ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

31.8.58

Cracker Barrel Games For IOS




Cracker Barrel Games app သည် app တစ်မျိုးတည်းတွင် ဂိမ်းငါးမျိုးခန့်ကို ထည့်သွင်းပေးထားသည့် game app တစ်ခု ဖြစ်သည်။ Solitaire, Peg Game, Checkers, Memory Match, Spot the Difference အစရှိသည့် ဂိမ်းအမျိုးအစား ငါးမျိုးပါဝင်မည်ဖြစ်သည်။

အဆိုပါ app ကို iTunes တွင် အခမဲ့ ရရှိနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 95.4 MB ခန့် ရှိမည်ဖြစ်သည်။ iOS version 7.0 နှင့် အထက်တွင် ထည့်သွင်းအသုံးပြုနိုင်ရန် စီစဉ်ထားသည့် ဂိမ်း app အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit  internetjournal
Thiha Htike(THT)
 (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

Unit Converter For Android








Unit Converter app သည် ငွေကြေးနှင့် အတိုင်းအထွာများ၊ အပူချိန် အစရှိသည်တို့ကို အလွယ်တကူ တွက်ချက်ပေးနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app တွင် Basic, Living, Science, Misc ဟူ၍ ခွဲခြား ပေးထားသည်။ Basic အောက်တွင် အလျားအနံ တွက်ချက်ပုံ၊ Area တွက်ချက်ပုံနှင့် အခြားသော အလေးချိန် ချိန်တွယ်ပုံ အစရှိသည်တို့ကို ထည့်သွင်းပေးထားသည်။

Download ပြုလုပ်လိုသူများအနေဖြင့် အခမဲ့ download ပြုလုပ်နိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 3.1 MB ခန့်သာ ရှိမည်ဖြစ်သည်။ Android 2.3 နှင့်အထက်တွင် ထည့်သွင်း အသုံး ပြုနိုင်မည့် app တစ်ခု ဖြစ်သည်။  အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit  internetjournal
Thiha Htike(THT)
 (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

Twitch နှင့် ယှဉ်ပြိုင်ရန် YouTube Gaming ဝက်ဘ်ဆိုက်ကို Google မိတ်ဆက်





Google သည် Amazon မှ ပိုင်ဆိုင်သော Twitch ကိုယှဉ်ပြိုင်ရန် YouTube Gaming ဝက်ဘ်ဆိုက်ကို စတင်ခဲ့ကြောင်း သိရသည်။ Google အနေဖြင့် ဗွီဒီယိုဂိမ်း ဗွီဒိယိုလွှင့်ပေးမည့် YouTube Gaming ဝက်ဘ်ဆိုက်ကို ဗုဒ္ဓဟူးနေ့က စတင်ခဲ့ကြောင်း BBC ကဖော်ပြခဲ့သည်။

အဆိုပါ ဝက်ဘ်ဆိုက်နှင့် app သည် YouTube ပေါ်ရှိ ဂိမ်းဆိုင်ရာ အကြောင်းအရာများစွာ စုစည်းပေးမည် ဖြစ်သည်။ ၎င်းဝက်ဘ်ဆိုက်တွင် တစ်နေရာထဲ၌ ဂိမ်းတစ်ခုစီနှင့် ပတ်သက်သည့် ဗွီဒီယိုနှင့် အကောင်းဆုံး တိုက်ရိုက်ထုတ်လွှင့်မှုများ စုဆောင်းထားသည့် စာမျက်နှာမှ အကြောင်းအရာပေါင်း ၂,၅၀၀ ကျော်ရှိသည်။ အဆိုပါဆိုက်တွင် ဂိမ်းနှင့်ပတ်သက်သော အကြောင်းအရာများကို လွယ်ကူစွာ ရှာဖွေနိုင်ရန် ကိုယ်ပိုင်ရှာဖွေမှုများ ပြုလုပ်နိုင်သည်။

၎င်းဝက်ဘ်ဆိုက်၏ အားသာချက်မှာ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီး ၎င်း feature သည် app သစ်တွင် အဓိကျလာမည် ဖြစ်ကြောင်း YouTube ကပြောကြားထားသည်။ နှစ်အနည်းငယ်အတွင်း ဂိမ်းသည် အွန်လိုင်းဗွီဒီယို အခန်းကဏ္ဍ၏ အရေးပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။

YouTube ၏ follow အပြုလုပ်ခံရဆုံး ကြယ်ပွင့်ဖြစ်သူ PewDiePie သည် အသက်၂၀ ဝန်းကျင်ရှိကာ “Let’s Play” ဟုအမည်ရသော လူသိများသည့်ပုံစံဖြင့် နာမည်ကျော် ဂိမ်းများ ကစားပြလျက်ရှိသည့် ဆွီဒင် gamer တစ်ဦးဖြစ်သည်။ Twitch သည်လည်း ဂိမ်းဝါသနာရှင်များက တိုက်ရိုက် ဂိမ်းကစားမှုများ ကြည့်ရှုခြင်း သို့မဟုတ် ဂိမ်းနှင့်ပတ်သက်သည့် ပွဲစဉ်များကို မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်နိုင်သည့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။

Ref: Time
Credit  internetjournal

 Thiha Htike(THT)

ဘန်ကောက် ဘတ်စ်ကားများတွင် အခမဲ့ Wi-Fi အသုံးပြုနိုင်မည်





ဆက်သွယ်ရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ဘန်ကောက်မြို့တွင် ပြေးဆွဲနေသော အများသုံး အဲကွန်းဘတ်စ်ကားများတွင် ကြော်ငြာပါဝင်သော အခမဲ့ WiFi ဝန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်ရန်အတွက် Pan B Media ထံ လိုင်စင်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လိုင်စင်ကို National Broadcasting နှင့် Telecommunications Commission ၏ ဆက်သွယ်ရေးအဖွဲ့က သောကြာနေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
Plan B Media သည် ၁၅ မိနစ်လျှင် တစ်ကြိမ် ၁၀ စက္ကန့်စာ ကြော်ငြာပြသမည့် အခမဲ့ ဝန်ဆောင်မှုကို ထောက်ပံ့ရန်အတွက် Bangkok Mass Transit Authority နှင့် သဘောတူညီမှု ရရှိခဲ့သည်။

သုံးစွဲသူများသည် ၎င်းတို့၏ စမတ်ဖုန်းများပေါ်တွင် Wi-Fi ကို ဖွင့်ရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Wi-Fi ချိတ်ဆက်ပြီးသည့်အခါတွင် ၎င်းတို့၏ ဆဲလ်ဖုန်းနံပါတ်နှင့် မွေးနေ့တို့ဖြင့် မှတ်ပုံတင်ပြီးနောက် SMS ဖြင့် password တစ်ခုကို လက်ခံရရှိမည် ဖြစ်သည်။

အခမဲ့ Wi-Fi ပထမဦးဆုံး ရရှိမည့် ဘတ်စ်ကားလိုင်းများမှာ 39, 510, 520, 555, 26, 60, 514, 511, 36, 73, 16, 503, 23, 70, 79, 515 နှင့် 556 တို့ ဖြစ်သည်။

Ref: Bangkok Post/Richard Barrow
Credit internetjournal
Thiha Htike(THT)

မြန်မာငွေပေးချေရေးအဖွဲ့က အကြွေးဝယ်ခွင့်ကတ် သုံးစွဲမှုကို ဗဟိုဘဏ်နှင့် ပူးပေါင်းပြီး Online စနစ်ဖြင့် ထိန်းချုပ်သွားမည်





မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ခွင့်ပြုပေးလိုက်ပြီဖြစ်သည့် အကြွေးဝယ်ခွင့်ကတ် (Credit  Card) သုံးစွဲမှုကို Online ချိတ်ဆက်မှုဖြင့် စနစ်ကျသည့် စီမံခန့်ခွဲမှုများဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း မြန်မာငွေပေးချေရေးအဖွဲ့ (MPU-Myanmar Payment Union) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်ဝန်းကျင်ကဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းဘဏ်လုပ်ငန်းအချို့ ပိတ်သိမ်းခဲ့ရသည့် အဖြစ်အပျက်များ ကို အခြေခံပြီး အကြွေးဝယ် ကတ် သုံးစွဲမှုကို မြန်မာနိုင်ငံတော် ဗဟို ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်း များ ပူးပေါင်း၍ စီမံခန့်ခွဲသွား မည်ဟု သိရသည်။

ထို့အပြင် ပြည်တွင်းဘဏ် လုပ်ငန်းအချို့ ပြိုလဲခဲ့သည့် အချိန်ကာလ အတွင်းက အကြွေးဝယ်ခွင့်ကတ်များနှင့် ပတ်သတ်၍ အမည်မည်းစာရင်း မှတ်တမ်းရှိခဲ့သူများ အားလည်း အဆိုပါ ကတ်များအား ပြန်လည်သုံးစွဲခွင့်ပေးမည့် ယခု တစ်ကြိမ်တွင် စိစစ်သွားမည်ဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“၂၀၀၃ ကဖြစ်ခဲ့တဲ့ ဘဏ်လုပ်ငန်းအချို့ ပိတ်သိမ်းခဲ့ရတာကို သင်ခန်းစာယူပြီး ဒီတစ်ကြိမ်မှာ စနစ်တကျနဲ့ လုပ်ပေးသွားမယ်။ အရင်တစ်ခေါက်က black list အသွင်း ခံထားရသူတွေကို သေသေချာချာ ဆန်းစစ်သွားမယ်။ အဓိကကတော့ ပြီးခဲ့တဲ့ တစ်ခေါက်က အတွေ့အကြုံကို အခြေခံပြီး စီမံခန့်ခွဲမှုကို သေချာလုပ်ရမယ်။ ကတ်သုံးစွဲမှုကို စနစ်တကျ ထိန်းချုပ်ရမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

MPU အဖွဲ့ဝင်ဘဏ်များ၏ အကြွေးဝယ်ခွင့်ကတ်များ အသုံး ပြုခွင့်ရရှိရန် တင်ပြချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် လအနည်းကမှ ခွင့်ပြုပေး လိုက်ခြင်းဖြစ်ပြီး ၂၀၀၃ ပြည်တွင်း ဘဏ်လုပ်ငန်း အချို့ ပြိုလဲမှုဖြစ် ပေါ်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်ပြန်လည်ထုတ်လုပ်ခွင့် ရရှိ ခြင်းဖြစ်သည်။

ယခုလက်ရှိတွင် MPU အဖွဲ့ဝင် ဘဏ်လုပ်ငန်း ၂၀ အနက် ၁၅ ဘဏ်သည် အဆိုပါ အကြွေး ဝယ် ကတ်ထုတ်ဝေခွင့်ကို ရရှိထားပြီ ဖြစ်ပြီး ကမ္ဘောဇဘဏ်သည်ယင်း ကတ်သုံးစွဲမှုကို စတင်လုပ်ဆောင် ပေးနေပြီဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)

iPhone 5c ရောင်းချမှု ရပ်ဆိုင်းရန် Apple စီစဉ်နေ





Apple သည် စက်တင်ဘာလတွင် ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပမည့် ပွဲတွင် iPhone 6s နှင့် iPhone 6s Plus တို့ကို မိတ်ဆက်ပေးသည်နှင့် တစ်ပြိုင်နက် iPhone 5c ရောင်းချမှုကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

အဆိုပါ သတင်းဌာန၏ အဆိုအရ Apple သည် ၄ လက်မ screen ပါဝင်သော စမတ်ဖုန်းသစ်တစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း၊ သို့ရာတွင် ၎င်းကို ယခုနှစ်တွင် တင်ပို့ရောင်းချရန် အဆင်သင့် မဖြစ်သေးကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က Apple သည် ၄.၇ လက်မနှင့် ၅.၅ လက်မ screen အသီးသီးပါဝင်သော iPhone 6 နှင့် iPhone 6 Plus တို့ကို မတ်ဆက်ပေးခဲ့သည်။ ယခင် iPhone 5s တွင်မူ ၄ လက်မ display ကို အသုံးပြုခဲ့သည်။

iPhone 5c ရောင်းချမှုကို ရပ်ဆိုင်းရခြင်းမှာ နှေးကွေးသော ပရိုဆက်ဆာကဲ့သို့သော feature အဟောင်းများနှင့် ရောင်းအားနည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း 9to5Mac မှ ဆိုခဲ့သည်။

စက်တင်ဘာလ ၉ ရက်တွင် ကျင်းပမည့် Apple ပွဲတွင် နောက်ဆုံးပေါ် iPhone နှင့်အတူ အဆင့်မြှင့်ထားသော Apple TV set-top box တို့ကို မြင်တွေ့ရဖွယ်ရှိသည်။

