ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

24.8.58

၁၈.၄ လက်မ tablet ထုတ်လုပ်ရန် Samsung စီစဉ်နေ





ကိုရီးယား နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Samsung သည် ၁၈.၄ လက်မ diswplay ပါဝင်သည့် Android tablet သစ်တစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း SamMobile မှ ဖော်ပြခဲ့သည်။

စီမံကိန်းအမည် Tahoe ဟုခေါ်ဆိုသော အဆိုပါ tablet သည် 1920 x 1080 pixels resolution ဖြင့် အသုံးပြုနိုင်စေပြီး အိမ်၊ ရုံးနှင့် ကျောင်းများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

၎င်းတွင် Android 5.1 Lollipop နှင့်အတူ octa-core 64-bit 1.6GHz Exynos 7580 ပရိုဆက်ဆာကို အသုံးပြုမည်ဟု ဆိုသည်။ အခြား အချက်အလက်များအနေဖြင့် 2GB RAM, 32GB internal storage, 128GB အထိ အထောက်အပံ့ပေးသော microSD card slot နှင့် 5,700mAh ဘက်ထရီတို့ ပါဝင်မည် ဖြစ်ကြောင်း၊ ကျောဘက်တွင် 8-megapixel ကင်မရာ ပါဝင်ပြီး အရှေ့ဘက်ကင်မရာက 2.1-megapixel ဖြစ်ကြောင်း သိရသည်။

အဆိုပါ tablet ၏ အရွယ်အစားအတိုင်းအတာမှာ အကျယ် ၁၇.၈ လက်မ၊ အမြင့် ၁၀.၈ လက်နှင့် အထူက လက်မဝက်ခန့်ရှိကြောင်း SamMobile မှ ဖော်ပြခဲ့သည်။

Screen အရွယ်ကြီးမားသော tablet အမျိုးအစား အနေဖြင့် Panasonic က Toughpad 4K Performance ကို ထုတ်လုပ်ထားသည်။ ၎င်းသည် အကြမ်းခံနိုင်သော Windows tablet တစ်ခုဖြစ်ပြီး ၂၀ လက်မအရွယ် 4K display ကို အသုံးပြုထားသည်။

Ref: PCMag
Credit  internetjournal

Thiha Htike(THT)

ไม่มีความคิดเห็น:

แสดงความคิดเห็น