ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

22.8.58

Samsung က အရွယ် အစားကြီးမားတဲ့ ၁၈လက်မ မျက်နှာပြင်ရှိတဲ့ Tablet ကိုထုတ်မည်လော

 samsungtablet-420x314
ကြီးလာတဲ့ မျက်နှာပြင်တွေဟာ တော်တော် ခေတ်စားလာပါတယ်
ဒီလိုခေတ်စားလာတာကလည်း Samsung ရဲ့ Galaxy Note Series က အစချီလို့ နောက်ပိုင်းမှာ
စမတ်ဖုန်းတွေ tablet တွေကို ကိုင်တွယ်လာကြပါတယ်
မျက်နှာပြင်ကြီးတာရဲ့ အားသာချက်ကတော့ ရုပ်ထွက်ပြတ်ပြတ်သားသား မြင်ရတယ်
ကိုင်တွယ်ရတာ အားရကျေနပ်မှုရှိတဲ့ အပြင် ကျန်းမာရေး အရဆိုရင်တော့
မျက်လုံး အားစိုက်ရမှုမှာ စမတ်ဖုန်းတွေထက်လျော့နည်းစေတာကြောင့် Tablet , Phablet တွေကို အသုံးပြုလာကြပါတယ်
ယခုလည်း Samsung ဟာ အရွယ်အစားကြီးမားတဲ့ Tablet တလုံးကို ထုတ်လုပ်ဖို့ ကြံစည်နေပြီလားဆိုတာကို
လေ့လာကြည့်ရအောင်ဗျာ ထွက်ရှိလာတဲ့ သတင်းတွေအရ Samsung ဟာ
Tahoe အမည် code name ထားရှိတဲ့ ကြီးမားတဲ့ Tablet တစ်လုံးထုတ်လုပ်ဖို့ စီစဉ်နေပြီး
18.4 inch မှာ HD Display တပ်ဆင်ပေးထားမယ်လို့ ဆိုထားပါတယ်
အဆိုပါ Tablet Model ကို Galaxy Tab A , Tab E , Tab S 2 တို့ နှင့် တွဲဖက် လုပ်ဆောင်နေပြီး ဒီနှစ်မှာ
ထုတ်လုပ်ဖြန့်ချီသွားနိုင်မယ်လို့လည်း သတင်းတွေထွက်ရှိလာပါတယ်
Tahoe အတွင် Model Name ကိုတော့ SM-T670 ပေးမည်ဟု ခန့်မှန်းထားကြပြီး TFT LCD Screen မှာ
1920 x 1080 resolution နဲ့ ပြသပေးနိုင်မှာပါ  ထို့ အပြင် အဆိုပါ Tablet ကို
Exynos 7580 processor အသုံးပြု မောင်းနှင်ပေးထားပြီး ClockSpeed 1.6GHz ထိရရှိနိုင်မှာဖြစ်ပါတယ်
2GB RAM ထည့်သွင်းပေးထားပြီး သိုလှောင်မှုအနေနဲ့ အနည်းဆုံး 32GB ပါရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်
ကျောဖက် အလယ်မှာတော့ 8MP Camera ကို တပ်ဆင်ပေးမှာဖြစ်ပြီး ရှေ့ဖက်မှာတော့ 2.1MP ထည့်ပေးထားပါတယ်
နောက်ဆုံး Model Name နဲ့ အခြားသော အကြောင်းအရာတွေ မထွက်ရှိသေးပေမယ့်
အဆိုပါ ကြီးမားတဲ့ Tablet ထွက်လာရင်ကော ဈေးကွက်ကို ဖောက်နိုင်ပါ့မလားဆိုတာကတော့……
Source – SamMobile
Credit Aung Khaing (MMAS)&MMAS
Thiha Htike(THT)

ไม่มีความคิดเห็น:

แสดงความคิดเห็น