Ref: USAToday
Credit  internetjournal
Thiha Htike(THT)

iPhone 6s တွင် Apple Watch ကဲ့သို့သော animated background များ ပါဝင်လာဖွယ်ရှိ





အသစ်ထွက်ပေါ်လာသော သတင်းများအရ Apple သည် iPhone 6s နှင့် iPhone 6s Plus တွင် Apple Watch ၌ အသုံးပြုထားသော ဆန်းသစ်လှပသည့် animated wallpaper များကို ထည့်သွင်းရန် စီစဉ်နေကြောင်း သိရသည်။

Apple Watch သုံးစွဲသူများသည် သက်ဝင်လှုပ်ရှားနေသော ရေခူ၊ လိပ်ပြာများနှင့် ပန်းပွင့်များကို background အနေဖြင့် ရွေးချယ်အသုံးပြုနိုင်ပြီး iPhone သစ်တွင် ပါဝင်မည့် wallpaper များတွင် ရွှေငါးကြင်း၊ ပန်းပွင့်များနျှင့် အရောင်အသွေးစုံလင်သော မီးခိုးမှုန်များဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။
cnBeta ဟုခေါ်သော တရုတ်ဆိုက်တွင်မူ ရွှေရောင်နှင့် အနက်ရောင် ရွှေငါးကြင်းပုံ ပါဝင်သော iPhone 6s Plus ဘူး၏ ဓာတ်ပုံ ထွက်ပေါ်လာခဲ့သည်။



iPhone 6s နှင့် 6s Plus တွင် 4K ဗီဒီယို ရိုက်ကူးနိုင်သော 12MP ကင်မရာသစ် ပါဝင်လာဖွယ်ရှိပြီး အရှေ့ဘက်ကင်မရာက 1080p ဗီဒီယိုကို ရိုက်ကူးနိုင်ဖွယ်ရှိသည်။

ထို့အပြင် ၎င်းဖုန်းသစ်များတွင် သုံးစွဲသူ၏ screen ပေါ် ဖိနှိပ်သည့်အားကို သိရှိကာ ကွဲပြားသော လုပ်ဆောင်ချက်များ ပြုလုပ်နိုင်စေမည့် Force Touch နည်းပညာ ပါဝင်လာဖွယ်ရှိကြောင်း၊ အဆိုပါ နည်းပညာသည် သုံးစွဲသူများအား menu များရှိ option များကို ပိုမိုလျင်မြန်စွာ ရှာဖွေစေနိုင်မည် ဖြစ်ကြောင်း သိရသည်။

လတ်တလော ပျံ့နှံ့နေသည့် ကောလာဟလ သတင်းများတွင်မူ iPhone သစ်များကို ပန်းရောင်သမ်းသော ရွှေရောင် (rose-gold) ဖြင့် မြင်တွေ့ရဖွယ်ရှိကြောင်း ဆိုသည်။
Vodafone ဝန်ထမ်းတစ်ဦး၏ အီးမေးလ် ပေါက်ကြားချက်အရမူ Apple ဟန်းဆက်သစ်များကို စက်တင်ဘာလ ၁၈ ရက်တွင် ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၂၅ ရက်တွင် စတင်ရောင်းချမည်ဟု သိရသည်။

Ref: Telegraph
Credit internetjournal

Thiha Htike(THT)

29.8.58

iPhone ပုံစံတူပြီး သူ့ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် HTC Aero သို့မဟုတ် HTC A9

htc aero


HTC Aero သို့မဟုတ် HTC A9 လို့ အမည်ပေးထားတဲ့ ဖုန်းကို ပုံမှာ ယခုလို မြင်တွေ့ရမှာပါ။ ထိုင်ဝမ် အခြေဆိုက် HTC ကုမ္ဗဏီအနေနဲ့ လက်ရှိ Apple ရဲ့ အသစ်ထွက်လာမယ့် iPhone 6S ကို ယှဉ်ပြိုင်မယ့် အဆင့်မြင့် စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။



ထူးခြားချက်ကတော့ ပုံစံတူနေခြင်းပါပဲ။ အရွယ်အစားသာ ကြီးသွားပေမယ့် ဖုန်းရဲ့ ဘေးနားက အချိုးအကွေ့တွေ၊ ပလက်စတစ်လိုင်းတွေက တူနေပါတယ်။ သတ္တု ကိုယ်ထည်ဖြင့် လုပ်တဲ့ စမတ်ဖုန်း ပါပဲ။ Apple ရဲ့ iPhone 6S ထက် သာလွန်တဲ့ စမတ်ဖုန်း ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ တရားဝင် သတင်းများ ထွက်ရှိခြင်း မဟုတ်ပေမယ့် တရုတ်အခြေဆိုက် သတင်းမီဒီယာများကနေ ဖော်ပြလာခြင်းပါ။ iPhone killer လို့တောင် အမည်ပေးထားပါတယ်။ အဓိက ထူးခြားတဲ့ အစိတ်အပိုင်းကတော့ Processor ဖြစ်ပါလိမ့်မယ်။

deca-core Helio X20 SoC ကို အသုံးပြုထားပါတယ်။ သူများတွေ Octa Core Processor နဲ့ ထုတ်လုပ်နေချိန်မှာ Octa Core ထက် နှစ်ဆ ပိုတဲ့ Core အရေအတွက်ပါ Processor ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒီတော့ Technically အရ ပြောမယ်ဆိုရင် သူ့ရဲ့ Processing speed က လက်ရှိ Octa Core စမတ်ဖုန်းတွေထပ် နှစ်ဆ မြန်မယ်ပေါ့။

Technical ကို Detail ကျကျ ပြောရရင် ဖုန်းတစ်လုံး မြန်တယ် မမြန်ဘူး ဆိုတာ Processor ရဲ့ ထောက်ပံ့မှုနဲ့အတူ RAM အပြင် အခြားသော Technical အစိတ်အပိုင်းများရဲ့ လိုက်ဖက်ညီစွာ ထောက်ပံ့ပေးနိုင်မှုနဲ့လည်း သက်ဆိုင် ပါသေးတယ်။ သူ့ရဲ့ RAM ကတော့ 4GB ပါဝင်ပြီး ဘက်ထရီက 3500 mAh ပါ။ ဖုန်း မျက်နှာပြင် အရွယ်အစားက ၅.၂ လက်မ ရှိပါတယ်။

သူတို့ ပြောထားသလိုပဲ တကယ် iPhone killer ဟုတ်မဟုတ်ဆိုတာ စောင့်ကြည့်ရအောင်။ နောက်လဆန်းလောက်ဆိုရင် အသေးစိတ် သတင်းထုတ်ပြန်ကြေညာတော့မယ်လို့ သိရပါတယ်။
.
Ref: Dailymail
Credit MMAS 

Thiha Htike(THT)

iOS 9 တွင် Safari လုပ်ဆောင်ချက် နှစ်ဆ ပိုမြန်လာမည်

safari


Apple ရဲ့ iOS 9 မှာ Safari ရဲ့ လုပ်ဆောင်ချက်ဟာ ၂ဆ မြန်ဆန်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အင်တာနက် အသုံးပြုမှု Data Usage ကလည်း ယခင်ထက် ၂ ဆ သက်သာမှာ ဖြစ်ကြောင်း ဆိုပါတယ်။



Apple ရဲ့ iPhone နဲ့ iPad တို့မှာ ပါဝင်တဲ့ Safari ဟာ နှေးပြီး Google Chrome နဲ့ ယှဉ်တဲ့အခါ နှေးကြောင်း ပြောဆိုခံရမှုပေါင်း များစွာ ရှိကြ ပါတယ်။ ဒါကြောင့်မို့ ယခု iOS 9 အသစ်မှာ Safari ရဲ့ လုပ်ဆောင်ချက်ကို ပိုမို မြင့်တင်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ နောက်တစ်ခုက Wi Fi Assist ဆိုတဲ့ Feature ကြောင့် Wi-Fi နဲ့ Mobile Data ပြိုင်တူ ဖွင့်ထားတဲ့ အခါ Wi-Fi အားနည်းရင် Mobile Data ကို အသုံးပြုပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Safari ရဲ့ loading ဖြစ်မှုကို အတတ်နိုင်ဆုံး မြန်ဆန်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

iOS 9 ကို လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ Apple ရဲ့ iPhone 6S နဲ့ 6S Plus ကို မိတ်ဆက်တဲ့အခါ iOS9 ကို pre install အနေနဲ့ ထည့်ထားပေးမှာ ဖြစ်ပါတယ်။
.
Ref: dailymail
Credit MMAS

Thiha Htike(THT)

Apple ရဲ့ ဝန်ထမ်းတစ်ဦး ဖြန့်လိုက်တဲ့ iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ သတင်း

iPhone 6 rumor
စက်တင်ဘာလ ၉ ရက်နေ့မှာ မိတ်ဆက်ပြသမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့မှာပါဝင်တဲ့ ကင်မရာဟာ 12 MP ဖြစ်လာနိုင်ကြောင်း ကောလဟာလတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီကောလဟာလဟာလည်း Apple စက်ရုံ Foxconn မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်က ရုံးတွင်းစာရွက်ပုံများ နှင့်တကွ ထုတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီပုံကို လူတိုင်းသိပ်သတိမထားမိခင်မှာပဲ ကနဦးက ဓါတ်ပုံ လွှင့်တင်ခဲ့တဲ့ တရုတ် ဝက်ဘ်ဆိုဒ်မှာ ဖျက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ Sogi ဆိုတဲ့ ဝက်ဘ်ဆိုဒ်နဲ့ GSMArena ဆိုတဲ့ ဝက်ဆိုဒ်တို့ရဲ့ ကူးယူဖော်ပြမှုတွေကြောင့် လူတော်တော်များများက ဒီသတင်းကိုတွေ့ရှိသွားခဲ့ပါတယ်။

ဒါကြောင့် အခုမိတ်ဆက်ပြသမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့မှာ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတို့ကို ရိုက်ကူးနိုင်တဲ့ 12 MP ရှိ အပြင်ဘက် ကင်မရာနဲ့ 5 MP ရှိတဲ့ အတွင်းဘက် ကင်မရာတို့ပါဝင်လာနိုင်တယ်ဆိုတဲ့ သတင်းဟာတော့ မှန်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် Devices နှစ်ခုစလုံးရဲ့ RAM ဟာလည်း 2GB အထိ ရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ နောက်ထပ် သတင်းတွေအနေနဲ့ LTE Category 6 modem အမျိုးအစားနဲ့ 4G Network ကို ထောက်ပံ့ပေးထားတဲ့အပြင် Download speeds ကို 300 Mbps ထိ ရရှိအောင် တိုးမြှင့်ပေးနိုင်အောင် ထောက်ပံ့ပေးထားပါသေးတယ်။ တကယ်အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့  စက်တင်ဘာ ၉ ရက်နေ့မှာ မိတ်ဆက်မဲ့ Apple ပွဲကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Ref : Teachradar
Credit MMAS 
Thiha Htike(THT)

Whatspp Android version မှာ လက်ခလယ် ထောင်တဲ့ Emoji ပါဝင်လာ

MiddleFinerEmoji_WhatsAPp 1


Android အတွက် ထွက်ရှိလာတဲ့ Whatsapp application ဟာ Emoji အသစ်တွေကို ထည့်သွင်းပေးထားတဲ့အပြင်  feature အသစ်တွေကိုလည်း  ထည့်သွင်းပေးထားပါတယ်။ Whatapp မှာပါဝင်တဲ့ feature အသစ်တွေကတော့ မိမိလိုချင်တဲ့ အသိပေးမှု message တွေကို စိတ်ကြိုက် စီစဉ်နိုင်ခြင်းအပြင် အင်တာနက် အသုံးပြုကာ ဖုန်းခေါ်ဆိုမယ်ဆိုရင်လည်း Data သုံးစွဲမှု သက်သာစွာနဲ့ ခေါ်ဆိုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Whatsapp တွင်ပါဝင်တဲ့ Chat ကို အသုံးမပြုခင် အသံ အပိတ်အဖွင့် Setting ကိုပြုပြင်နိုင်ခြင်း ၊ မိမိအသုံးပြုထားသည့် Chats နှင့် Call list များကို အင်တာနက် data အသုံးပြုမှု နည်းစွာဖြင့် backup ပြုလုပ်နိုင်ခြင်းတို့ဖြစ်ပါတယ်။
WhatsApp-Emoji-1-640x477 1
အထိက ထူးခြားချက်ကတော့ ဘယ် Application မှာမှ မပါဝင်တဲ့ လက်ခလယ်ထောင်နေတဲ့ Emoji ကို အသုံးပြုထည့်သွင်းထားခြင်းပါ။ လက်ခလယ် ထောင်နေတဲ့  Emoji ကို  အသားရောင်ခွဲခြားမှု မရှိစေရန်အတွက် အရောင်းအမျိုးမျိုးနဲ့ ဖန်တီးပေးထားပါတယ်။ ဒီ Emoji ဟာ Android တွင်မကပဲ iOS မှာပါ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။
ဒါ့အပြင်အခြား Chat Application တွေနည်းတူ မိမိဖုန်းအတွင်းမှာရှိတဲ့ content များကို အခြား Whatsapp အသုံးပြုသူများသို့ မျှဝေနိုင်ခြင်း ၊ မိမိအသုံးပြုလိုသည့် ဓါတ်ပုံများ ၊ ဗီဒီယိုများကို လိုသလို Crop ပြုလုပ်နိုင်ခြင်း နဲ့ မိမိရောက်ရှိနေသည့် တည်နေရာကို မြေပုံနဲ့ ဖော်ပြနိုင်ခြင်း စတဲ့ Feature အသစ်တွေကိုလည်း ထည့်သွင်းပေးထားသေးတယ်။

