ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

21.6.56

Webcam ကို CCTV Camera လိုသုံးနိုင်တဲ့ SecurityCam 1.6.0.2 Full Version ပါ



 

မိမိရဲ့ Vzo ချက်တဲ့အခါသုံးတဲ့ Camera ကို လုံခြုံရေး Camera အဖြစ်ပြောင်းပေးမယ့် Software အလန်းလေးတစ်ခုတင်ပေးလိုက်ပါတယ်..။


ယ်လို အသုံးဝင်လဲဆိုရင် မိမိအပြင်သွားတဲ့အခါမှာ ဒီ Software ကိုဖွင့်ထားခဲ့ပါ... မိမိကွန်ပျူတာအနားမှာ မရှိစဉ်အချိန်..ကွန်ပျူတာရှေ့မယ် ဖြစ်ပျက်ခဲ့သမျှ လှုပ်ရှားမှုမှန်သမျှကို ဓာတ်ပုံနဲ့ဖြစ်စေ..Video Movie အနေနဲ့ဖြစ်စေ မှတ်တမ်းတင်ထားနိုင်ပါ..ဒါအပြင် ကင်မရာမြင်ကွင်းရှေ့မှာ လှုပ်ရှားမှုရုတ်တရက်ပေါ်လာရင်လဲ Audio အသံနဲ့အချက်ပြပေးပါတယ်..။ ကင်မရာ ပါတဲ့ဖုန်းတွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသေးတယ်..ထို့အပြင်..အဝေးတစ်နေရာ အင်တာနက်ကနေတစ်ဆင့်လဲ Remote Control ပြုလုပ်လို့ရပါတယ်..ဘယ်လိုဘဲဖြစ်ဖြစ် ကွန်ပျူတာတစ်လုံး .. Webcam တစ်ခုရှိရုံနဲ့ CCTV ကင်မရာ လိုမျိုး အသုံးပြုလို့ရမှာပါ..ဥာဏ်ရှိရင်ရှိသလို အသုံးပြုနိုင်ပါတယ်ခင်မျာ။


>>Download Here<< 

>> ViewClick Here <<

5.5.56

သာသနာအဒွန်ရှည်စေဖို့ရည်ရွယ်တဲ့ သတင်းကောင်းလေးပါ...


   
ရန်ကုန်နှင့် နယ်များရှိ စာသင် သံဃာ များ အတွက်(free) စရိတ်ငြိမ်းပို့ပေးပါမည်။ မှာယူအလှူခံနိုင်ပါတယ်ဘုရား။

မြန်မာပြည်အရပ်ရပ်ရှိ စာသင် သံဃာ တွေ အတွက် ပိဋကတ် သုံးပုံ DVD သင်ထောက်ကူ Application အစုံအလင်( အဘိဓာန်နှင်ပိဋကတ် သုံးပုံ)အလှူ ကို ရန်ကုန်နှင့် နယ်များရှိ စာသင် သံဃာ များ အတွက်(free) စရိတ်ငြိမ်းပို့ပေးပါမည်။ မှာယူအလှူခံနိုင်ပါတယ်ဘုရား။

ပိဋကတ် သုံးပုံ DVD များကို သြစတြေးလျရှိ ဒေါက်တာ တစ်ဦး၊စင်ကာပူမှ မအိခိုင်ဝင်း နှင့် အခြားအလှူရှင်များ စုပေါင်းပြီးလှူဒါန်းထားပါသည်။ မည်သည့်အရပ်၊မည်သည့် စာသင် သံဃာ မဆို မှာယူနိုင်ပါပြီ။
...

လိပ်စာပေးရုံဖြင့် သက်ဆိုင်ရာ ကားဂိတ်အရောက် စရိတ်ငြိမ်းပို့ဆောင်ပေးမည် ဖြစ်သောကြောင့် အမြို့မြို့ အနယ်နယ်ရှိ ဒကာ၊ဒကာမ များကလည်း မိမိတို့ ၏ စာသင်ရဟန်းများအတွက် ဆက်သွယ်မှာယူနိုင်ပါပြီ။ ( ပိုက်ဆံပေးရန်မလိုပါ။)

စာသင် သံဃာများအတွက် စိန်ရတနာကျောင်းတိုက်မှ ပိဋကတ် သုံးပုံ DVD များကို ဖတ်ရှုလေ့လာသူများ လွယ်ကူစေရန် တီထွင်စီစဉ်ထားသောကြောင့်
ယခုမှ စပြီးဖုန်းဖြင့် လည်းကောင်း၊ facebook မှ message ဖြင့်လည်းကောင်း ကြိုတင် စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါ
တယ်။

သာသနာတခေတ်တွင် မထင်မှတ်လောက်အောင် ကောင်းမွန်သော သင်ထောက်ကူပြု ၊ အဘိဓာန် ၊ ပိဋကတ် သုံးပုံ ပါဝင်သော DVD များကို လေ့လာကြည့် ရန်တိုက်တွန်းပါတယ်ဘုရား၊

ရန်ကုန်ရှိ စာသင် သံဃာမျူာ့း မြို့ မကျောင်းလမ်းရှိ စိန်ရတနာကျောင်းတိုက်တွင်လည်း သွားရောက်ထုတ်ယူနိုင်ပါသည်ဘုရား

နိုင်ငံရပ်ခြားမှ မှာယူလိုသူများ လူကြုံ ရှိပါက မှာယူရန် အဆင်ပြေနိုင်ပါသည်။

နီးစပ်ရာ သံဃာများအတွက် မှာယူလိုသူများ၊ သံဃာများကိုယ်တိုင်သော်လည်းကောင်း အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ် မှာယူပါ။

ယခု သတင်းကောင်းကို ရှယ်ခြင်းဖြင့်လည်း ကုသိုလ်ယူနိုင်ပါပြီ။

သာသနာအတွက် အုတ်မြစ်ဖြစ်သောဘုရားဟော ပိဋကတ် သုံးပုံ အာဂုံဆောင်နိုင်သူ ၊လေ့လာသူများ ပွားများစေရန် ရည်သန်ပါသည်။

ဆက်သွယ်ရန်
မနန်းမွန်း -094480000477

အနှိုင်းမဲ့စာတိုပေစများ
www.infinitydhamma.com  ဒီဆိုက်မှာလည်းသွားရောက်လေ့လာနိုင်ပါတယ်............
                                                                                            မောင်မင်းမဟာ
                                                                                                                              mmahar150@gmail.com