ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

13.8.58

အဝေးထိန်း လေယာဉ်နှင့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများ တင်ပို့ရောင်းချမှု တရုတ်ကန့်သတ်ခဲ့





တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီး (MOC) သည်သြဂုတ်လ ၁၅ ရက်မှ စတင်၍ စွမ်းဆောင်ရည်မြင့် အဝေးထိန်း လေယာဉ်များ နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချမှုကို ပိတ်ပင်ခဲ့သည့် အမိန့်စာကို ထုတ်ပြန်ခဲ့သည်။
ယခုကန့်သတ်မှုသည် အဆင့်မြင့် အဝေးထိန်း လေယာဉ်များနှင့် အခြားနည်းပညာများ အနေဖြင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင်သောကြောင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အစိုးရပိုင်သတင်းစား China Daily ကဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ၏ စည်းမျဉ်းသစ်များအရ အဆင့်မြင့် အဝေးထိန်းလေယာဉ်များနှင့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများကို နိုင်ငံရပ်ခြားသို့ တင်ပို့မည့် ကုမ္ပဏီများအတွက် နိုင်ငံတွင်းရှိ ကုန်သွယ်ရေး အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူရန် ပထမဦးစွာ စာရင်းသွင်းရမည် ဖြစ်သည်။

တရုတ်အာဏာပိုင်များက လေပေါ်တွင် တစ်နာရီနှင့်အထက် ပျံသန်းနိုင်သော အဝေးထိန်း လေယာဉ်များကို အဆင့်မြင့် အဝေးထိန်းလေယာဉ်အဖြစ် သတ်မှတ်ထားသည်။ ယခုတားမြစ်မှုတွင် စီးပွားဖြစ် အသုံးပြုသော အဝေးထိန်းလေယာဉ် အကျုံးမဝင်သော်လည်း တရုတ်ကုမ္ပဏီများ၏ နည်းပညာကို အဓိကကာကွယ်ပေးမည့် ဥပဒေဖြစ်ကြောင်း စီးပွားဖြစ် အဝေးထိန်းကုမ္ပဏီ DJI Technology ဒုဥက္ကဌ ရှန်ဂျန်ဟိုက ပြောကြားခဲ့သည်။

အဝေးထိန်း လေယာဉ်များကို စာရင်းပေးသွင်း တင်ပို့မည့် တရုတ်ကုမ္ပဏီ များအနေဖြင့် နည်းပညာအသေးစိတ် ဖော်ပြချက်နှင့်အတူ တင်ပို့ရောင်းချခြင်းကို လက်ခံသူနှင့် ၎င်းကနည်းပညာကို ဘယ်သို့ဘယ်ပုံ အသုံးချမည့် အကြောင်းကို ဖော်ပြရန်လိုအပ်သည်။ အဆိုပါ လုပ်ငန်းစဉ်သည် ၄၅ ရက်နှင့်အထက် ကြာမြင့်နိုင်သော်လည်း ၎င်းအချိန်အပိုင်းအခြားမှာ အစိုးရ၏ ဗျူရိုကရေစီစနစ်အရ မကြာမြင့်သည့် ကာလတစ်ရပ်ဖြစ်ကြောင်း သိရသည်။ တရုတ်အာဏာပိုင်များ သည် တစ်စက္ကန့်လျှင် 8 tera floating-point operations ထက်ပိုမိုစွမ်းဆောင်နိုင်သော စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများကို နိုင်ငံပြင်ပသို့ တင်ပို့ခွင့်မပြုတော့ပေ။

Ref: Mashable
Credit=>internetjournal
Thiha Htike(THT)
My Facebook Account Click

ไม่มีความคิดเห็น:

แสดงความคิดเห็น