Ref : Mashable

Credit MMAS 

 Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

27.8.58

ယာဉ်မောင်းတွေအတွက် ဒီဂျစ်တယ် ယာဉ်မောင်း လိုင်စင်

IOWA
IOWA ဆိုတဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုက ယာဉ်မောင်းလိုင်စင်တွေကို စမတ်ဖုန်းမှာထည့်သွင်းအသုံးပြုနိုင်အောင် ပြုလုပ်ဖို့ စိတ်ဝင်စားကြောင်း မနှစ်က မိတ်ဆက်ပြောကြားခဲ့ပါတယ်။ Iowa ရဲ့ အစီအစဉ်ဟာ ဒီနှစ်မှာတော့ အကောင်ထည်ပေါ်လာခဲ့ပါပြီ။ အခုချိန်ထိ စမတ်ကဒ် ယာဉ်မောင်းလိုင်စင်ကို  သွားလေရာ နေရာတိုင်းယူဆောင်နေရတဲ့ အခက်အခဲကို မိုဘိုင်းဖုန်း Application လေးတစ်ခုတည်းနဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ Mobile Driver License (mDL) လို့ခေါ်တဲ့ Application ကို IOWA သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဌာနခွဲရှိရာ နေရာများသို့ စမ်းသပ်အသုံးပြုခွင့်ပေးခဲ့ပါတယ်။

IOWA 1
ဒီ Application မှာတော့ လက်ရှိယာဉ်မောင်းလိုင်စင်မှာ ပါဝင်တဲ့ အချက်အလက်တွေအတိုင်းပဲ  ယာဉ်မောင်းသူရဲ့ ဓါတ်ပုံ ၊ မွေးနေ့ နဲ့ လိုင်စင်သက်တမ်းကုန်ဆုံးရက်များကိုလည်း ထည့်သွင်းပေးထားပါတယ်။ လိုင်စင်ရဲ့ အရှေ့ဘက်တင်မကပဲ အနောက်ဘက်ကိုပါကြည့်ချင်ရင်တယ်ဆိုရင်တော့ ဖုန်းမျက်နှာပြင်ကို ပွတ်လိုက်ရုံနဲ့ လိုင်စင်ရဲ့ အနောက်ဘက်အခြမ်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။
မိမိ ယာဉ်မောင်းလိုင်စင်ကို ယာဉ်ထိန်းရဲမှ စစ်ဆေးတဲ့အခါ ဖုန်းထဲမှာအသင့်ထည့်သွင်းပြီးသားဖြစ်တဲ့ mDL Mobile Application ကို ပြရုံနဲ့ အဆင်ပြေသွားမှာဖြစ်ပါတယ်။ ယာဉ်ထိန်းရဲအနေနဲ့လည်း ဒရိုင်ဘာရဲ့ ယာဉ်မောင်းလိုင်စင်ကို စစ်ဆေးတဲ့အခါ အနီးကတ်ကြည့်ရှုနေစရာမလိုပဲ ယာဉ်ထိန်းရဲတွေအတွက် စီစဉ်ပေးထားတဲ့ Application ကို မိုဘိုင်းဖုန်းထဲ ထည့်သွင်းထားရုံနဲ့ ဖုန်းအချင်းချင်း Scan ဖတ်ကာ စစ်ဆေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးခြင်းဟာ QR code ကို ဖုန်းနဲ့ Scan ဖတ်နေတဲ့လူတွေအတွက် အထူးပြောနေစရာမလိုပါဘူး။  ဒါပေမဲ့ လတ်တလောမှာတော့ မိုဘိုင်းလိုင်စင် application ကို iPhone မှာသာအသုံးပြုလို့ရအုံးမှာဖြစ်ပါတယ်။

Ref : Mashable
Aung Ko Htet (MMAS)
Thiha Htike(THT)

ဒေါက်ဖိနပ်မှာ ဟက်ကာပစ္စည်းများ သိမ်းနိုင်အောင် ဖန်တီးပေးတဲ့ ဟက်ကာမလေး

hacker1 
ပုံမှာ မြင်တွေ့နေရတဲ့ လှပဂေးမလေးဟ တရုတ်ပြည်က အထင်ကရ ဟာ့ဒ်ဝဲ ဟက်ကာမလေး တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ Nick name ကတော့ SexyCyborg ဖြစ်ပါတယ်။ နာမည်ထဲက အတိုင်းပဲ တကယ်လည်း Sexy ကျသူ ဖြစ်ကြောင်း ပုံကို မြင်ရုံနဲ့ သိမှာပါ။




Hardware hacker ဆိုတာကတော့ စက်ပစ္စည်းများရဲ့ လုပ်ဆောင်ချက်ကို ဟက်ခြင်း ဖြစ်ပြီး ဆော့ဖ်ဝဲကို ဟက်ခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဟက်ခြင်းဖြင့် လုံခြုံရေး စနစ်များ၊ ဆော့ဖ်ဝဲတွေ လည်ပတ်နေတဲ့ စနစ်များကို shut down ချနိုင်ပါတယ်။ တကယ်တော်တယ်ဆိုရင် ပြောတာပါ။ အဲ့ဒီလိုဟက်ဖို့အတွက် hardware ဟက်ကာတွေမှာ hacking Firmware အချို့ ထည့်ထားတဲ့ Stick ကို အမြဲ ဆောင်ထားရပါတယ်။

တကယ် ပြည့်စုံချင်ရင် Router, နဲ့ အခြားသော ကွန်ပြူတာချိတ်၊ network ချိတ် ပစ္စည်းများကိုပါ ဆောင်သွားရပါတယ်။ အဲ့ဒီလို ဆောင်တဲ့အခါ ကိုယ် ဟက်ချင်တဲ့ နေရာကို ဝင်တော့ အခက်တွေ့ပါတယ်။ စစ်ဆေးတွေ့ရှိခြင်း ပါ။ ဒီတော့ ယင်းကဲ့သို့ မတွေ့နိုင်အောင် ရည်ရွယ်ပြီးတော့ SexyCyborg အမည်ရ ဟက်ကာမလေးက ဒေါက်ဖိနပ်တစ်မျိုးကို ဒီဇိုင်းဆွဲ တီထွင်ပါတယ်။ ယင်းထဲမှာ Hacking လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်း အားလုံးကို အစီစဉ် တကျ ထည့်နိုင်ပါတယ်။

တစ်ဖက်မှာ Router ပါပြီး အခြားတစ်ဖက်မှာလည်း ပစ္စည်း အစုံပါပါမယ်။ သူမဟာ ယင်း ဖိနပ်ရဲ့ 3D Design ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။ 3D Printer အသုံးပြုပြီး လူတိုင်း ဖိနပ်လုပ်နိုင်အောင် ဖြစ်ပါတယ်။ 3D Printing ဖိနပ် ဖြစ်ပါတယ်။ သူမအနေနဲ့ hacking လုပ်ချင်တဲ့အခါ အပေါ်မှာ ရင်သားပေါ်ပေါ် ပေါင်သားပေါ်ပေါ် ဝတ်ဆင်ပါတယ်။ အဓိကကတော့ သူမရဲ့ အပေါ်ပိုင်း အလှများနဲ့ အာရုံလွဲဖို့ ဖြစ်ပါတယ်။ အဲ့လိုအချိန်ကျတော့ သူမရဲ့ ဒေါက်ဖိနပ်မှာ ဘာတွေ ပါတယ်ဆိုတာ ဘယ်သူမှ စိတ်မဝင်စားတော့ ပါဘူး။

သူမရဲ့ 3D Printing ဖိနပ် ဒီဇိုင်းကို Download ဆွဲသူ များပြီး သူမရဲ့ လုပ်ဆောင်ချက်ကိုလည်း ဟက်ကာလောကသားမျာက ချီးကျူးထောပနာ ပြုခဲ့ကြ ပါတယ်။
.
Ref: dailymail
Credit MMAS
Thiha Htike(THT)

Apple မှစက်တင်ဘာလ ၉ ရက်နေ့တွင် iPhone 6s/6s Plus တို့ကိုတရားဝင်မိတ်ဆက်ပြသမည်

Apple ဟာ iPhone 6s,iPhone 6s Plus တို့ကို စက်တင်ဘာလ ၉ ရက်နေ့မှာမိတ်ဆက်
ပြသမယ်လို့ တရားဝင်ကြေညာလိုက်ပါပြီ။ ပွဲတက်ဖို့ မီဒီယာအသီးသီးကို ဖိတ်ကြားရာမှာ အောက်ပါပုံလေးနဲ့ ဖိတ်ကြားထားတာပါ။

 



 ပြုလုပ်မယ့်နေရာကတော့ San Francisco, California ရှိ  the Bill Graham Civic Auditorium မှာပါ။ Apple ရဲ့ထုံးစံအတိုင်း ဖိတ်ကြားလွှာပုံမှာ အရိပ်အမြွတ်တွေထည့်ပေးထားလေ့ရှိပါတယ်။ ဒီပွဲမှာတော့ အခြား Product အသစ်တွေမိတ်ဆက်မယ်လို့မထင်ဘဲ iPhone 6s,6s Plus ကိုပဲအဓိက မိတ်ဆက်ပေးသွားမယ်လို့ထင်ပါတယ်။ Apple Watch မှာလိုပဲ ဖုန်းမှာလည်း Wallpaper အသေမဟုတ်ဘဲ လှုပ်ရှားသက်ဝင်မှုပါဝင်တဲ့ Animated Wallpaper တွေထားလို့ရလာမယ်လို့ထင်ရပါတယ်။

 (iOS 7 မှာကတည်းကပါဝင်တဲ့ Dynamic Wallpaper တွေကိုဆိုလိုခြင်းမဟုတ်ပါ)။ ပုံမှာပြထားတဲ့အတိုင်း iPhone ရဲ့ Siri ကို စက်တင်ဘာ ၉ ရက်ပွဲနဲ့ပတ်သက်ပြီး “Hey Siri,give us a hint” လို့မေးကြည့်လိုက်မယ်ဆိုရင်တော့ iPhone 6,6S တွေနဲ့ပတ်သက်တဲ့အတည်မပြုနိုင်သေးတဲ့ (အနီးစပ်ဆုံးကောလဟာလ) သတင်းတွေကိုတင်လေ့ရှိတဲ့ Website တွေကိုသွားကြည့်ဖို့ ပြောပါလိမ့်မယ်။
 



ဒါဆိုရင် Siri ကပြောသလို အွန်လိုင်းက iPhone နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတင်လေ့ရှိတဲ့ နည်းပညာသတင်းဆိုဒ်တွေမှာ လတ်တလောတင်ထားတဲ့အကြောင်းအရာတွေကိုလေ့လာကြည့်မယ်ဆိုရင်
iPhone 6s မှာ Force Touch Technology, 12 Megapixel Camera , 4K video recording, an all-new A9 CPU, 2GB of RAM, sturdier casing, SiP architecture စတာတွေပါဝင်လာမယ်လို့သိရပါတယ်။ Battery ပိုင်းမှာတော့ ပြောင်းလဲဖွယ်မရှိပါဘူး ။ iPhone 6/6 Plus Battery နဲ့အတူတူပဲဖြစ်ဖို့များပါလိမ့်မယ်။ လက်ရှိထုတ်လုပ်နေတဲ့ ဖုန်းအရောင်သုံးမျိုးအပြင် အရောင်အသစ်နဲ့ ထပ်မံမိတ်ဆက်ဖွယ်ရှိပါတယ်။ iPhone 6,6S တွေကိုစရောင်းမှာကတော့ စက်တင်ဘာလ ၁၈ ရက်နေ့လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 


ယခင်နှစ်ကတော့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ iPhone 6/6 Plus ကိုစရောင်းခဲ့ပါတယ်။ နောက်ထပ်အချက်အလက်တွေကို ထပ်သိရရင် ထပ်မံဖော်ပြပေးပါဦးမယ်။

သက်နိုင်စိုး (Myanmar Mobile App Store


Thiha Htike(THT)

