 2 Software နှင့် account ကို အခမဲ့ ရယူ ထည့်သွင်းနိုင်ကြောင်း သိရသည်။ အဆိုပါ MEB Talk 2 Software ၏ လုပ်ငန်း ဆောင်ရွက်ပုံမှာ ယခုလက်ရှိ လူသုံးများလျက်ရှိသော Pfingo, Skype နည်းတူ ဖြစ်သော်လည်း ၎င်း၏ ထူးခြားချက်မှာ ဈေးနှုန်း အထူးသက်သာစွာဖြင့် ခေါ်ဆိုနိုင်ခြင်းပင် ဖြစ်သည်။ “အစ်မတို့ Software သုံးပြီးတော့ ဖုန်းခေါ်တဲ့အခါ စင်ကာပူကို တစ်မိနစ် ၁၁ ကျပ် နီးပါး၊ မလေးရှားကို ၁၈ ကျပ်၊ ဟောင်ကောင်နဲ့ ဂျာမနီကို ၁၄ ကျပ်၊ ဂျပန်ကို ၂၄ ကျပ်နဲ့ ထိုင်းကို ၁၆ ကျပ် နီးပါးလောက်ပဲ ကျသင့်ပါတယ်။ ဒီလိုအခေါ်များတဲ့ နိုင်ငံတွေအပြင် တခြားနိုင်ငံ ၆၀ ကျော်ကိုလည်း ဈေးသက်သက်သာသာနဲ့ ခေါ်ဆိုနိုင်မှာပါ။ Software အသုံးပြုနိုင်ဖို့အတွက် Website မှာ Free download နဲ့ account free ရရှိနိုင်ပြီး အဲဒီအတွက် ငွေကြေး ထပ်မံကောက်ခံမှာ မဟုတ်ပါဘူး။ Software ရပြီဆိုရင် အင်တာနက် Connection ရှိတဲ့ ဘယ်နေရာမဆို account ကို သုံးပြီး ဖုန်းပြောနိုင်မှာပါ။ Account ရှိသွားပြီဆိုရင် တစ်ဖက်လူရဲ့ ဖုန်းကနေပြီးတော့လဲ ကိုယ့်ဆီကို ပြန်ခေါ်လို့ရမှာပါ” ဟု MEB Talk 2 Software ဖြင့် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကို ဝန်ဆောင်မှု ပေးလျက်ရှိသော Web Host Myanmar Company Limited မှ မန်နေဂျာ ဒေါ်ခိုင်သန္တာမျိုးက ပြောသည်။
Software နှင့် account ရရှိပြီးပါက ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ကြိုတင် ငွေဖြည့်ထားရမည်ဖြစ်ပြီး ယူရို ၁၀ လျှင် မြန်မာငွေ ၁၂,၀၀၀ ကျပ်၊ ယူရို ၅၀ လျှင် မြန်မာငွေ ၅၅,၀၀၀ ကျပ်၊ ယူရို ၁၀၀ လျှင် မြန်မာငွေ ၁ သိန်းကျပ် စသည်ဖြင့် မိမိထည့်လိုသည့် ပမာဏအလိုက် ထည့်သွင်းထားနိုင်ပါသည်။ ကြိုတင် ငွေဖြည့်ထားရသော်လည်း Expire date မရှိသောကြောင့် မိမိ လိုအပ်သည့် အချိန်မှသာ ပြောနိုင်ပြီး O balance အထိ ပြောနိုင်ကြောင်း သိရသည်။ အသုံးပြုသူသည် မိမိဖုန်းအတွင်း bill မည်မျှ လက်ကျန်ရှိကြောင်း သိရှိလိုပါက Software တွင် တစ်ခါတည်း ပါရှိသော function မှ တစ်ဆင့် ကြည့်ရှုနိုင်ပြီး တချို့ version နိမ့်သော ဖုန်းများမှာ website အတွင်း ဝင်ရောက်၍ လက်ကျန် bill ပမာဏကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ Website လိပ်စာမှာ
www.mebtalk2.com
