
ယခုကဲ့သို့
နိုင်ငံတော်သမ္မတရုံးအနေဖြင့် အင်တာနက်ပေါ်မှတစ်ဆင့် သမ္မတထံ
တိုင်ကြားစာကဏ္ဍတစ်ခုကို ဖွင့်လှစ်လိုက်ခြင်းနှင့် ပတ်သက်ပြီး
ကွန်ပျူတာပညာရှင်အချို့က ထိုဝက်ဘ်ဆိုက်သည် အချိန်ပြည့် အလုပ်လုပ်ရန်
လိုအပ်ကြောင်းနှင့် တိုင်ကြားချက်များထဲမှ အများပြည်သူ သိသင့်သည့်
တိုင်ကြားမှုများနှင့် သမ္မတရုံးမှ ဖြေရှင်းပေးမှုများကိုလည်း
လွှင့်တင်ပေးနိုင်မည် ဆိုပါက ပိုမို ပြည့်စုံသည့် ပြည်သူနှင့် အစိုးရ
အင်တာနက်ကြားခံပြီး တစ်ဆင့် ထိတွေ့နိုင်မည့် အောင်မြင်သော ကဏ္ဍတစ်ခု
ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားကြသည်။ မြန်မာနိုင်ငံအစိုးရဌာန
အသီးသီးသည် ၎င်းတို့ဌာနများနှင့် စပ်လျဉ်း၍ ကိုယ်ပိုင်ဝက်ဘ်ဆိုက်များ ရေးဆွဲကာ
လွှင့်တင်လာကြသော်လည်း အများစုမှာ အချိန်နှင့်တစ်ပြေးညီမရှိဘဲ အပြသဘော
ဖြစ်နေကြောင်း အထက်ပါ ကွန်ပျူတာပညာရှင်အချို့က ဆိုကြသည်။
ပြန်လည်ပြင်ဆင်လွှင့်တင်လိုက်သည့် အဆိုပါ သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင်
ယခင်က မပါရှိခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကဏ္ဍနှင့် အသံဖိုင်များ
ရယူနားဆင်နိုင်သည့် ကဏ္ဍများအပြင် အခြားသော ကဏ္ဍအချို့ကိုပါ
ထပ်မံဖြည့်စွက်ထားသည်။
ဒီသတင်းကို ကိုဝေယံ ဆိုက်က ယူလာတာပါ မှူရင်သတင်းကိုတော့  ဒီလင့် မှာ သွားဖတ်ပါ
http://www.shwemantarlaywaiyan.blogspot.com/2012/09/blog-post_6558.html သူငယ်ချင်းအားလုံကို
ထာဝရ ခင်မင်လျက်
မင်းမဟာ
mmahar150@gmail.com
ဒီသတင်းကို ကိုဝေယံ ဆိုက်က ယူလာတာပါ မှူရင်သတင်းကိုတော့  ဒီလင့် မှာ သွားဖတ်ပါ
http://www.shwemantarlaywaiyan.blogspot.com/2012/09/blog-post_6558.html သူငယ်ချင်းအားလုံကို
ထာဝရ ခင်မင်လျက်
မင်းမဟာ
mmahar150@gmail.com