English Idiom and Phrases For Android

အင်္ဂလိပ်စာ လေ့လာလိုက်စားနေသူများအတွက် အသုံးဝင်နိုင်မည့် app တစ်ခု ဖြစ်သည်။ Idiom နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါင်းများစွာကို အက္ခရာလိုက် စီထားပြီး တစ်ခုချင်းစီ၏ အဓိပ္ပာယ်ကို ပြန်လည်ရှင်းလင်း ဖော်ပြပေးထားသည်။ Offline အဖြစ် အသုံးပြုနိုင်ရန် စီစဉ်ထားသည့် အဆိုပါ app တွင် စကားလုံးပေါင်း ၈,၀၀၀ ကျော်ခန့် ပါဝင်မည်ဖြစ်သည်။
Download ပြုလုပ်လိုသူများအနေဖြင့် Play Store တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 2.3MB ခန့်သာ ရှိမည်ဖြစ်သည်။ Android version 2.3 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခုလည်း ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

ပင့်ကူစက်ရုပ်များကို Intel မိတ်ဆက်




Intel ၏အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်ကာ ဇန်နစ်ခ်ျသည် Intel Developer Forum ကျင်းပရာ စင်မြင့်ပေါ်တွင် မိန့်ခွန်း ပြောကြားပြီးနောက် လက်အမူအရာဖြင့် ထိန်းချုပ်နိုင်သည့် စက်ရုပ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။

အဆိုပါ ပင့်ကူသဏ္ဍာန် စက်ရုပ်သည် မည်သည့်အတွက် ထုတ်လုပ်ထားခြင်း မသိရကြောင်း Venturebeat ကဖော်ပြခဲ့သည်။ ၎င်းစက်ရုပ်နှင့်ပတ်သက်၍ “ဒီပင့်ကူ (စက်ရုပ်) တွေကြောင့် ကမ္ဘာကြီးပျက်စီး သွားလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ကာဇန်နစ်ခ်ျက ရယ်ရယ်မောမော ပြောကြားခဲ့သည်။ ကာဇန်နစ်ခ်ျသည် အဆိုပါ စက်ရုပ်များကို စင်ပေါ်တွင် ထိန်းချုပ်၍ ကခုန်စေခဲ့ကြောင်း သိရသည်။

Intel အနေဖြင့် ယခင်ကလည်း စက်ရုပ်များကို မိတ်ဆက်ခဲ့ဖူးပြီး ယခုအခါတွင် ကုမ္ပဏီအမှုဆောင် အရာရှိချုပ်အနေဖြင့် စက်ရုပ်များစွာကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ကာဇန်နစ်ခ်ျသည် လက်အမူအရာများ အသုံးပြု၍ စက်ရုပ်များကို သတိပေးပြီး လက်ဖြင့်ပင် အမိန့်ပေးခိုင်းစေမှုများ ပြုလုပ်ခဲ့သည်။ ၎င်းပင့်ကူ စက်ရုပ်များသည် ဘရှုနိုမာ့စ်သီချင်းဖြင့် ဖျော်ဖြေနေသော လူများနှင့်အတူ ကခုန်ခဲ့ကြောင်း သိရသည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Click

အင်တာနက်အခြေပြု တစ်ပိုင်တစ်နိုင် အွန်လိုင်းစီးပွားရေး လုပ်ငန်းများ ပြိုင်ဆိုင်မှု ပြင်းထန်လာ





Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အရောင်းအဝယ်ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းများ၏ ပြိုင်ဆိုင်မှုများသည် ယခုနှစ်အတွင်း၌ ပိုမိုပြင်း ထန်လာကြောင်း အဆိုပါ လုပ်ငန်း လုပ်ကိုင်နေသူများထံမှ စုံစမ်း သိရသည်။

အင်တာနက် ဆက်သွယ်မှု ကွန်ရက်ကို အခြေခံ၍ လုပ်ကိုင် လာကြသော အဆိုပါ အွန်လိုင်း စီးပွားရေး လုပ်ငန်းအရေအတွက်သည် ယခုလက်ရှိအချိန်တွင် ၁၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း အင်တာနက် အချက်အလက်များနှင့် ပတ်သတ်၍ သုတေသန ပြုလုပ်နေသည့် ကုမ္ပဏီတစ်ခုထံမှ သိရသည်။

ထိုကဲ့သို့ အွန်လိုင်းစီးပွားရေး လုပ်ငန်းကို လုပ်ကိုင်လာသူ အ များစုမှာ လူငယ်အရွယ်များနှင့် လူလတ်ပိုင်း အရွယ်များဖြစ်ကြပြီး ၎င်းတို့သည် ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်ကြသည်ဟု သိရသည်။

ထို့အပြင် ရန်ကုန်မြို့တွင် ဆိုင်ခန်းငှားရမ်းခနှင့် အိမ်ခြံမြေနှုန်း ထားများကြီးမြင့်မှုတို့ကြောင့် အင် တာနက် ပေါ်တွင် လုပ်ကိုင်သော တစ်ပိုင်တနိုင် စီးပွားရေး လုပ်ငန်းငယ်များ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက သုံးသပ်ပြောကြားသည်။

“မနှစ်ကအထိ ဒီလိုအွန်လိုင်း ပေါ် ဈေးရောင်းကြတာ နည်းသေး တယ်။ အခုလပိုင်းအတွင်းကို သိသိ သာသာကို များလာတာ သတိထားမိတယ်။ အဓိက အချက်က ဆိုင်ခန်းခ ဆိုတာမရှိဘူး။ ပြီးတော့ အွန်လိုင်းပေါ်တင်ရောင်းတာကို လူတွေက ပိုစိတ် ဝင်စားလာတယ်။ အပြင်ထွက်စရာမလိုပဲ အွန်လိုင်းပေါ် ဈေးဝယ်ထွက်ရတဲ့ အရသာကို ကြိုက်လာကြတယ်။ ကျွန်မကတော့ လုပ်ငန်းတူတွေ ပေါ်လာတာကို ကြိုဆိုပါတယ်” ဟု Facebook စာမျက်နှာတွင် ဖက်ရှင်ကမ္ဘာအမည်ဖြင့် အဝတ်အထည် များ ရောင်းချနေသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

အဆိုပါ အွန်လိုင်းစီးပွားရေး လုပ်ငန်းများတွင် အဝတ်အထည် များ၊ လူသုံးကုန် ပစ္စည်းများ၊ အလှအပဆိုင်ရာ ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ၊ ကလေး အသုံးအဆောင်များအပြင် ယခု နောက်ပိုင်း၌ စားသောက်ကုန် လုပ်ငန်းများပါ ပါဝင်လာကြပြီ ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့လို လူငယ်တွေ အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖန်တီးချင်တယ်။ အောင်မြင်အောင်လည်း လုပ်ချင်တယ်။ ဒါပေမယ့် ကျွန်မတို့မှာ အရင်းအနှီး ကြီးကြီး မရှိဘူး။ အဲ့ဒီတော့ အွန်လိုင်းပေါ်မှာ ဈေးရောင်းတယ်။ တဖြည်းဖြည်း အဆင်ပြေလာတယ်။ လုပ်ငန်းတူတွေ ပေါ်လာတော့  ပြိုင်ဆိုင်မှု ပိုပြင်း ထန်လာပြီး ကိုယ်ရောင်းတဲ့ ပစ္စည်းအပေါ် တန်ဖိုးမြင့်အောင်ပဲ ဦးတည်လာတယ်” ဟု အမျိုးသမီး အလှကုန် ပစ္စည်းများကို Facebook လူမှုကွန်ရက်ပေါ်တွင် ကိုယ်ပိုင် စာမျက်နှာတစ်ခု တည်ထောင်၍ ရောင်းချနေသူ မရွှေရည်ဖြိုးက ဆိုသည်။

အင်တာနက်အခြေပြု အွန်လိုင်း စီးပွားရေးလုပ်ငန်းငယ်များ များပြားလာသော်လည်း ယခု လက်ရှိအချိန်အထိ ရောင်းသူဝယ် သူကြား အပြန်အလှန် ငွေပေးချေမှုပိုင်းတွင် အခက်အခဲ အချို့ ရှိနေသေးကြောင်း အဆိုပါ လုပ် ငန်းလုပ်ကိုင်နေသူ အချို့ထံမှ သိရသည်။

ယခုကဲ့သို့ အင်တာနက် အခြေပြု တပိုင်တနိုင် စီးပွားရေး လုပ်ငန်း များ များပြားလာနေပြီး ငွေပေးချေမှု ဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရန်အတွက် မြန်မာငွေပေး ချေမှု အဖွဲ့အစည်း (MPU) ကလည်း Mobile Banking နှင့်  Internet Banking ဝန်ဆောင်မှုများကို စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

Ooredoo က BINDEZ နှင့် ပူးပေါင်း၍ Tha Din Application ကိုမိတ်ဆက်

ပည်တွင်းရှိ ထူထောင်ကာစ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် BINDEZ နှင့် ပူးပေါင်း၍ Ooredoo သည် Tha Din အမည်ရှိ Mobile Application တစ်ခုကို မိတ်ဆက်လိုက်သည်ဟု သိရသည်။
 BINDEZ သည် ဒီဂျစ်တယ်စနစ် ထွန်းကားရေးကို လုပ်ဆောင်ရာတွင် အလားအလာကောင်းများရှိသည့် ထူထောင်ကာစ နည်းပညာကုမ္ပဏီ ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Ooredoo က ထုတ်ပြန်ခဲ့သည်။

Beta Version အနေဖြင့် မိတ်ဆက်ခဲ့ခြင်းဖြစ်သော Tha Din Application ကို လက်ရှိအချိန်၌ Google Play တွင် ရယူနိုင်ပြီဖြစ်ပြီး အဆိုပါ Tha Din Application က Android မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် သတင်းအချက်အလက်များ ရှာဖွေရေးကို အထောက်အကူပေးမည်ဟု Ooredoo က ကြေညာခဲ့သည်။

ပြည်တွင်း၌ Program အသစ်များ၊ Application အသစ်များကို ကြိုးစားဖန်တီနေကြသော်လည်း ဈေးကွက်တင်နိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း၊ ထူထောင်ကာစ လုပ်ငန်းများပေါ် ပြုစုပျိုး ထောင်ပေးရေး အစီအစဉ်အရ Ooredoo သည် အဆိုပါလုပ်ငန်းများအတွက် နည်းပညာနှင့် ငွေ ကြေးထောက်ပံ့မှုများ လုပ်ကိုင်ပေးနေကြောင်း Oordeoo Myanmar ၏ ပြန်ကြားရေးတာဝန်ခံဖြစ်သူက ပြောသည်။

Ooredoo နှင့် BINDEZ တို့ ပူးပေါင်း မိတ်ဆက်လိုက်သော Tha Din Application တွင် နေ့စဉ် သ တင်းထူးများနှင့် မိုးလေဝသ၊ ဓာတ်ဆီဈေးနှုန်း၊ ဒေါ်လာဈေးနှုန်း စသည်တို့ကိုလည်း မြန်မာဘာသာဖြင့် လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်မည်ဟု သိရသည်။ ထို့အပြင် ကြိုက်နှစ်သက်ရာ သတင်းများကိုလည်း သိမ်း ဆည်းထားနိုင်မည့် နည်းပညာတစ်ခု ပါဝင်ကြောင်း Ooredoo ၏ ထုတ်ပြန်ချက်အရ သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

Siri နှင့် ယှဉ်ပြိုင်မည့် M ဝန်ဆောင်မှုသစ်ကို Facebook စမ်းသပ်





ကမ္ဘာ့ လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook ၏ messaging app ဖြစ်သော Facebook Messenger တွင် Siri နှင့် Cortana တို့ဖြင့် ယှဉ်ပြိုင်မည့် M ဟုခေါ်သော ဝန်ဆောင်မှုသစ်ကို စတင်စမ်းသပ် ထည့်သွင်းခဲ့သည်။

M သည် သုံးစွဲသူများက ကလေးငယ်များအတွက် လက်ဆောင်ရှာဖွေခြင်းမှအစ သူငယ်ချင်းမွေးနေ့အတွက် ပန်းစည်းမှာယူခြင်းအထိ အသုံးတည့်စေမည့် အချက်အလက်များကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း Facebook မှ ဆိုခဲ့သည်။

“M က ပစ္စည်းတွေ ဝယ်ယူပေးနိုင်သလို ကိုယ်ချစ်ခင်နှစ်သက်တဲ့သူဆီကိုလည်း လက်ဆောင်တွေ ပေးပို့နိုင်ပါတယ်။ စားသောက်ဆိုင်မှာ ကြိုတင်နေရာမှာတာ၊ ခရီးသွားလာဖို့အတွက် ကြိုတင်ပြင်ဆင်တာ၊ အချိန်းအချက် ပြုလုပ်တာတွေအပြင် အခြားလုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်” ဟု Facebook ၏ messaging ဌာနမှ အကြီးအကဲဖြစ်သူ ဒေးဗစ်မားကပ်စ်က ပြောကြားခဲ့သည်။

