ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

6.8.58

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ဖန်တီးထားသည့် နည်းပညာထုတ်ကုန်ပြပွဲ ကျင်းပမည်





ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ ဖန်တီးထားသည့် နည်းပညာထုတ်ကုန်များအား ပြသသည့် UCSY Product Show 2015 အား ပထမဆုံးအကြိမ်အဖြစ် အဆိုပါ တက္ကသိုလ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ၏ ဖန်တီးမှုစွမ်းရည်များအား ကြည့်ရှုလေ့လာနိုင်မည့် အဆိုပါပြပွဲတွင် Web Application, Web Design, Mobile Application နှင့် Game Application များ ပါဝင်မည်ဖြစ်သည်။ ကျောင်းသားများ သည် အဆိုပါ နည်းပညာထုတ်ကုန်ပြပွဲတွင် ပြသမည့် Application များအား အချိန်နှစ်လကြာ ဖန်တီးရေးဆွဲထားကြခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းထုတ် နည်းပညာထုတ်ကုန်များကို ထုတ်လုပ်ထားသည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသည် အဆိုပါပြပွဲတွင် ရရှိလာသည့် ငွေကြေးများကို မြန်မာနိုင်ငံ အတွင်းမှ ရေဘေး သင့်ဒေသများရှိ ပြည်သူများထံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း UCSY Computer Science Club ၏ ဦးဆောင်ကျောင်းသား ကိုရဲလင်းဝေက ပြောကြားသည်။

ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ၏ UCSY Product Show 2015 တွင် ပါဝင်ထောက်ပံ့လိုသည့် ကုမ္ပဏီများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/ucsycsclub?__mref=message_bubble မှတစ်ဆင့် ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားများ ဖန်တီးထားသည့် နည်းပညာဆိုင်ရာ Product Show အား ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၀ ရက် နံနက် ၁၁ နာရီခွဲမှ စတင်ကာ အဆိုပါတက္ကသိုလ်၌ ကျင်းပသွားမည် ဖြစ်သည်။

Credit==>internetjournal

Thiha Htike(THT)
thihhahtike.it@gmail.com

ไม่มีความคิดเห็น:

แสดงความคิดเห็น