ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

29.8.58

iPhone ပုံစံတူပြီး သူ့ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် HTC Aero သို့မဟုတ် HTC A9

htc aero


HTC Aero သို့မဟုတ် HTC A9 လို့ အမည်ပေးထားတဲ့ ဖုန်းကို ပုံမှာ ယခုလို မြင်တွေ့ရမှာပါ။ ထိုင်ဝမ် အခြေဆိုက် HTC ကုမ္ဗဏီအနေနဲ့ လက်ရှိ Apple ရဲ့ အသစ်ထွက်လာမယ့် iPhone 6S ကို ယှဉ်ပြိုင်မယ့် အဆင့်မြင့် စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။



ထူးခြားချက်ကတော့ ပုံစံတူနေခြင်းပါပဲ။ အရွယ်အစားသာ ကြီးသွားပေမယ့် ဖုန်းရဲ့ ဘေးနားက အချိုးအကွေ့တွေ၊ ပလက်စတစ်လိုင်းတွေက တူနေပါတယ်။ သတ္တု ကိုယ်ထည်ဖြင့် လုပ်တဲ့ စမတ်ဖုန်း ပါပဲ။ Apple ရဲ့ iPhone 6S ထက် သာလွန်တဲ့ စမတ်ဖုန်း ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ တရားဝင် သတင်းများ ထွက်ရှိခြင်း မဟုတ်ပေမယ့် တရုတ်အခြေဆိုက် သတင်းမီဒီယာများကနေ ဖော်ပြလာခြင်းပါ။ iPhone killer လို့တောင် အမည်ပေးထားပါတယ်။ အဓိက ထူးခြားတဲ့ အစိတ်အပိုင်းကတော့ Processor ဖြစ်ပါလိမ့်မယ်။

deca-core Helio X20 SoC ကို အသုံးပြုထားပါတယ်။ သူများတွေ Octa Core Processor နဲ့ ထုတ်လုပ်နေချိန်မှာ Octa Core ထက် နှစ်ဆ ပိုတဲ့ Core အရေအတွက်ပါ Processor ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒီတော့ Technically အရ ပြောမယ်ဆိုရင် သူ့ရဲ့ Processing speed က လက်ရှိ Octa Core စမတ်ဖုန်းတွေထပ် နှစ်ဆ မြန်မယ်ပေါ့။

Technical ကို Detail ကျကျ ပြောရရင် ဖုန်းတစ်လုံး မြန်တယ် မမြန်ဘူး ဆိုတာ Processor ရဲ့ ထောက်ပံ့မှုနဲ့အတူ RAM အပြင် အခြားသော Technical အစိတ်အပိုင်းများရဲ့ လိုက်ဖက်ညီစွာ ထောက်ပံ့ပေးနိုင်မှုနဲ့လည်း သက်ဆိုင် ပါသေးတယ်။ သူ့ရဲ့ RAM ကတော့ 4GB ပါဝင်ပြီး ဘက်ထရီက 3500 mAh ပါ။ ဖုန်း မျက်နှာပြင် အရွယ်အစားက ၅.၂ လက်မ ရှိပါတယ်။

သူတို့ ပြောထားသလိုပဲ တကယ် iPhone killer ဟုတ်မဟုတ်ဆိုတာ စောင့်ကြည့်ရအောင်။ နောက်လဆန်းလောက်ဆိုရင် အသေးစိတ် သတင်းထုတ်ပြန်ကြေညာတော့မယ်လို့ သိရပါတယ်။
.
Ref: Dailymail
Credit MMAS 

Thiha Htike(THT)

ไม่มีความคิดเห็น:

แสดงความคิดเห็น