Facebook သည် artificial intelligence (AI) ကို ထောက်ပံ့ပေးသည့် တစ်ခုတည်းသော ကုမ္ပဏီ မဟုတ်ပေ။ Apple က Siri ကို ဖြန့်ချိထားသလို Google က Google Now, IBM က Watson နှင့် Microsoft က Cortana ကို ဖြန့်ချိထားသည်။ ၎င်းတို့သည် နာမည်အမျိုးမျိုး ကွဲပြားသော်လည်း လုပ်ဆောင်ချက်မှာ တူညီသည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click

OPPO Mirror 5 အား အဖြူ၊ အပြာ အရောင်နှစ်မျိုးဖြင့် ဝယ်ယူနိုင်မည်





OPPO မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Mirrow 5 စမတ်ဖုန်းအား အဖြူ၊ အပြာ အရောင်နှစ်မျိုးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အဆိုပါစမတ်ဖုန်းကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလဆန်းတွင် ပြည်တွင်း၌ စတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဖုန်းကတော့ စက်တင်ဘာ လဆန်းလောက်ဆို ပြည်တွင်းကို ရောက်ပါပြီ။ ရောင်းချမဲ့ ဈေးနှုန်းကတော့ ၂၇၉,ဝဝဝ ကျပ် ဝန်းကျင်ပါ။ သူ့ရဲ့ထူးခြားချက်က ဒီဇိုင်းပိုင်းမှာ ဆိုရင် ကျောဘက်ကာဗာက စိန်ပုံသဏာန်မျိုး ဖန်တီးထားတာပါ။ ကာဗာကပေါ်မှာ ပါဝင်တဲ့ စိန်အကွက်ဒီဇိုင်းက တကယ့်စိန်ရဲ့ အကွက်လိုမျိုး ရောင်ပြန်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းမှာဖြစ်ပါတယ်" ဟု OPPO Myanmar မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Mirror 5 စမတ်ဖုန်းအား စိန်ပွင့်ပုံစံ ထူးခြားသော မျက်နှာပြင်နည်းပညာဖြင့် ဖန်တီးထားပြီး စိန်ပွင့်ပုံစံ မျက်နှာပြင်နှင့်အတူ သတ္ထုနှစ်မျိုးစပ် ကိုယ်ထည်နှင့် Cross beam များဖြင့် တည်ဆောက်ထားသောကြောင့် အကြမ်းခံနိုင်မည် ဖြစ်သည်။ GSM Dual SIM အမျိုးအစား ဖုန်းဖြစ်ပြီး မြင်ကွင်းအရွယ်အစား ၅ လက်မ ရှိမည်ဖြစ်သည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Click

BeeTalk မှတစ်ဆင့် အလုပ်ခေါ်စာများ ကြည့်ရှုနိုင်ရန် ဆောင်ရွက်

BeeTalk မှတစ်ဆင့် အလုပ်ခေါ်စာများ ကြည့်ရှုနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သိရသည်။
BeeTalk မှတစ်ဆင့် work.com.mm ၏ အလုပ်ခေါ်စာများ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ သတင်းများ၊ အတွေးအမြင်ကို ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ work.com.mm ၏ လူထုအကောင့် (Public Account) တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
BeeTalk ID: workMM ကို Follow လုပ်ထားခြင်းဖြင့် အဆိုပါ သတင်းအချက်အလက်များကို ရယူကြည့်ရှုနိုင်မည် ဖြစ်သည်။ လက်ရှိအချိန်အထိ Follow လုပ်ထားသူပေါင်း ငါးထောင်ဝန်းကျင်ရှိကြောင်း သိရသည်။
BeeTalk မှာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်းက စတင်ဝင်ရောက်လာသည့် လူမှုကွန်ရက် ဆက်သွယ်ရေး Social Application တစ်ခု ဖြစ်သည်။ BeeTalk ကို လက်ရှိအချိန်တွင် အသုံးပြုနေသူ လူဦးရေ ၅ သန်းကျော်အထိ ရှိနေကြောင်း၊ အခမဲ့ဖုန်းခေါ်ဆိုစနစ်၊ စာတိုပို့စနစ်၊ အခြား Public Account များ၊ စတစ်ကာပုံပို့စနစ်များ ပါဝင်သည်။
“အဓိကကတော့ လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ အင်တာဗျူးဖြေရာမှာ ဆောင်ရန်၊ ရှောင်ရန်တွေ၊ လုပ်ငန်းခွင်မှာ တိုးတက်ရာ တိုးတက်ကြောင်းတွေ စသည်ဖြင့် ထည့်သွင်း ဖော်ပြပေးထားပါတယ်။ နောက်ပိုင်းမှာ အလုပ်ခေါ်စာတွေကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်” ဟု work.com.mm မှ Social Media Officer ဖြစ်သူ Wilson က ပြောသည်။
Work.com.mm ၏ အဓိကလုပ်ငန်းမှာ အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်များ ရရှိစေရန်နှင့် အလုပ်ရှင်များအတွက် ဝန်ထမ်းများ ရရှိစေရန်ဖြစ်ပြီ်း အလုပ် ရှာဖွေသူနှင့် ဝန်ထမ်းခေါ်ယူလိုသူတို့အား ဆုံစည်းပေးသော ကြားခံဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ ကိုယ်ရေးရာဇဝင် ဖောင်များကို အွန်လိုင်းပေါ်တွင် ဖြည့်စွက်နိုင်ပြီး မိမိနှစ်သက်ရာ အလုပ်များကို အကန့်အသတ်မရှိ ရှာဖွေ လျှောက်ထားနိုင်ရန် ဆောင်ရွက်ထားကြောင်း တွေ့ရသည်။
Credit  internetjournal
Thiha Htike(THT)

ဆွေသဟာဝန်ဆောင်မှုတွင် ၅၅ မိနစ် အခမဲ့ပြောဆိုခွင့် ရရှိမည့်အစီအစဉ်ကို MPT က ရက်ပေါင်း ၃၀ ကျော်ပေးမည်

မန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဆွေသဟာ ဝန်ဆောင်မှုအား တစ်နာရီစာ ဖုန်းခေါ်ဆိုမှု အတွက် ပထမ ငါးမိနစ်စာသာ ကုန်ကျမည့် အစီအစဉ်ကို ယခုလ ၂၈ တွင်  စတင် သွားမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းက သတင်း ထုတ်ပြန်လိုက်သည်။
 အဆိုပါ အစီအစဉ်အား ယခုလ ၂၈ ရက်မှ ၂၀၁၅၊ စက်တင်ဘာ၊ ၃၀ ရက်အထိ သတ်မှတ်ထားပြီး ယခုကဲ့သို့ ဖုန်းပြောဆိုခ ဈေးလျှော့ချသည့် ဝန်ဆောင်မှုသည် နေ့စဉ် ညနေ ၆ နာရီမှ ၁၀ နာရီအတွင်း အသုံးဝင်မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

MPT ၏ ဆွေသဟာ ဝန်ဆောင်မှုအား ၅၅ မိနစ် ဖုန်းပြောဆိုခ သက်သာစေမည့် အဆိုပါ အစီအစဉ်သည် မိနစ် ၆၀ တိတိ ဆက် တိုက်ဖုန်းခေါ်ဆိုမှုများတွင်သာ အကျုံးဝင်မည်ဖြစ်ပြီး မည်သည့် ထပ်ဆောင်း လျှောက်ထားမှုမှ ပြုလုပ်ရန် မလိုအပ်ပဲ အလိုအလျှောက် သုံးစွဲနိုင်မည်ဖြစ်သည်။

“ပထမ ၅ မိနစ်စာအတွက်ပဲ ဖြတ်တောက်သွားမှာပါ။ မိနစ် ၆၀ ကျော်သွားရင်တော့ မူလ ဈေးနှုန်းအတိုင်း ဖြစ်သွားမှာပါ။ အဓိက ရည်ရွယ်ချက်ကတော့ မိသားစုဝင်အချင်းချင်း၊ မိတ်ဆွေ အချင်းချင်း အချိန်ကြာကြာနဲ့ ကုန်ကျစားရိတ် သက်သာအောင် ဖုန်းပြောဆိုနိုင်အောင်လို့ပါ”ဟု အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ကြောင့် ဆွေသဟာဝန်ဆောင်မှုကို အသုံးပြုနေသူများသည် ပထမ ငါးမိနစ်ခေါ်ဆိုမှု အတွက် တစ်မိနစ်လျှင် ၂၃ ကျပ်နှုန်းဖြင့် ၁၁၅ ကျပ်သာ ကုန်ကျမည်ဖြစ်ပြီး ကျန်ရှိသည့် ၅၅ မိနစ် အတွင်း ဖုန်းခေါ်ဆိုမှုများ အတွက် ပေးဆောင်ရန် မလိုတော့ဟု သိရသည်။

MPT ၏ ယခုအစီအစဉ်သည် GSM နှင့် WCDMA သုံးစွဲသူများအတွက် အကျုံးဝင်မည်ဖြစ်ပြီး MPT နံပါတ်အချင်းချင်းသာ အကျုံးဝင်မည်ဖြစ်သည်။ ထို့အပြင် အဆိုပါ ဝန်ဆောင်မှုအား post-Paid နှင့် pre- paid နှစ်မျိုးလုံးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

Credit  internetjournal
Thiha Htike(THT)
 My Facebook Account Click

26.8.58

မလေးရှားနိုင်ငံ၏ DiGi ဖုန်းများမှ မြန်မာနိုင်ငံ၏ Telenor ဖုန်းများသို့ ပြောဆိုခများ လွှဲပြောင်းရယူနိုင်


မလေးရှားနိုင်ငံ၏ DiGi ဖုန်းများမှ မြန်မာနိုင်ငံ၏ Telenor ဖုန်းများသို့ ပြောဆိုခများ လွှဲပြောင်းရယူနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း Telenor Myanmar မှ သိရသည်။

ဖုန်းပြောဆိုခ သုံးထောင်ကျပ် သို့မဟုတ် ငါးထောင်ကျပ်ကို လွှဲပြောင်းရယူနိုင်ရန် ဆောင်ရွက်လိုက် ခြင်းဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ DiGi မှ *128*1*7# သို့ ခေါ်ဆို လွှဲပြောင်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ငွေလွှဲခြင်းနှင့် ပတ်သက်၍ မလေးရှား DiGi ဖုန်းနံပါတ် 0162211800 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ ဖုန်းခေါ်ဆိုမည် ဆိုပါက ကုတ်နံပါတ် +၆၀ (၀၀၆၀) ဖြစ်ပြီး နှုန်းထားများအနေဖြင့် SMS တစ်စောင်လျှင် ၃၀ ကျပ်၊ လက်ခံခြင်း အခမဲ့၊ ဖုန်းခေါ်ဆိုမှု တစ်မိနစ်လျှင် ၂၀၀ ကျပ်၊ လက်ခံခြင်း အခမဲ့ သတ်မှတ်ထားသည်။

Credit  internetjournal
Thiha Htike(THT)
 My Facebook Account Click

Translate Photo For IOS

Translate Photo app သည် ဓာတ်ပုံများတွင် ပါဝင်သည့် စာသားများကို ဘာသာပြန်ဆိုပေးနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app တွင် ဘာသာစကားပေါင်း ၉၀ ကျော်ကို ကင်မရာဖြင့် ရိုက်ကူး၍ ဘာသာစကား တစ်ခုမှ အခြားဘာသာစကားသို့ ပြန်ဆိုနိုင်စေရန်အတွက် အထောက်အပံ့ပေးထားသည်။
Translate Photo app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 6.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများ အတွက် ဒီနေရာကို နှိပ်ပါ။
Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

Windows 10 ဆိုတာ

Windows 10 သည် Microsoft မှ Windows NT operating system များစွာအနက် စီမံကိန်းတစ်ခု အဖြစ် တိုးတက်လာစေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ Windows 10 ကို  ၂၀၁၄ ခုနှစ် developer ကွန်ဖရင့်ဖြစ်သည့် Build 2014 တွင် တရားဝင် စတင် ထုတ်ဖော် မိတ်ဆက်ခဲ့သည်။

ထို့နောက် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် အများပြည်သူများ စမ်းသပ်အသုံးပြုနိုင်သည့် beta ဗားရှင်းအဖြစ် ဖြန့်ချိခဲ့သည်။ ထိုအချိန်မှစ၍ Windows 10 ထွက်ရှိရန် ကြိုးပမ်းခဲ့ပြီး ဇူလိုင်လ ၂၉ ရက် ၂၀၁၅ခုနှစ်တွင် ဖြန့်ချိသုံးစွဲသူများစွာအတွက် Windows 10 operating system ကို ဖြန့်ချိခဲ့သည်။ ၂၀၁၅ခုနှစ် သြဂုတ်လ  ၁ ရက်တွင် Windows 10 update  အတွက် volume licensing များ ထွက်ရှိလာခဲ့သည်။ Windows 10 အား ဖြန့်ချိသည့် ပထမဆုံးနှစ်တွင် Windows 7 သို့မဟုတ် Windows 8.1 သုံးစွဲသူများထံသို့ ၎င်း OS ကို အခမဲ့ဖြန့်ချိသွားမည် ဖြစ်ကြောင်း Microsoft က ထုတ်ပြန်ခဲ့သည်။

