ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

24.9.55

သမ္မတရုံးဝက်ဆိုဒ်မှဆေင့်  သမ္မတထံသို့  တိုက်ရိုက်တိုင်ကြားနိုင်

မကြာသေးမီက အသစ်ပြန်လည်မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် သမ္မတထံ အင်တာနက်မှ တိုက်ရိုက်တိုင်ကြားနိုင်သည့် ကဏ္ဍတစ်ခု ထပ်မံဖြည့်စွက်ထားပြီး ယင်းကဏ္ဍအား အသုံးပြုကာ ပြည်သူများအနေဖြင့် သမ္မတထံသို့ တိုက်ရိုက် တင်ပြနိုင်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ တင်ပြစရာများ၊ မကျေနပ်ချက်များ၊ တိုင်ကြားချက်များကို သမ္မတရုံး၏ ဝက်ဘ်ဆိုက် စာမျက်နှာပေါ်မှတစ်ဆင့် တိုင်ကြားနိုင်ပြီဖြစ်ကြောင်း www.president-office.gov.mm တွင် ဖော်ပြထားသည်။
ပေးပို့တိုင်ကြားသူများသည် ၎င်းတို့ တိုင်ကြားသူ၏ အမည်၊ နေထိုင်ရာဒေသ၊ အီးမေးလ်လိပ်စာ၊ တိုင်ကြားလိုသည့် အကြောင်းအရာများကို သတ်မှတ်နေရာများတွင် ဖြည့်စွက်ရေးသားကာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက် စာမျက်နှာပေါ်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တိုင်ကြားနိုင်မည့် အဆိုပါ ပြည်သူ့အသံဆိုသည့် ကဏ္ဍတွင် တိုင်ကြားလိုသူများသည် အထက်ပါအချက်အလက်များအပြင် ဓာတ်ပုံများကိုလည်း ပူးတွဲ ပေးပို့နိုင်မည် ဖြစ်သည်။
ယခုကဲ့သို့ နိုင်ငံတော်သမ္မတရုံးအနေဖြင့် အင်တာနက်ပေါ်မှတစ်ဆင့် သမ္မတထံ တိုင်ကြားစာကဏ္ဍတစ်ခုကို ဖွင့်လှစ်လိုက်ခြင်းနှင့် ပတ်သက်ပြီး  ကွန်ပျူတာပညာရှင်အချို့က ထိုဝက်ဘ်ဆိုက်သည် အချိန်ပြည့် အလုပ်လုပ်ရန် လိုအပ်ကြောင်းနှင့် တိုင်ကြားချက်များထဲမှ အများပြည်သူ သိသင့်သည့် တိုင်ကြားမှုများနှင့် သမ္မတရုံးမှ  ဖြေရှင်းပေးမှုများကိုလည်း လွှင့်တင်ပေးနိုင်မည် ဆိုပါက ပိုမို ပြည့်စုံသည့် ပြည်သူနှင့် အစိုးရ အင်တာနက်ကြားခံပြီး တစ်ဆင့် ထိတွေ့နိုင်မည့် အောင်မြင်သော ကဏ္ဍတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားကြသည်။ မြန်မာနိုင်ငံအစိုးရဌာန အသီးသီးသည် ၎င်းတို့ဌာနများနှင့် စပ်လျဉ်း၍ ကိုယ်ပိုင်ဝက်ဘ်ဆိုက်များ ရေးဆွဲကာ လွှင့်တင်လာကြသော်လည်း အများစုမှာ အချိန်နှင့်တစ်ပြေးညီမရှိဘဲ အပြသဘော ဖြစ်နေကြောင်း အထက်ပါ ကွန်ပျူတာပညာရှင်အချို့က ဆိုကြသည်။ ပြန်လည်ပြင်ဆင်လွှင့်တင်လိုက်သည့် အဆိုပါ သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင်  ယခင်က မပါရှိခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကဏ္ဍနှင့် အသံဖိုင်များ ရယူနားဆင်နိုင်သည့် ကဏ္ဍများအပြင် အခြားသော ကဏ္ဍအချို့ကိုပါ ထပ်မံဖြည့်စွက်ထားသည်။
                ဒီသတင်းကို    ကိုဝေယံ  ဆိုက်က  ယူလာတာပါ  မှူရင်သတင်းကိုတော့   ဒီလင့် မှာ  သွားဖတ်ပါ
http://www.shwemantarlaywaiyan.blogspot.com/2012/09/blog-post_6558.html     သူငယ်ချင်းအားလုံကို
ထာဝရ ခင်မင်လျက်
                                                                                                             မင်းမဟာ
                                                                                                 mmahar150@gmail.com