ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

7.8.58

Galaxy စီးရီးဖုန်းများတွင် အပါးလွှာဆုံးဖြစ်သော Samsung စမတ်ဖုန်း ပြည်တွင်းဈေးကွက် ဝင်ရောက်





Galaxy စီးရီးဖုန်းများတွင် အပါးလွှာဆုံးဖြစ်သော Samsung Galaxy A8 စမတ်ဖုန်းကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ Galaxy A8 စမတ်ဖုန်းသည် အထူ ဝ.၂၃ လက်မ (၅.၉ မီလီမီတာ) သာရှိသည့်အပြင် အလေးချိန် ၁၅၁ ဂရမ်ရှိသော ပါးလွှာပေါ့ပါးသည့် ဖုန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

"Galaxy A8 ကို လှပသပ်ရပ်ပြီး အနုစိတ်ကျတဲ့ လုံးပြည့်သတ္တု ကိုယ်ထည်၊ အလွန်ပါးလွှာသေသပ်တဲ့ ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ထားတဲ့အပြင် အဆင့်မြင့်နဲ့ အကောင်းဆုံး Hardware စနစ်၊ ကင်မရာ စနစ်တွေကို ထိတွေ့ခံစားနိုင်ဖို့ အတွက် ဖန်တီးထားပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် Galaxy A8 က သုံးစွဲသူတွေရဲ့ နေ့စဉ် လိုအပ်ချက်တွေကို အဆင်ပြေစေရန်အတွက် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များတွေနဲ့ အတူ အပါးလွှာဆုံးသော Galaxy စမတ်ဖုန်းတွေကို ပံ့ပိုးပေးနိုင်ဖို့ Galaxy A စီးရီးရဲ့ အခြေခံအယူ အဆတွေကိုလည်း ထည့်သွင်းပေးထားပါတယ်" ဟု Samsung Myanmar ၏ မန်နေဂျင်း ဒါရိုက်တာ Mr Man Sik Ahn က ပြော သည်။

Galaxy A8 သည် သတ္တုကိုယ်ထည် ဖွဲ့စည်းမှုပုံစံနှင့် အထူ ၂ မီလီမီတာမျှသာရှိသော ဘေးဘောင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည်။ မြင်ကွင်း အရွယ်အစား ၅.၇ လက်မ ရှိသော Full HD Super AMOLED မျက်နှာပြင်နှင့် အလင်းအားနည်းသည့် အခြေအနေတွင် ကြည်လင်ပြတ်သားသော ဓာတ်ပုံများကို ရိုက်ကူးနိုင်သည့် F1.9 Lens အမျိုးအစားကို ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာဖြင့် HDR ရိုက်ကူးနိုင်စေရန် ဖန်တီးထားကြောင်း သိရသည်။

16 MP ကျောဘက်ကင်မရာနှင့် 5MP ရှေ့ဘက်ကင်မရာများ တပ်ဆင်ထားပြီး Theme Service နှင့် Smart Manager စသည့် နည်းပညာသစ်များ ထောက်ပံ့ ပါဝင်မည် ဖြစ်သည်။

Galaxy A8 စမတ်ဖုန်းကို အဖြူ၊ အနက်၊ ရွှေ အရောင် သုံးရောင်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး တန်ဖိုး ၅၇၉,ဝဝဝ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

Credit==>internetjournal 
Thiha Htike(THT)
thihahtike.it@gmail.com

ไม่มีความคิดเห็น:

แสดงความคิดเห็น