Windows 10 သည် Windows Store apps တွင်ပါဝင်လာမည့်  Microsoft မှ ဖော်ပြခဲ့ဖူးသည့် “universal” app အကြောင်းကိုလည်း မိတ်ဆက်ခဲ့သည်။ အဆိုပါ app  များသည် ကွန်ပျူတာ၊ စမတ်ဖုန်းအပြင် tablet, embedded system, Xbox One, Surface Hub နှင့် HoloLens အပါအဝင် အမျိုးမျိုးသော Microsoft ထုတ်ကုန်များစွာတွင် အသုံးပြုနိုင်မည် ဖြစ်သည်။  Windows 10 ၏ user interface သည် hybrid ထုတ်ကုန်များသုံးစွဲရာတွင် touch screen interface နှင့် mouse အသားပေး interface အကြား ပြောင်းလဲကာ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ interface များသည် Windows 7 နှင့် 8 ကဲ့သို့ ဒီဇိုင်းကို Start menu ထည့်သွင်း၍ ဖန်တီးထားခြင်း ဖြစ်သည်။

ထို့ပြင် Windows 10 တွင်  virtual desktop စနစ် Task View ကိုမိတ်ဆက်ခဲ့သလို Microsoft  Edge browser အပြင်အခြား app သစ်များ၊ လက်ဗွေထောက်ပံ့မှု စနစ်နှင့် face recognition login တို့ ပါဝင်လာသည်။          
                                                              
Ref: Wikipedia
Credit  internetjournal

Thiha Htike(THT)

တစ်ကိုယ်ရေ လုံခြုံရေး ဦးစားပေး Blackphone 2 ကို စက်တင်ဘာလတွင် ဖြန့်ချိမည်





Silent Circle ကုမ္ပဏီသည် သုံးစွဲသူ၏ တစ်ကိုယ်ရေ လုံခြုံရေး ဦးစားပေး မျိုးဆက်သစ် Blackphone 2 ကို စက်တင်ဘာလတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုအခါ Silent Circle ဝက်ဘ်ဆိုက်တွင် Blackphone 2 ကိုကြိုတင် မှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယခင် Blackphone သည် စနိုးဒင်၏ အစီရင်ခံစာများပေါ်ထွက်ချိန်အတွင်း ထွက်ပေါ်လာခဲ့ပြီး တစ်ကိုယ်ရေဆိုင်ရာ အချက်အလက်များ ပေါက်ကြားခြင်း မရှိစေရန် ဖန်တီးထားသည့် ထုတ်ကုန်တစ်မျိုးဖြစ်သည်။ Black phone 2 သည် ယခင်ထုတ်ကုန်ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး မျက်နှာပြင် အရွယ်အစား ၅.၅ လက်မ 1080p ရုပ်ထွက်အရည်အသွေး ပါဝင်လာကာ RAM 3GB နှင့် 1.7 GHz Octa-core ပရိုဆက်ဆာတို့ ပါဝင်လာသည်။ Blackphone 2 တွင် ကျောဘက်ကင်မရာ 13 megapixel, storage 32GB ပါဝင်ပြီး app များ လုံခြုံမှုရှိစေရန် ကာကွယ်ထားသည့် Android အခြေခံ Silent OS ကိုအသုံးပြုထားသည်။

ထို့အပြင် Blackphone 2 သည် messaging နှင့်ဖုန်းခေါ်ဆိုမှုများကို encrypt ပြုလုပ်ထားပြီး ကာကွယ်မှု မပြုလုပ်ထားသည့် Wi-Fi point များကို အလိုအလျောက် ခြေရာခံပေးသည်။ Blackphone 2 ကိုလုံခြုံမှုရှိစေရန် ကာကွယ်ထားသည့်အပိုင်းနှင့် ဆက်သွယ်ထားခြင်း မရှိဘဲ Facebook နှင့် Snapchat ကဲ့သို့ app များအတွက် သီးသန့်နေရာများ ဖန်တီးပေးထားသည်။
  
စိုးထက်                                              
Ref: NBC

Thiha Htike(THT)

မြောက်ဥက္ကလာပအိတ်ချိန်းရှိ အော်တိုတယ်လီဖုန်း နံပါတ်များပြောင်းလဲ





မြောက်ဥက္ကလာပအိတ်ချိန်းရှိ အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပအိတ်ချိန်း နယ်မြေရှိ အော်တိုတယ်လီဖုန်း နံပါတ်များ ပြောင်းလဲမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။ မြောက် ဥက္ကလာပအိတ်ချိန်း နယ်မြေရှိ အော်တိုတယ်လီဖုန်း အမှတ် ဝ၁-( ၆၉၁ ××× ) နှင့် ဝ၁-( ၆၉၂ ××× ) နံပါတ်များအား လက်ရှိ အိတ်ချိန်းအမျိုးအစားမှ ပိုမို ခေတ်မီကောင်း မွန်ပြီး ဝန်ဆောင်မှု အသစ်များ ပေးနိုင်သည့် IP စနစ်သုံး NGN (Next Generation Network) Soft Switch အိတ်ချိန်း၏ MSAN ( Multi Service Access Node) များဖြင့် (၂၈-၉-၂၀၁၅) ရက်နေ့တွင် ပြောင်းလဲ တပ်ဆင်မည်ဖြစ်ကြောင်း ဆိုသည်။

ပြောင်းလဲ တပ်ဆင်ပြီးပါက လက်ရှိအသုံးပြုလျက်ရှိသည့် မူရင်းတယ်လီဖုန်း နံပါတ်များရှေ့တွင် (၉) ဂဏန်းတစ်လုံး ထပ်မံပေါင်း၍ ဂဏန်း(၇)လုံးပါ ဝ၁-( ၉၆၉၁ ××× ) နှင့် ဝ၁-( ၉၆၉၂ ×××) နံပါတ်များသို့ ပြောင်းလဲအသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

အသစ်ပြောင်းလဲ အသုံးပြုမည့် တယ်လီဖုန်းနံပါတ်များသည် တယ်လီဖုန်း ခေါ်ဆိုမှုသာမက အင်တာနက် ဝန်ဆောင်မှု ADSL စနစ်ပါ လျှောက်ထားသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၁၈.၈.၂၀၁၅ ရက်နေ့တွင် သင်္ဃန်းကျွန်း CS1500i အိတ်ချိန်းလက်အောက်ရှိ သုမင်္ဂလာအိမ်ရာ (RSU) အိတ်ချိန်း ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကြောင့် ဖုန်းနံပါတ် (၀၁-၅၇၃၅၀၀) မှ (၀၁-၅၇၃၉၉၉) အထိ ဖုန်းလိုင်း(၅၀၀)ခန့် ပြတ်တောက်လျက် ရှိကြောင်း၊ ဆက်သွယ်မှု ပြန်လည် ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Click

နည်းပညာတက္ကသိုလ် ကျောင်းသားများအား Ericsson မှ အလုပ်ခန့်ထားမည်

နည်းပညာတက္ကသိုလ် ကျောင်းသားများအား Ericsson မှ အလုပ်ခန့်ထားမည်ဖြစ်ကြောင်း Ericsson Myanmar မှ သတင်းရရှိသည်။

ရန်ကုန်နည်းပညာဆိုင်ရာ တက္ကသိုလ်များမှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများနှင့်ဘွဲရပြီးစများအား စတင်အလုပ်ခန့်ထားနေကြောင်း ပြောကြားသည်။ Ericsson Myanmar ၏ အလုပ်သင်အင်ဂျင်နီယာ အစီအစဉ်အတွက် ခေါ်ယူခန့်ထားမည်ဖြစ်ပြီး လျှောက်လွှာများစိစစ်ရန်နှင့် အလုပ်သင်အတွက် အင်တာဗျုး အစီအစဉ်များအား မှော်ဘီ၊ လှိုင်သာယာနှင့် သန်လျင် နည်းပညာတက္ကသိုလ်များတွင် သြဂုတ်လ တတိယအပတ်က ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ Ericsson Graduate Program နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက hr.myanmar@ericsson.com သို့ မေးမြန်းနိုင်မည်ဖြစ်သည်။
ရွေးချယ်ခံရသူများအတွက် အလုပ်သင်ကဏ္ဍ အပါအဝင် အခြားလေ့ကျင့်ရေး သင်တန်းများလည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်မှ အလုပ်သင် အင်ဂျင်နီယာ ၂၂ ယောက်လည်း လက်ရှိဝန်ထမ်းအဖြစ် ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရသည်။
Ericsson Myanmar အနေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လတွင် ရန်ကုန်၌ ရုံးခန်းပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းပေါင်း ၂၉၀ ကျော် ခန့်ထားခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းဝန်ထမ်း ၇၂.၄ ရာခိုင်နှုန်းဖြင့် လုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါအစီအစဉ်အတွက် ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလုပ်သင်အစီအစဉ်ကို အောင်မြင်သူများအနေဖြင့် အလုပ် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
Ericsson အနေဖြင့်ကမ္ဘာတစ်ဝန်း ဝန်ထမ်ပေါင်း တစ်သိန်းကျော်ရှိကြောင်း ဆိုသည်။ မြန်မာနိုင်ငံ၏ အိုင်စီတီလုပ်ငန်း တိုးတက်ရေး တစ်စိတ်တစ်ဒေသအဖြစ် ယခု အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။
Thiha Htike(THT)

iPhone ကို တစ်ပတ်ခန့် အားပြန်သွင်းရန်မလိုဘဲ သုံးနိုင်မည့် အလွန်သေးငယ်သော fuel cell ကို ဗြိတိန်ကုမ္ပဏီတစ်ခု တီထွင်





ဖုန်းကို ညစဉ် အားသွင်းရခြင်းနှင့် အရွယ်ကြီးမားသော power pack များ သယ်ဆောင်ရခြင်းသည် မကြာမီ အဆုံးသတ်သွားဖွယ်ရှိသည်။

ဗြိတိန်ကုမ္ပဏီတစ်ခုသည် ဟိုက်ဒရိုဂျင် အသုံးပြုထားသော အလွန်သေးငယ်သည့် fuel cell ရှေ့ပြေးပုံစံကို iPhone 6 အတွက် ဖန်တီးခဲ့သည်။ ၎င်းသည် စွမ်းအင်အလွန်သုံးစွဲသော ဟန်းဆက်ကို အားပြန်သွင်းရန် မလိုဘဲ တစ်ပတ်အကြာ အသုံးပြုနိုင်စေမည်ဟု ဆိုသည်။

Intelligent Energy ကုမ္ပဏီသည် အနာဂတ်တွင် ထွက်ပေါ်လာမည့် iPhone များအတွက် Apple နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောကြားခဲ့ကြသော်လည်း အဆိုပါ ပြောကြားချက်အပေါ် ကုမ္ပဏီနှစ်ခုစလုံးမှ ထင်မြင်ချက်ပေးခဲ့ခြင်း မရှိပေ။

၎င်းကုမ္ပဏီ၏ ပါးလွှာသည့် ရှေ့ပြေးပုံစံစနစ်တွင် ဘက်ထရီတစ်ခုနှင့်အတူ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ရောစပ်ကာ စွမ်းအင်ဖန်တီးပေးနိုင်သော ထူးခြားသည့် နည်းပညာ ပါဝင်သည်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို ပြန်လည် ဖြည့်တင်းရာ၌ နားကြပ်ပေါက်ကို အသုံးပြုရကြောင်း Telegraph မှ ဖော်ပြခဲ့သည်။

အဆိုပါ fuel cell သည် အလွန်ပါးလွှာသည့်အတွက် iPhone 6 ၌ ထည့်သွင်းရာတွင် အရွယ်အစားပိုမိုကြီးမားခြင်း မရှိစေဘဲ အတွင်း၌ အံဝင်ခွင်ကျ ထည့်သွင်းကာ အသုံးပြုနိုင်ကြောင်း သိရသည်။

“ဒီနည်းပညာကို အရင်က ဘယ်သူမှ မလုပ်ခဲ့ဖူးပါဘူး။ ကျွန်တော်တို့က လက်ရှိ ဖုန်းအောက်ခံထည်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဘဲ အံဝင်ခွင်ကျ ထည့်သွင်းနိုင်တဲ့ အလွန်ပါးလွှာတဲ့ fuel cell ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပါ” ဟု Intelligent Energy မှ အမှုဆောင်ချုပ် ဟင်နရီဝင်နန်က Telegraph ထံ ပြောကြားခဲ့သည်။