ဖြစ်ပြီး PC, Android နှင့် iOS အတွက် Software version 3 မျိုး ခွဲခြား တင်ပေးထားသောကြောင့် မိမိအသုံးပြုမည့် စက်ပစ္စည်းအလိုက် သင့်တော်သော Software ကို ရွေးချယ်သုံးရမည် ဖြစ်သည်။ ရန်ကုန်၊ တောင်ကြီး၊ စစ်တွေ၊ မန္တလေးနှင့် မြစ်ကြီးနားတို့တွင် Web Host Myanmar မှ MEBTalk 2 အတွက် Reseller ဆိုင်များ ထားရှိပေးသောကြောင့် software နှင့် account ဖွင့်ခြင်း၊ ငွေဖြည့်ခြင်းတို့ကို ဝန်ဆောင်ခ မယူဘဲ ထည့်သွင်း၍ ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခြင်းလုံးအကြောင်းပုံဖော်ရိုက်ကူးထားသည့် "Chinlone Magic Circle"
မြန်မာ့ခြင်းလုံးအကြောင်းပုံဖော်ရိုက်ကူးထားသည့် "Chinlone Magic Circle" ဇာတ်ကားတိုအား အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာရုပ်ရှင်ပွဲတော်များ
တွင်ပြသမည်
မြန်မာရိုးရာအားကစားနည်းပညာတစ်ခုဖြစ်သည့် မြန်မာ့ခြင်းလုံးအားကစားအကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် "Chinlone Magic Circle" ဇာတ်ကားတိုအား အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် ပြသရန်စီစဉ်ထားသည်ဟု သတင်းရရှိသည်။
အဆိုပါဇာတ်ကားတိုအား ပထမဆုံးပြသမှုအဖြစ် အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့တွင်ပြုလုပ်မည့် မြန်မာ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသမည်ဖြစ်သည်။
"ဒီဇာတ်ကားရိုက်ဖြစ်တာက အမေရိကန်နိုင်ငံမှာနေတဲ့ မိတ်ဆွေတစ်ယောက်က မြန်မာတွေရဲ့ခြင်းလုံးအားကစားအကြောင်းကို ရိုက်ကူးပြချင်တယ်လို့ ပြောလာရာကနေစပြီး စိတ်ကူးဖြစ်သွားတာပါ။ ကိုယ်တိုင်ကလည်းခြင်းလုံးအားကစားအကြောင်းကို စိတ်ပါဝင်စားတယ်။ ခြင်းလုံးလေးတစ်လုံးမြေပေါ်မကျဖို့ကို ပါဝင်ကစားတဲ့လူလေးငါးယောက် က အပေးအယူမျှမျှ စည်းလုံးညီညွတ်စွာနဲ့ ၀ိုင်းဝန်းကစားရတဲ့နည်းပညာဖြစ်တဲ့အတွက် အခြားသောအားကစားနည်းများလိုမဟုတ်ဘဲ စိတ်ပါဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့်တော့ အနိုင်ရလိုစိတ်ကိုအခြေမခံဘဲ အားလုံးအပေးအယူမျှရမယ်ဆိုတဲ့စိတ်ကို အခြေခံတာဖြစ်တဲ့အတွက် ဒီအားကစားနည်းလေးက အင်မတန်ချစ်စရာကောင်းပါတယ်။ ခြင်းလုံး လုပ်ရတဲ့နည်းပညာကအစ နိုင်ငံတကာကသိအောင် ဖော်ထုတ်ချင်တယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီဇာတ်ကားကိုဖန်တီးဖြစ်တာပါ။ အဓိကတော့ခြင်းလုံးအားကစားနည်းအကြောင်းကိုပဲ အခြေခံရိုက်ကူးထားတာပါ။ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့စီစဉ်ထားပါတယ်။ ပြည်တွင်းမှာလည်း ပြသနိုင်ဖို့ကိုစီစဉ်သွားမှာပါ" ဟု အဆိုပါဇာတ်ကားအားဖန်တီးသူ ဒါရိုက်တာကြည်စိုးထွန်းက ရှင်းပြခဲ့သည်။
