ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

14.8.58

Galaxy Note 5 နှင့် Galaxy S6 Edge+ တို့ကို Samsung ပွဲထုတ်မိတ်ဆက်


 


Samsung သည် နယူးယောက်တွင် ကျင်းပပြုလုပ်ခဲ့သော ပွဲတစ်ခု၌ Galaxy Note 5 နှင့် Galaxy S6 Edge+ တို့ကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ phablet သစ်များကို အမေရိကန်နှင့် ကနေဒါတွင် သြဂုတ်လ ၂၁ ရက်၌ စတင်ရောင်းချမည် ဖြစ်သည်။ လက်ရှိတွင် အမေရိကန်၌ ကြိုတင်အမှာစာများ လက်ခံနေပြီး တန်ဖိုးမှာ Note 5 အတွက် စာချုပ်နှင့် ဒေါ်လာ ၂၀၀ ကျသင့်မည်ဖြစ်သည်။ S6 Edge+ ၏ စာချုပ်နှင့် တန်ဖိုးမှာ ဒေါ်လာ ၃၀၀ ဖြစ်သည်။

၎င်းဖုန်းနှစ်မျိုးစလုံးတွင် ၅.၇ လက်မ screen များကို အသုံးပြုထားပြီး Edge ၏ display တွင်မူ ဘေးတစ်ဘက်တစ်ချက်စီ၌ ကွေးညွှတ်ထားသည်။ ၎င်းတို့ကို သတ္တုဖန်ထည်ဒီဇိုင်းဖြင့် ဖန်တီးထားသည်။

အထက်ပါ phablet သစ် နှစ်မျိုးတွင် Android 5.1 Lollipop, 16MP rear-facing ကင်မရာနှင့် 5MP front-facing ကင်မရာတို့ကို အသုံးပြုထားသည်။ ထို့အပြင် Galaxy S6 နှင့် Galaxy S6 Edge တွင် ပါဝင်သော ချစ်ပ်များအတိုင်း အဆင့်မြင့် နည်းပညာဖြင့် တည်ဆောက်ထားသော Samsung ၏ Exynos 7420 eight-core ပရိုဆက်ဆာများကိုလည်း အသုံးပြုထားသည်။ လျင်မြန်သော အားသွင်းစနစ်နှင့် လျင်မြန်သော ကြိုးမဲ့အားသွင်းစနစ် လုပ်ဆောင်ချက်များ ပါဝင်ပြီး Samsung Pay ဖြင့် ငွေပေးချေနိုင်ရန်အတွက် NFC ချစ်ပ်များကိုလည်း ထည့်သွင်းပေးထားသည်။

S6 Edge+ သည် Note 5 ထက် အရွယ်အနည်းငယ် သေးငယ်ပြီး အလေးချိန်မှာ ၁၅၃ ဂရမ်ဖြစ်သည်။ Note 5 ၏ အလေးချိန်က ၁၇၁ ဂရမ် ဖြစ်သည်။ Edge+ အနက်ရောင်၊ ရွှေရောင်၊ ငွေရောင်တို့ဖြင့် ရရှိမည် ဖြစ်သည်။ Note 5 အတွက် အနက်ရောင်၊ အဖြူရောင်ဖြင့် ရွေးချယ်နိုင်သည်။ Note တွင် stylus တစ်ခု ပါဝင်သော်လည်း Edge+ တွင်မူ ပါဝင်ခြင်း မရှိပေ။

Galaxy Note 5 ကို 32GB နှင့် 64GB ဖြင့် ရရှိနိုင်ပြီး စာချုပ်မပါ တန်ဖိုးမှာ 32GB အတွက် ၈၄၀ ဒေါ်လာ၊ 64GB အတွက် ၉၁၅ ဒေါ်လာ အသီးသီးကျသင့်မည်ဖြစ်သည်။

Edge+ ကိုလည်း 32GB, 64GB ဖြင့် ရရှိနိုင်ပြီး စာချုပ်မပါ တန်ဖိုးမှာ 32GB အတွက် ၈၁၅ ဒေါ်လာ ဖြစ်ကာ 64GB အတွက် ၉၁၅ ဒေါ်လာဖြစ်သည်။

Ref: CNET
 Credit=>internetjournal
Thiha Htike(THT)
 My Facebook Account Click

ไม่มีความคิดเห็น:

แสดงความคิดเห็น