Ref: DailyMail
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click

Windows 10 စမတ်ဖုန်းအပါအဝင် စမတ်ဖုန်းသစ် သုံးမျိုးကို Archos မိတ်ဆက်


 ပင်သစ်စမတ်ဖုန်းကုမ္ပဏီ Archos သည် Archos 50 Cesium, Archos 50e Helium နှင့် Archos Diamond S ဟုခေါ်သော စမတ်ဖုန်းသစ် သုံးမျိုးကို မိတ်ဆက်ပေးခဲ့သည်။


Archos 50 Cesium သည် Windows 10 အသုံးပြုထားသော စမတ်ဖုန်းဖြစ်ပြီး ၅ လက်မ 720p touchscreen ပါဝင်သည်။ ကျောဘက်တွင် LED flash နှင့် 8MP ကင်မရာ ပါဝင်ပြီး အရှေ့ဘက် ကင်မရာက 2MP ဖြစ်သည်။ 1GB RAM, 8GB storage နှင့် 2,100mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။
1.1GHz quad-core Qualcomm Snapdragon 210 ပရိုဆက်ဆာနှင့် Adreno 304 GPU တို့ကို ထောက်ပံ့ပေးထားပြီး dual-SIM, 4G LTE ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Archos 50e Helium တွင်မူ Android 5.1 Lollipop ကို အသုံးပြုထားသည်မှလွဲ၍ ကျန်အချက်အလက်များမှာ 50 Cesium နှင့် တူညီသည်။ အဆိုပါ စမတ်ဖုန်းနှစ်မျိုးကို နိုဝင်ဘာလ၌ ယူကေတွင် စတာလင်ပေါင် ၉၉ ဖြင့် ရောင်းချမည် ဖြစ်ပြီး အမေရိကန်တွင် ဒေါ်လာ ၁၅၀ ဖြင့် ရောင်းချမည်ဟု သိရသည်။

Archos Diamond S တွင် ၅ လက်မ 720p touchscreen နှင့် Gorilla Glass 3 ကို အသုံးပြုထားသည်။ ကျောဘက်တွင် LED flash နှင့် 16MP ကင်မရာကို အသုံးပြုထားပြီး အရှေ့ဘက်ကင်မရာမှာ 8MP ဖြစ်သည်။ 2GB RAM, 16GB storage အပြင် 1.5GHz octa-core MediaTek MT6753 SoC CPU နှင့် 2,300mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။

၎င်းတွင်လည်း dual-SIM နှင့် 4G LTE ကို ထောက်ပံ့ပေးထားသည်။ Android 5.1 Lollipop ဖြင့် အသုံးပြုနိုင်မည့် Diamond S ကို နိုဝင်ဘာလတွင် ယူကေ၌ စတာလင်ပေါင် ၁၅၉.၉၉ ဖြင့် ရောင်းချမည်ဟု သိရသည်။

အထက်ပါ စမတ်ဖုန်းသုံးမျိုးကို စက်တင်ဘာလ အစောပိုင်းတွင် ဘာလင်မြို့၌ ကျင်းပမည့် IFA ကုန်စည်ပြပွဲ၌ ပြသသွားမည် ဖြစ်သည်။

GSMArena
Credit internetjournal  

Thiha Htike(THT)
My Facebook Account Click

25.8.58

Mobile App နှင့် သူ၏ အရောင်များ

facebook-icon-app
အပြာရောင်
အပြာရောင်ဟာ လူကြိုက်အများဆုံးနဲ့ တကမ္ဘာလုံးမှာ အသုံးအများဆုံး အရောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် Apps ထုတ်လုပ်တဲ့ နေရာမှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြု တက်ကြပါတယ်။ တကယ်တမ်းတော့ သင့်မိုဘိုင်းဖုန်းကို ဖွင့်ပြီး App တွေကို ကြည့်လိုက်ရင် အရင်ဆုံး ထင်းခနဲမြင်ရမှာကအပြာရောင်နဲ့ လုပ်ထားတဲ့ App တွေကိုပါ။ အပြာရောင်ဟာ နိုင်ငံတကာသုံး အရောင်လည်းဖြစ်ပြီးတော်တော်များများက သူတို့ ကုန်ပစ္စည်းတွေကို ခိုင်မာမှုနဲ့ ယုံကြည်မှု ခံစားချက်ကို ပေးစေလိုတဲ့ အခါမှာ အသုံးပြုတက်ကြပါတယ်။
အပြာရောင်သုံးထားတဲ့ App တွေကတော့ Facebook , Skype တို့ ပါဝင်တာကို တွေ့ ရပါလိမ့်မယ်။
အနီရောင်
youtube-logo-icon-2014
သင့် မိုဘိုင်း App ကို လူငယ်တွေ သုံးဖို့  ရည်ရွယ်ထားတယ် တနည်းအားဖြင့် တက်ကြွမှုနဲ အားပြည့်နေတဲ့သူတွေအတွက် ဆိုရင် အနီရောင်ကို ရွေးချယ်ခြင်းက အကောင်းဆုံးပါတဲ့။
ဘာလို့ လဲ ဆိုတော့ အနီရောင်က တက်ကြွခြင်း ၊ ရင်ခုန်စိတ်လှုပ်ရှားမှု ၊ အားအင် နဲ့ ငယ်ရွယ်မှု ဆိုတဲ့ အရာတွေနဲ့ ဆက်စပ်နေလို့ ပါပဲ။ အနီရောင် သုံးထားတဲ့ နာမည်ကြီး App တွေကို ကြည့်မယ် ဆိုရင် Nike , Youtube အပြင် Iphone မှာအသုံးပြုတဲ့ Music App တွေကို တွေ့ ရမှာပါ။
လိမ္မော်ရောင်
soundcloud-300x300
အပြာရောင် အနီရောင်တွေကို ကျော်လွန်ဖို့ ဥာဏ်ရှိရှိနဲ့  သင့် App တွေကို ဖန်တီးချင်တယ် ဒါကလည်း အများနဲ့ မတူ ထူးခြားနေရမယ်။တစ်ချိန်ထဲမှာ စိတ်ခွန်အားတွေ ပေးမဲ့ အရောင် ဆိုရင်တော့ လိမ္မော်ရောင်ကို ရွေးချယ်သင့်ပါတယ်။
ဒီအရောင်က ရင်းနှီးမှု ရရှိစေတဲ့ ခံစားချက်နဲ့ ပျော်ရွင်မှုကို ပေးတဲ့ အရောင်ဖြစ်ပါတယ်။
ဒီနှစ် အတွင်းမှာ ခေတ်စားလာမဲ့ အရောင်လို့ လည်း ပြောလို့ ရပါတယ်။
လိမ္မော်ရောင် သုံးထားတဲ့ နာမည်ကြီး App တွေကတော့ Soundcloud နဲ့  Skypath ပါ ။
အဝါရောင်
icon220x220
လိမ္မော်ရောင် နည်းတူ အဝါရောင်ဟာလည်း ခေတ်စားလာမဲ့ အရောင်ဖြစ်ပါတယ်။ တောက်ပတဲ့ ဒီအရောင်ဟာ App အသုံးပြုသူများကို နွေးထွေးမှုနဲ့ အကောင်းမြင်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပါတယ်။
အဝါရောင်နဲ့ နာမည်ကြီးတဲ့ ကုမ္ပဏီများကတော့ DHL နဲ့ Sprint တို့  ဖြစ်ပါတယ်။
အစိမ်းရောင်
Long-Weekend-LLC_Green-295x300
အစိမ်းရောင်ကိုတော့ အဓိက အနေနဲ့ App အမျိုးအစား နှစ်ခုလောက်မှာ သုံးတက်ကြပါတယ်။ ပထမတစ်ခုကတော့ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု အထူးသဖြင့် အစိမ်းရောင်ဟာ ငွေကြေးနဲ့ ဆက်စပ်နေပါတယ်။ဒုတိယအနေနဲ့  အသုံးပြုတဲ့ အမျိုးအစားကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ရေရှည်တည်တံ့ရေး ၊ စိမ်းလန်းရေးတို့ ကို ဖော်ညွန်း မြင့်တင်တဲ့ အခါမှာ အသုံးပြုတက်ကြပါတယ်။မြန်မာနိုင်ငံတို့ မှာ ဆိုရင်တော့ အိမ်ခြံမြေ အွန်လိုင်း ဝန်ဆောင်မှု ဖြစ်တဲ့  iMyanmarhouse ရဲ့  Mobile App ဟာ အစိမ်းနုရောင်ကို သုံးထားတာ တွေ့ ရပါလိမ့်မယ်။
အရောင်များ ရွေးချယ်တဲ့ အပေါ်မူတည်ပြီး မိမိရည်ညွန်းလိုတဲ့ ကုန်ပစ္စည်းအမျိုးအစား ၊ ဝန်ဆောင်မှု ၊ ထုတ်လုပ်မှု စတာတွေကို ကြည့်ပြီး မိမိ ကုန်အမှတ်တံဆိပ်အတွက် အကောင်းဆုံး အရောင်တွေ ရွေးချယ်နိုင်ဖို့  ကိုးကားမျှဝေလိုက်ပါတယ်။

ရေသား ပေးပို့သူ – Freddy
Credit MMAS
Thiha Htike(THT)
 My Facebook Account Click

ထွက်ရှိလာတော့မည့် Moto 360 2

moto23



Moto 360 အမည်ရ Android စမတ်နာရီဟာ ယမန်နှစ် ဒီအချိန်လောက်မှာ ရေင်းချပြီး အောင်မြင်ခဲ့ ပါတယ်။ Moto 360 2 လို့ ခေါ်တဲ့ ဒုတိယ မျိုးဆက်ဟာ ဘယ်တော့ထွက်မလဲလို့ စောင့်ဆိုင်းနေကြပြီး ယခု သူ့အသေးစိတ် သတင်း အချို့တော့ ထွက်လာပါပြီ။ Motorola က ပြောဆိုထားခြင်း မဟုတ်ပေမယ့် Android Authority တို့လို အဖွဲ့အစည်းများက ပြောကြားထားခြင်း ဖြစ်ပါတယ်။
နှစ်မျိုး ထွက်နိုင်ချေ
Moto 360S နဲ့ Moto 360L ဆိုပြီးတော့ နှစ်မျိုးထွက်မှာ ဖြစ်ကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ အကြီးနဲ့ အသေး ခွဲဖို့ ဖြစ်ပါတယ်။ ယခင် Moto 360 တုန်းက အရွယ်ကြီးတယ်လို့ လူပြောများတာကြောင့် ယခု ဗားရှင်းတွေမှာ ပါးလည်း ပါးလာမယ့် ဒိုင်ခွက်လည်း သေးလာနိုင်ဖွယ် ရှိပါတယ်။ ဒိုင်ခွက် အရွယ်အစားအားဖြင့် ၁.၅၆ လက်မ ရှိတာ ပါဝင်ပြီး သူက အသေးလား အကြီးလားတော့ မသိပါ။

Battery
လူပြောအများဆုံး အားနည်ချက်တစ်ခုကတော့ ဘက်ထရီ ဖြစ်ပါလိမ့်မယ်။ အား အပြည့်သွင်းထားရင် ၂ရက်လောက်သာ အသုံးခံပါတယ်။ ဒါတောင် နာရီကြည့်ဖို့သက်သက် သုံးရုံ ဆိုရင်ပါ။ အကယ်၍ Google ရဲ့ OK Google တို့လိုအသံနဲ့ စေခိုင်းတာကို သုံးရင် မပြောတတ်ပါဘူး။ ဒီတော့ ယခုနှစ်ထုတ်မှာ ဘက်ထရီဟာ အားသာချက် တစ်ခုဖြစ်လာဖွယ်ဖြစ်ကြောင်း ဆိုပါတယ်။ ယခင်နှစ်က ဘက်ထရီက 320 mAh ရှိပြီး ယခုနှစ်မှာတော့ 400 mAH နဲ့ 375 နှစ်မျိုးတည်းက ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ ဘက်ထရီ ပမာဏ သေးသည့်တိုင် ပါဝါ အသုံးပြုမှု နည်းနိုင်စေကြောင်း ဆိုပါတယ်။

Spec
RAM 512 GB, Internet 4 GB တို့ ပါဝင်ပြီး Wi-Fi, Bluetooth တို့လည်း upgrade လုပ်ထားပါတယ်။ ထူခြားချက် အနေနဲ့ ဒိုင်ခွက်မှာ အနက်ရောင် အစင်း ပါနေတာလေး ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒိုင်ခွက်အောက်က အပါးလွှာ လေး တစ်ခု နေရာယူထားတဲ့ နေရာလေး ပျောက်သွားရင် သူက ပိုပြီးတော့ လှသွားပါလိမ့်မယ်။ အိုင်ဖုန်းနဲ့ ချိတ်သုံးချင်သူများအတွက် ရမရတော့ မသိသေးပါဘူး။ ယခင်ဗားရှင်းဆိုရင် တရားဝင် ချိတ်ဆက်မှု support မပေးတာကြောင့် Third party app များ သုံးပြီး ပြုလုပ်ကြပါတယ်။ သူက Android နဲ့ပဲ compatible ပိုဖြစ်လို့ပါ။

