ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

6.8.58

MPT ဆင်းမ်ကတ်အသစ်ကို ဝယ်ယူသူများ ဆွေသဟာ အစီအစဉ်ကို သီးသန့် လျှောက်ထားရန် မလိုတော့ဘဲ အလိုအလျောက် ရရှိနိုင်တော့မည်


 မန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းဖုန်းဝန်ဆောင်မှုကို သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ဆွေသဟာ အစီအစဉ်ကို သီးသန့်လျှောက်ထားရန် မလိုအပ်တော့ဘဲ အလိုအလျောက် ရယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းက ယနေ့သတင်းထုတ်ပြန်လိုက်သည်။


ယခုလ ၁၀ ရက်မှစတင်၍ MPT ၏ ဖုန်းဆင်းမ်ကတ် အသစ်များကို စတင်သုံးစွဲသူများသည် ဆွေသဟာဝန်ဆောင်မှုအား အလိုအလျောက် ရယူသုံးစွဲနိုင်တော့မည်ဖြစ်ပြီး GSM နှင့် WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

MPT ၏ GSM/WCDMA ဆင်းမ်ကတ် သုံးစွဲသူများအနေဖြင့် ယခင်က ဆွေသဟာဝန်ဆောင်မှုကို ရယူရန်အတွက် အခမဲ့ စာတိုပေးပို့ကာ လျှောက်ထားခဲ့ရခြင်းဖြစ်ပြီး ယခုအခါ အသစ်ပြောင်းလဲထားသည့် နည်းပညာသစ်ဖြင့် အခမဲ့ စာတိုပေးပို့ရန်မလိုတော့ဘဲ အလိုအလျောက် ရရှိနိုင်မည်ဖြစ်သည်။
ယခုလက်ရှိ အခြေခံ ဖုန်းခေါ်စနစ်ကို သုံးစွဲနေသူများသည် ဆွေသဟာဝန်ဆောင်မှုကို ရယူလိုပါက ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE” ဟု စာတိုပေးပို့ ကာ လျှောက်ထားရဦးမည် ဖြစ်ကြောင်း သိရသည်။
“MPT အနေနဲ့ သုံးစွဲသူမိဘပြည်သူတွေအားလုံးကို အကောင်းဆုံး ဝန်ဆောင်မှုတွေကိုသာပေးရန် အမြဲကြိုးပမ်း ဆောင်ရွက်နေပါတယ်။ မှတ်ပုံတင်ကြေး/ သုံးစွဲခွင့် လျှောက်ထားကြေး ပေးသွင်းစရာမလိုဘဲ တစ်မိနစ်ကို ၂၃ ကျပ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဖုန်းခေါ်ဆိုခအသစ်ကို သုံးစွဲသူတွေ ပိုမိုများပြားလာတာကြောင့် အသစ်သုံးစွဲမယ့် မိဘပြည်သူများအတွက် အခုလို ဆွေသဟာအစီအစဉ်ကို အလိုအလျောက် အသုံးပြုနိုင်အောင် ပြုလုပ်ပေးလိုက်တာပါ" ဟု MPT နှင့် KSGM (KDDI Summit Global Myanmar Co., Ltd.) ၏ လုပ်ငန်းတူပူးပေါင်းထားသော KSGM မှ CEO ဖြစ်သူ Mr. Takashi Nagashima က ပြောကြားခဲ့သည်။

ဆွေသဟာအစီအစဉ်သည် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၃ ကျပ်နှင့် စာတိုတစ်စောင်ကို ၁၅ ကျပ်နှုန်း ပေးထားပြီး မြန်နှုန်းမြင့်အင်တာနက်ကို 1 MB လျှင် ၇.၅ ကျပ်ဖြင့် သုံးစွဲနိုင်မည်ဖြစ်သည်။ လက်ရှိ အခြေခံ ဖုန်းခေါ်ဆိုမှုစနစ်ကို သုံးစွဲနေသူများသည် ဆွေသဟာအစီအစဉ်ကို ရယူရန်အတွက် ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE” ဟု စာတိုပေးပို့ကာ လျှောက်ထားရမည်ဖြစ်သည်။
MPT ၏ အခြားသော အဆင့်မြှင့်တင်မှုများတွင် အခြေခံဖုန်းခေါ်ဆိုစနစ် အသုံးပြုသူများအတွက် သြဂုတ်လ ၁၀ ရက်မှ စတင်ကာ အင်တာနက် အခမဲ့လျှောက်ထားခွင့်လည်း ပါဝင်သည်။ ယခင်ကဆိုလျှင် အခြေခံဖုန်းခေါ်ဆိုစနစ်ကို သုံးစွဲသူများက အင်တာနက်လျှောက်ထားရန်အတွက် တစ်သောင်းကျပ် ပေးသွင်းခဲ့ရသည်။ လက်ရှိ အခြေခံဖုန်းခေါ်ဆိုစနစ်ကို အသုံးပြုနေသူများအနေဖြင့်လည်း ဆွေသဟာအစီအစဉ်ကို ပြောင်းလဲအသုံးပြုလိုပါက ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE” ဟု စာတိုပေးပို့ကာ အခမဲ့ရယူသုံးစွဲနိုင်သည်။

MPT ဆင်းမ်ကတ်သုံးစွဲသူများသည် ဆွေသဟာအစီအစဉ်ကို မသုံးလိုဘဲ အခြေခံဖုန်းခေါ်ဆိုစနစ်ကိုသာ သုံးစွဲမည်ဆိုပါက ၁၃၃၂ သို့ “UNSUB SWE” သို့မဟုတ် “POSTUNSUB SWE” ဟု စာတိုပေးပို့ခြင်းအားဖြင့် ဆွေသဟာအစီအစဉ်ကို အလွယ်တကူ ရပ်ဆိုင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆွေသဟာအစီအစဉ်ကို ရပ်ဆိုင်းလိုက်သည့် သုံးစွဲသူများသည် မူလ အခြေခံဖုန်းခေါ်ဆိုစနစ်တွင် အင်တာနက်လျှောက်ထားမှု မပြုလုပ်ခဲ့သည့်တိုင်အောင် အင်တာနက်ကို ဆက်လက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆွေသဟာအစီအစဉ်သည် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၃ ကျပ်နှင့် စာတိုတစ်စောင်ကို ၁၅ ကျပ်နှုန်း ပေးထားပြီး မြန်နှုန်းမြင့်အင်တာနက်ကို 1 MB လျှင် ၇.၅ ကျပ်ဖြင့် အသုံးပြုနိုင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှု အသစ်ကို MPT က ၂၀၁၄ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်က အများပြည်သူသို့ စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com

ไม่มีความคิดเห็น:

แสดงความคิดเห็น