ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

22.8.58

ပြည်တွင်း စမတ်ဖုန်း အသုံးပြုမှုပမာဏ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိလာ


 မန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် အပြောင်းအလဲ ပြုလုပ်ပြီးနောက် ပြည်တွင်း စမတ်ဖုန်းအသုံးပြုနိုင်မှု ပမာဏသည် ယခု လက်ရှိ အချိန်တွင် ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။ 


ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီး နိုင်ငံ၏ အခြေခံလူတန်းစားများ တတ်နိုင်သော တန်ဖိုးနည်းဆင်းမ်ကတ်များ ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူအသုံးပြုလာနိုင်ခြင်းကြောင့် စတ်မတ်ဖုန်းအသုံးပြုနှုန်းမှာ တစ်နှစ်အတွင်း အများအပြား တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၁,၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ်များကို အလှည့်ကျ မဲစနစ်ဖြင့် စတင်ရောင်းချခဲ့သည့် ၂၀၁၂ ခုနှစ် အချိန်မှစတင်၍ စမတ်ဖုန်းသုံးစွဲမှု ပမာဏမှာ အနည်းငယ် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် Ooredoo Myanmar ၊Telenor Myanmar နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ၂၀၁၄ ခုနှစ်က ၎င်းတို့၏ ဆင်းမ်ကတ်များအား ပြည်တွင်းဈေးကွက်အတွင်း စတင်ရောင်းချခဲ့ပြီး နောက်ပိုင်းတွင် စမတ်ဖုန်းသုံးစွဲနိုင်သည့် အရေအတွက်မှာ ဆက်တိုက် မြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် အခြေစိုက် မိုဘိုင်း ဝန်ဆောင်မှုဈေးကွက်မှ စုံစမ်း သိရသည်။

၂၀၁၅ ပထမခြောက်လတွင်လည်း ဆက်တိုက် မြင့်တက်နေသော ပြည်တွင်းစမတ်ဖုန်း ဝယ်လိုအားဈေးကွက်သည် ဆက်လက် တိုးတက်နေဆဲဖြစ်ကြောင်း အထက်ပါ ဈေးကွက်မှ သိရသည်။
ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ စမတ်ဖုန်းအသုံးပြု၍ လူမှုကွန်ရက် အသုံးပြုနေသူ အရေအတွက်မှာ ၂ သန်းကျော်ရှိကြောင်း Amara Digital Marketing Agency မှသိရသည်။

ပြည်တွင်း၌ တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ် စမတ်ဖုန်းအသုံးပြုပြီး Facebook အသုံးပြုနေသူ ဦးရေမှာ ၁.၁ သန်းကျော်ရှိပြီး Samsung အမှတ်တံဆိပ် စမတ်ဖုန်း သုံးစွဲသူ ၉ သိန်းကျော်၊ HTC အသုံးပြုသူ ၇ သောင်းကျော်၊ iPhone သုံးစွဲသူ ၁ သိန်း ၈ သောင်းကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

ไม่มีความคิดเห็น:

แสดงความคิดเห็น