ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

22.8.58

Android နှင့်သုံးနိုင်မည့် BlackBerry Venice ဖုန်းကို နိုဝင်ဘာလတွင် ရောင်းချမည်





BlackBery Venice ဟုခေါ်သော Android slider ဖုန်းသစ်ကို နိုဝင်ဘာလတွင် အမေရိကန်ရှိ မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီ လေးခုထံမှ ဖြန့်ချိသွားမည်ဟု လျှို့ဝှက်သတင်းအချက်အလက်များကို ဖော်ထုတ်ရာတွင် လူသိများသော အီဗန်ဘလပ်စ်က Twitter မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။

ဘလပ်စ်၏ tweet တွင် Venice ဖုန်း ဓာတ်ပုံများကိုလည်း ထည့်သွင်းဖော်ပြခဲ့ပြီး ၎င်းအနက် ဓာတ်ပုံတစ်ခုတွင် Google Play လိုဂိုနှင့် screen တစ်ခုကို ဖော်ပြခဲ့သည်။ အခြားဓာတ်ပုံများတွင် အီးမေးလ်များ၊ text message များနှင့် လူမှုရေးကွန်ရက် update များကို ကြည့်ရှုနိုင်မည့် BlackBerry Hub portal ကို ပြသခဲ့သလို Content Transfer ဟုခေါ်သည့် feature တစ်မျိုးကိုလည်း ဖော်ပြခဲ့သည်။

မတ်လက Mobile World Congress တွင် နမူနပြသချက်အရ BlackBerry Venice ဖုန်းတွင် အနားနှစ်ဘက် ကွေးညွှတ်သည့် all-touch display ကို keyboard တစ်ခုနှင့်အတူ အသုံးပြုထားပြီး အဆိုပါ keyboard ကို အသုံးပြုလိုသည့်အခါ အောက်ဘက်သို့ slide ပြုလုပ်ရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ Google ၏ Android OS ကို အသုံးပြုထားခြင်း ဖြစ်သည်။



အခြားအသေးစိတ် အချက်အလက်များ အနေဖြင့် Venice ဖုန်းတွင် Snapdragon 808 ပရိုဆက်ဆာ၊ ၅.၄ လက်မ 2560 x 1440 pixel QHD LCD နှင့် 3GB RAM တို့ ပါဝင်ကြောင်း သိရသည်။

အထက်ပါ ဖော်ပြချက်နှင့် စပ်လျဉ်းပြီး BlackBerry မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ကျွန်မတို့ အနေနဲ့ ကောလာဟလနဲ့ မှန်းဆချက်တွေအပေါ် ထင်မြင်ချက်မပေးနိုင်ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီအနေနဲ့ သုံးစွဲသူရဲ့ လုံခြံမှုကို ထောက်ပံ့ပေးနိုင်ပြီး ကုန်ထုတ်စွမ်းအားဖြစ်ထွန်းမှု အကျိုးကျေးဇူး ရရှိနိုင်တဲ့ BlackBerry 10 operating system ကို ဆက်လက်အသုံးပြုသွားမှာပါ” ဟု ပြောကြားခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click

ไม่มีความคิดเห็น:

แสดงความคิดเห็น