"Chinlone Magic Circle" ဇာတ်ကားတိုကို ဇာတ်လမ်းဇာတ်ညွှန်းနှင့်ဒါရိုက်တာကြည်စိုးထွန်းရိုက်ကူးထားပြီး သရုပ်ဆောင်ဦးပလာတာ၊ ကောင်းခန့်၊ တိုးမြတ်နိုးဝေနှင့် အခြား သရုပ်ဆောင်များပါဝင်ထားကြသည်။
ယင်းဇာတ်ကားတိုသည် လေးဆယ့်ငါးမိနစ်စာရိုက်ကူးထားခြင်းဖြစ်ပြီး အင်္ဂလိပ်စာတန်းရေးထိုးထားသည်ဟုသိရသည်။ အဆိုပါ ဇာတ်ကားတိုကို အမေရိကန်နိုင်ငံလော့အိန်ဂျလိစ်မြို့တွင် ပြုလုပ်သည့်မြန်မာရုပ်ရှင်ပွဲတော်တွင် အောက်တိုဘာလ ၇ ရက်နေ့နှင့် ၁၄ ရက်နေ့များ၌ ပြသမည်ဖြစ်သည်။

ညဏ်ကြီတဲ့  သတင်းထောက်
နားနားနေနေစိတ်အပန်းဖြေ
ဉာဏ်ကြီးတဲ့ သတင်းထောက်
လမ်းမကြီးတစ်ခုပေါ်မှာ ယာဉ်တိုက်မှုဖြစ်တဲ့အခါ ထုံးစံအတိုင်းလူတွေဝိုင်းအုံခဲနေပါတော့တယ်။ အဲဒီအချိန်မှာ သတင်းထောက်တစ်ယောက်ရောက်လာကာ လူအုပ်ကြီးကို ကြည့်ပြီး ကားနားဆီ တိုးဝှေ့မသွားနိုင်မှာကို စိုးရိမ်သွားတာကြောင့်"လမ်းဖယ်ပေးကြပါ ခင်ဗျာ..၊ လမ်းဖယ်ပေးကြပါခင်ဗျာ ..၊ ကျွန်တော်က အတိုက်ခံရသူရဲ့သားပါ"လို့ ခပ်ကျယ်ကျယ်လေး အော်ဟစ်အသံပေးလိုက်ပါတယ်။ လူအုပ်ကြီးက သူ့ကို ဂြိုဟ်သားတစ်ယောက်လိုဝိုင်းကြည့်ကြပြီး ချက်ချင်းဆိုသလိုပဲ လမ်းဖယ်ပေးတာကြောင့် သတင်းထောက်ဟာ ကားနားကို ရောက်သွားပါတော့တယ်။ ကားရှေ့မှာ လဲကျနေတာကတော့ ခွေးတစ်ကောင်ပဲ ဖြစ်ပါတယ်။- မင်းမဟာ
ယဉ်ကျေးမှုသင်တန်းပေးလို့ သူများအတွက်.....သတင်းကောင်း
လူငယ်ယဉ်ကျေးမှုနည်းပြ သင်တန်း ဖွင့်မည်
- ချယ်ရီသိန်း | Thursday, 11 October 2012
3
ကျင်းပသော 'ဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးမှုနည်းပြသင်တန်း'ကို နိုဝင်ဘာ ၅ ရက်မှ ၉ ရက်နေ့
အထိ အလုံမြို့ နယ် စကားစိမ်းလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ သာသနာ့ အလင်းရောင်ဓမ္မာရုံ၌
ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အသက် ၁၈ ပြည့်ပြီးသူ၊
ဗုဒ္ဓဘာသာ အခြေခံရှိပြီး ယဉ်ကျေးမှုသင်တန်း များတွင် သင်တန်းနည်းပြအဖြစ် ဆောင်ရွက်လို
သူများ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက် အကျိုး ဆောင်လိုသူများ တက်ရောက်နိုင်သည်။
စိတ်ပါဝင်စားသူများသည် ဖုန်း-၃၈၂ ၉၃၅၊ ၃၇၁၈၀၀ (လိုင်းခွဲ-၃၆၄)၊ ၀၉ ၅၀၇ ၉၆၇၄ သို့
စုံစမ်းနိုင်သည်။ မှူရင်လင့် ကတော့  ဒီမှာပါ သွားရောက်လေ့လာနိုင်ပါတယ်
မင်းမဟာ
สมัครสมาชิก:
บทความ (Atom)