ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

22.8.58

iPhone 6 Plus ရဲ့ ကင်မရာများကို အသစ်ပြန်လဲပေးမည့် Apple

apple


စက်တင်ဘာ 2014 ကနေ ဇန်နဝါရီ 2015 အတွင်းမှာ iPhone 6 Plus ကို ဝယ်ယူခဲ့တဲ့ Customer တွေဟာ iPhone 6 Plus ရဲ့ အပြင်ဘက်ကင်မရာနဲ့ ဓါတ်ပုံရိုက်တဲ့အခါ ပုံရိပ် မပီပြင်ခြင်းတွေကို ခံစားနေကြရပါတယ်။ ဒီအချက်တွေကြောင့် iPhone 6 Plus ဟာ အခြား Brand တွေရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတယ်။  ဒါကြောင့် Apple ဟာ လက်ရှိအချိန်မှာတော့ Customer များကို ပြန်လည်တောင်းပန်တဲ့အနေနဲ့  စက်တင်ဘာ 2014 ကနေ ဇန်နဝါရီ 2015  အတွင်းမှာ ဝယ်ယူထားတဲ့ iPhone 6 Plus ရဲ့ ကင်မရာ များကို အသစ်နဲ့ ပြန်လည်အစားထိုးပေးသွားမှာဖြစ်ပါတယ်။

iPhone 6 Plus ရဲ့ကင်မရာတွေကို ပြန်လဲ ပေးမယ်ဆိုပေမဲ့ ကြေငြာထားတဲ့ ရက်အတွင်းမှာ ဝယ်ယူထားတဲ့ iPhone 6 Plus တွေကိုသာ လဲပေးသွားမှာဖြစ်ပြီး အဲ့ဒီအတွက်လဲ iPhone Plus ရဲ့ Serial Number တွေနဲ့ တိုက်စစ်သွားမှာဖြစ်ပါတယ်။ ကြေငြာထားတဲ့ ရက်အတွင်းမှာ ထုတ်လုပ်ထားတဲ့ iPhone 6 Plus များရဲ့ Serial Number ကိုများ မှန်ကန်ပါက  ကင်မရာများကို လဲလှယ်ပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ iSight ရဲ့ ပထမဦးဆုံးအကြိမ် လက်လီ စနစ်နဲ့ Product တစ်ခုခြင်းစီကို ပြန်လည်လဲလှယ်ပေးတဲ့ အစီစဉ်ဖြစ်တဲ့အပြင် iPhone 6 Plus ကိုလည်း နောက်ထပ် သုံးနှစ်နီးပါးလောက် ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။

Customer တို့အနေနဲ့ မိမိ iPhone 6 Plus ကို ကြေငြာထားတဲ့ ရက်အတွင်းက ဝယ်ယူခဲ့ခြင်းကို သေချာ မသိရှိပါက Products ရဲ့ Series နံပါတ်ကို စစ်ဆေးနိုင်ဖို့ https://www.apple.com/support/iphone6plus-isightcamera/ ဆိုတဲ့ Link ကိုသွားရောက်ကာ စစ်ဆေးရမှာဖြစ်ပါတယ်။

Ref : Apple
Credit အောင်ကိုထက် (MMAS)

Thiha Htike(THT)
 My Facebook Account Click

ไม่มีความคิดเห็น:

แสดงความคิดเห็น