ဒီဇိုင်း
ဒီဇိုင်း အနေနဲ့ ကြည့်ရင် ထွက်ရှိထားတဲ့ Moto 360 နဲ့ သိပ်မကွာလောက် ပါဘူး။ အရွယ်သေးလာတာတာကတော့ သေချာပါတယ်။ နောက်တစ်ခုက လှည့်ရတဲ့ ဘုသီး (crown) လေးဟာ ဆိုရင် ဘေး အလယ်မဟုတ်တော့ပဲ အပေါ်နား အနည်းငယ် ရောက်နေပါလိမ့်မယ်။ ကြိုး အတပ်၊ အဖြုတ်၊ စိတ်ကြိုက် ဒီဇိုင်း ပြင်ဆင်မှုတို့ကို ကိုယ်တိုင် လွယ်တကူ လုပ်နိုင်မယ့် အနေအထား ရှိပါတယ်။
ဈေးနှုန်း
Moto 360 တုန်းက အမေရိကန်ဒေါ်လာ 200 ကနေ 400 ဝန်းကျင်အထိ ရှိထားပြီး ယခု Moto 360L နဲ့ 360S နဲ့ ယင်း ပတ်ဝန်းကျင် ရှိနိုင်ပါတယ်။ သားရေကြိုး၊ စတီးကျိုး အစရှိသဖြင့် ကွဲပြားမှုတို့ကြောင့် ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလဆန်း ဘာလင်မှာ ကျင်းပတဲ့ IFA မှာ မြင်တွေ့ရနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

ထွက်ရှိတော့မည် Sony Xperia Z5 Compact

zcompact
Sony ကနေပြီးတော့ မကြာခင် ထွက်ရှိတော့မယ့် စမတ်ဖုန်း အသစ်ထဲမှာ Sony Xperia Z5 Compact ပါဝင်ပါတယ်။ Xperia Z5 ပြီးတော့ အသေးစား ဖြစ်တဲ့ Compact ဟာ ဈေးနှုန်းအားဖြင့်လည်း အနည်းငယ် သက်သာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာပေမယ့် ပါဝင်တဲ့ Spec ကတော့ အတော်လေး မြင့်ပါတယ်။




RAM 3GB ပါဝင်ပြီး Qualcomm Snapdragon 810 processor ကို အသုံးပြုထားပါတယ်။ မျက်နှာပြင်က ၄.၇ လက်မ အရွယ် ရှိပြီးတော့ အရည်အသွေးကတော့ 720p Display ဖြစ်ပါတယ်။ Display ပိုင်းမှာတော့ လျော့ထားပုံ ရပါတယ်။ ကင်မရာတော့ မလျော့ ပါဘူး။ နောက် ကင်မရာ 20.7 Megapixel ပါဝင်ပြီး ရှေ့ကင်မရာ 8 Megapixel ပါဝင်ပါတယ်။ အရောင်အားဖြင့်လည်း အဖြူ၊ အပြာ၊ အနက်၊ ခရမ်း အပြင် အခြားသော အရောင်များ ပါဝင် ပါလိမ့်မယ်။

ဈေးနှုန်းတော့ မသိသေးပါဘူး။ လာမယ့် စက်တင်ဘာလဆန်းမှာ ဘာလင် IFA မှာ ထုတ်ဖော်ပြသသွားနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)
Thiha Htike(THT)

Xiaomi MIUI 7 Myanmar Font Installer (Need Root)

11899925_883244341783319_8215225033303383189_n
Xiaomi MIUI ဖုန်းများအတွက် MIUI 7 Myanmar Font Installer လေးကို Xiaomi Device ကိုင်ဆောင်သူများအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 
ဒီ application လေးကို www.facebook.com/MobileTechnologyCity Mobile Technology City (MTC)
မှ ဖန်တီးထုတ်လုပ်လိုက်တာဖြစ်ပါတယ်။
ယခု Xiaomi MIUI 7 ZawGyi apk လေးကို click တစ်ချက် နှိပ်ရုံဖြင့် မိမိဖုန်းမှ Root access ရှိမရှိတန်းသိနိုင်ပြီး Root access ရှိပါကလဲ မြန်မာစာကို မှန်မှန်ကန်ကန်နဲ့ အဆင်ပြေပြေမြင်နိုင်ဖို့ လုပ်ဆောင်ပေးသွားမှာပါ။ မြန်မာစာသွင်းပြီး မြန်မာစာလက်ကွက် (Myanmar Keyboard) အတွက် မြန်မာစာသွင်းပြီးတာနဲ့ မြန်မာစာလက်ကွက် ကိုပါထည့်သွင်းပေးထားပါတယ်။မြန်မာစာလက်ကွက်အတွက် Frozen Keyboard Pro ကို အနည်းငယ် ပြန်လည်ပြင်ဆင်ပြီးထည့်သွင်းပေးထားပါတယ်။
ယခု Xiaomi MIUI 7 ZawGyi installer သည် မည်သည့် Xiaomi Rom MIUI 7 အတွက်မဆို မြန်မာစာအဆင်ပြေစေရန်ထုတ်လုပ်ပေးထားပါတယ်။

MIUI 7 မဟုတ်တဲ့ တချို့ Xiaomi ဖုန်းတွေမှာဆိုလျှင် MIUI 6 ဖြစ်နေပါသော်လည်း Android Os 5.0.x (lollipop) ဖြစ်မည်ဆိုပါက အဆင်ပြေစွာသုံးနိုင်ပါတယ်။ Xiaomi Device ကိုင်ဆောင်သူအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုအပ်ပါက အောက်ကလင့်ကနေ
ရယူလိုက်ပါ ခင်ဗျာ။


Myanmar Font apk Download >>> https://app.box.com/s/uzvr20fvbyvljgb86bzuojitl5dy9cjj


Credit >>> www.facebook.com/MobileTechnologyCity Mobile Technology City (MTC)
Shane Maung Maung

Ko Htoo ( MMAS )


Thiha Htike(THT)
 My Facebook Account Click

Meizu m2 Note

meizu-0h1


တရုတ်မိုဘိုင်းဖုန်း Company တစ်ခုဖြစ်တဲ့ Meizu ကထုတ်လုပ်လိုက်တဲ့ Meizu m2 Note ဆိုတဲ့ဖုန်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Meizu Company ဟာဆိုရင် တရုတ်မှာ နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူဖြစ်ပြီး Meizu MX စီးရီး ဖုန်းများ ၊ Note စီးရီးဖုန်းများကိုအဓိကထုတ်လုပ်ရောင်းလျက်ရှိပါတယ်။ Note စီးရီးထဲမှာဆိုရင် Meizu m1 note ကို ဒီဇင်ဘာ ၂၀၁၄ မှာ စတင်မိတ်ဆက်ရောင်းချခဲ့ပြီး ဒုတိယမြောက် Note စီးရီးဖုန်း Meizu m2 Note ကိုတော့ 2015 ဇွန်လထဲမှာစတင်မိတ်ဆက်ပြသခဲ့ပါတယ်။


Meizu m2 Note ဟာဈေးနှုန်းလည်းသက်သာပြီး စွမ်းဆောင်ရည်လည်းမြင့်မားတဲ့ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဈေးနှုန်းကတော့  မြန်မာငွေ ၁ သိန်း ၈ သောင်းဝန်းကျင်ခန့်ဖြစ်ပါတယ်။ m2 Note ဟာ ၂၀၁၅ ဇွန်လကမှ မိတ်ဆက်ပြသခဲ့တဲ့စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ယခုအခါ မြန်မာပြည်ဈေးကွက်မှာဝယ်ယူရရှိနိုင်နေပါပြီ။ ဖုန်းရဲ့ဒီဇိုင်းအသွင်အပြင်ကလည်း ရုတ်တရက်ကြည့်လိုက်ရုံနဲ့ကို ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။

ဖုန်းရဲ့ Screen Resolution ကလည်း 1080×1920 pixel (Full HD) Resolution ဖြစ်တာကြောင့် ကြည့်ရတာအလွန်ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကိုပေးစွမ်းမှာဖြစ်ပါတယ်။
m2 Note မှာ မိုဘိုင်းကွန်ရက်ထောက်ပံ့မှုအနေနဲ့ 2G Network မှ 4G Network အထိ Support ပေးထားပြီး  SIM Card ၂ ကဒ်ထည့်သုံးနိုင်ပါတယ်။

m2 Note ကို System ပိုင်းအနေနဲ့ Android 5.0 Lollipop အသုံးပြုထားပါတယ်။ Android 5.0 ဆိုပေမယ့် ဖုန်းတွင်း System အသွင်အပြင်ပိုင်းအားလုံးကို  Meizu ရဲ့ Flyme 4.5 UI နဲ့တန်ဆာဆင်ပေးထားပါတယ်။ ဖုန်းရဲ့ RAM အနေနဲ့ကတော့ 2 GB ဖြစ်ပြီး တန်ဖိုးသက်သာတဲ့ဖုန်းတစ်လုံးအတွက် RAM 2GB ဆိုတဲ့ပမာဏဟာ မနည်းလှပါဘူး ။ ဖုန်းတွင်း Memory သိုလှောင်မှုပမာဏအနေနဲ့ 16 GB / 32 GB ဆိုပြီး Storage size ၂ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းရဲ့အဓိကလည်ပတ်မောင်းနှင်အားဖြစ်တဲ့ Processor အနေနဲ့ကတော့ Mediatek MT6753 ကိုအသုံးပြုထားပါတယ်။ Camera ပိုင်းအနေနဲ့ ဖုန်းရဲ့ရှေ့ဘက်ခြမ်း (Front) Camera အနေနဲ့ 5 Megapixel ၊ နောက်ဘက်ခြမ်း (Back/Primary) Camera အနေနဲ့ 13 Megapixel အရည်အသွေးရှိတဲ့ Camera တို့ကိုတပ်ဆင်အသုံးပြုပေးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။

ဖုန်းရဲ့ Battery အနေနဲ့ 3000 mAh Battery  ကိုတပ်ဆင်ပေးထားတာကြောင့် ဘက်ထရီအားအတော်ခံမယ့်ဖုန်းတစ်လုံးပါပဲ။ ဘက်ထရီကတော့ Non-Removable Battery ဖြစ်တာကြောင့် သာမန် user တွေအနေနဲ့ ဖြုတ်တပ်လဲလှယ်တာလုပ်လို့တော့မရပါဘူး။ m2 Note ကို အရောင်အနေနဲ့ အဖြူ ၊ ပန်းရောင် ၊ အပြာ ၊ မီးခိုးရောင် စတဲ့ အရောင် ၄ မျိုးနဲ့ထုတ်လုပ်ပေးထားပြီး မိမိစိတ်ကြိုက်အရောင်နဲ့ဟန်းဆက်ကိုရွေးချယ်ဝယ်ယူနိုင်မှာပါ။

Meizu m2 Note နဲ့ပတ်သက်တဲ့အချက်အလက်အသေးစိတ်ကိုတော့ အောက်မှာဆက်လက်လေ့လာနိုင်ပါတယ်။



Meizu m2 note detailed specifications
GENERAL
Release date June 2015
Form factor Touchscreen
Dimensions (mm) 150.90 x 75.20 x 8.70
Weight (g) 149.00
Battery capacity (mAh) 3100
Removable battery No
Colours Grey, Blue, Pink, White
SAR value NA
DISPLAY
Screen size (inches) 5.50
Touchscreen Yes
Resolution 1080×1920 pixels
Pixels per inch (PPI) 403
HARDWARE
Processor 1.3GHz  octa-core
Processor make MediaTek MT6753
RAM 2GB
Internal storage 16GB
Expandable storage Yes
Expandable storage up to (GB) 128
CAMERA
Rear camera 13-megapixel
Flash Yes
Front camera 5-megapixel
SOFTWARE
Operating System Android 5.0
Skin Flyme
CONNECTIVITY
Wi-Fi Yes
Wi-Fi standards supported NA
GPS Yes
Bluetooth Yes
NFC No
Infrared No
Wi-Fi Direct No
MHL Out No
HDMI No
Headphones 3.5mm
FM Yes
Number of SIMs 2
SIM 1
SIM Type Micro-SIM
GSM/ CDMA GSM
3G Yes
4G/ LTE Yes
Supports 4G in India (Band 40) No
SIM 2
SIM Type Micro-SIM
GSM/ CDMA GSM
3G No
4G/ LTE No
SENSORS
Compass/ Magnetometer No
Proximity sensor Yes
Accelerometer Yes
Ambient light sensor Yes
Gyroscope Yes
Barometer No
Temperature sensor No




Credit သက်နိုင်စိုး(MMAS)
Thiha Htike(THT)
My Facebook Account Click