ဒါကြောင့် အခုမိတ်ဆက်ပြသမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့မှာ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတို့ကို ရိုက်ကူးနိုင်တဲ့ 12 MP ရှိ အပြင်ဘက် ကင်မရာနဲ့ 5 MP ရှိတဲ့ အတွင်းဘက် ကင်မရာတို့ပါဝင်လာနိုင်တယ်ဆိုတဲ့ သတင်းဟာတော့ မှန်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် Devices နှစ်ခုစလုံးရဲ့ RAM ဟာလည်း 2GB အထိ ရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ နောက်ထပ် သတင်းတွေအနေနဲ့ LTE Category 6 modem အမျိုးအစားနဲ့ 4G Network ကို ထောက်ပံ့ပေးထားတဲ့အပြင် Download speeds ကို 300 Mbps ထိ ရရှိအောင် တိုးမြှင့်ပေးနိုင်အောင် ထောက်ပံ့ပေးထားပါသေးတယ်။ တကယ်အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ မိတ်ဆက်မဲ့ Apple ပွဲကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
Ref : Teachradar
Credit MMAS
Thiha Htike(THT)
ไม่มีความคิดเห็น:
แสดงความคิดเห็น