ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

12.10.55

နိုင်ငံတကာသို့ ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆိုနိုင်သည့် Software နှင့် Account ကို အခမဲ့ ရယူနိုင်

နိုင်ငံပေါင်း ၆၀ ကျော်သို့ ဈေးနှုန်းချိုသာစွာဖြင့် ဖုန်းခေါ်ဆိုနိုင်ပြီး Laptop, Desktop နှင့် Android Tablet မှာတင် သာမက အင်တာနက် တပ်ဆင်ထားသော ဖုန်းများတွင်ပါ ထည့်သွင်း အသုံးပြုနိုင်သော MEB Talk 2 Software နှင့် account ကို  အခမဲ့ ရယူ ထည့်သွင်းနိုင်ကြောင်း သိရသည်။ အဆိုပါ MEB Talk 2 Software ၏ လုပ်ငန်း ဆောင်ရွက်ပုံမှာ ယခုလက်ရှိ လူသုံးများလျက်ရှိသော Pfingo, Skype နည်းတူ ဖြစ်သော်လည်း ၎င်း၏ ထူးခြားချက်မှာ ဈေးနှုန်း အထူးသက်သာစွာဖြင့် ခေါ်ဆိုနိုင်ခြင်းပင် ဖြစ်သည်။ “အစ်မတို့ Software သုံးပြီးတော့ ဖုန်းခေါ်တဲ့အခါ စင်ကာပူကို တစ်မိနစ် ၁၁ ကျပ် နီးပါး၊ မလေးရှားကို ၁၈ ကျပ်၊ ဟောင်ကောင်နဲ့ ဂျာမနီကို ၁၄ ကျပ်၊ ဂျပန်ကို ၂၄ ကျပ်နဲ့ ထိုင်းကို ၁၆ ကျပ် နီးပါးလောက်ပဲ ကျသင့်ပါတယ်။ ဒီလိုအခေါ်များတဲ့ နိုင်ငံတွေအပြင် တခြားနိုင်ငံ ၆၀ ကျော်ကိုလည်း ဈေးသက်သက်သာသာနဲ့ ခေါ်ဆိုနိုင်မှာပါ။ Software အသုံးပြုနိုင်ဖို့အတွက် Website မှာ Free download နဲ့ account free ရရှိနိုင်ပြီး အဲဒီအတွက် ငွေကြေး ထပ်မံကောက်ခံမှာ မဟုတ်ပါဘူး။ Software ရပြီဆိုရင် အင်တာနက် Connection ရှိတဲ့ ဘယ်နေရာမဆို account ကို သုံးပြီး ဖုန်းပြောနိုင်မှာပါ။ Account ရှိသွားပြီဆိုရင် တစ်ဖက်လူရဲ့ ဖုန်းကနေပြီးတော့လဲ ကိုယ့်ဆီကို ပြန်ခေါ်လို့ရမှာပါ” ဟု MEB Talk 2 Software ဖြင့် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကို ဝန်ဆောင်မှု ပေးလျက်ရှိသော Web Host Myanmar Company Limited မှ မန်နေဂျာ ဒေါ်ခိုင်သန္တာမျိုးက ပြောသည်။



Software နှင့် account ရရှိပြီးပါက ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ကြိုတင် ငွေဖြည့်ထားရမည်ဖြစ်ပြီး ယူရို ၁၀ လျှင် မြန်မာငွေ ၁၂,၀၀၀ ကျပ်၊ ယူရို ၅၀ လျှင် မြန်မာငွေ ၅၅,၀၀၀ ကျပ်၊ ယူရို ၁၀၀ လျှင် မြန်မာငွေ ၁ သိန်းကျပ် စသည်ဖြင့် မိမိထည့်လိုသည့် ပမာဏအလိုက် ထည့်သွင်းထားနိုင်ပါသည်။ ကြိုတင် ငွေဖြည့်ထားရသော်လည်း Expire date မရှိသောကြောင့် မိမိ လိုအပ်သည့် အချိန်မှသာ ပြောနိုင်ပြီး O balance အထိ ပြောနိုင်ကြောင်း သိရသည်။ အသုံးပြုသူသည် မိမိဖုန်းအတွင်း bill မည်မျှ လက်ကျန်ရှိကြောင်း သိရှိလိုပါက Software တွင် တစ်ခါတည်း ပါရှိသော function မှ တစ်ဆင့် ကြည့်ရှုနိုင်ပြီး တချို့ version နိမ့်သော ဖုန်းများမှာ website အတွင်း ဝင်ရောက်၍ လက်ကျန် bill ပမာဏကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ Website လိပ်စာမှာ

www.mebtalk2.com

ဖြစ်ပြီး PC, Android နှင့် iOS အတွက် Software version 3 မျိုး ခွဲခြား တင်ပေးထားသောကြောင့် မိမိအသုံးပြုမည့် စက်ပစ္စည်းအလိုက် သင့်တော်သော Software ကို ရွေးချယ်သုံးရမည် ဖြစ်သည်။ ရန်ကုန်၊ တောင်ကြီး၊ စစ်တွေ၊ မန္တလေးနှင့် မြစ်ကြီးနားတို့တွင် Web Host Myanmar မှ MEBTalk 2 အတွက် Reseller ဆိုင်များ ထားရှိပေးသောကြောင့် software နှင့် account ဖွင့်ခြင်း၊ ငွေဖြည့်ခြင်းတို့ကို ဝန်ဆောင်ခ မယူဘဲ ထည့်သွင်း၍ ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

                                                                                                     မင်းမဟာ

ไม่มีความคิดเห็น:

แสดงความคิดเห็น