ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

15.10.58

Samsung ၏ ဒုတိယမြောက် Tizen စမတ်ဖုန်းကို အိန္ဒိယတွင် ရောင်းချမည်





ဇန်နဝါရီလက Z1 ကို မိတ်ဆက်ပေးခဲ့သော Samsung သည် ကုမ္ပဏီပိုင် Tizen ဆော့ဖ်ဝဲ အသုံးပြုထားသော ဒုတိယမြောက် စမတ်ဖုန်းကို ဗုဒ္ဓဟူးနေ့က ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ စမတ်ဖုန်းကို Samsung Z3 ဟု ခေါ်ဆိုပြီး ၎င်းကို အောက်တိုဘာလ ၂၁ ရက်တွင် ရူပီး ၈,၄၉၀ (၁၃၁ ဒေါ်လာ) ဖြင့်ရောင်းချမည်ဖြစ်သည်။

Samsung သည် နာမည်ကျော်ကြားပြီး အောင်မြင်မှုရရှိသော ဖုန်းများတွင် Google Maps, Gmail နှင့် Google Search ကဲ့သို့သော Google ဝန်ဆောင်မှုများပါဝင်သည့် Android operating system အသုံးပြုထားသည်။ သို့သော်လည်း Z3 နှင့် Z1 ကို ဖွံ့ဖြိုးစဈေးကွက်များအတွက် တန်ဖိုးနည်း ဖုန်းများအဖြစ် ရည်ရွယ်ထုတ်လုပ်ထားသောကြောင့် Tizen ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

Z3 တွင် ၅ လက်မ HD Super AMOLED display, 1.3GHz quad-core processor နှင့် 8-megapixel ကင်မရာတို့ ပါဝင်သည်။ ဖုန်းတွင် 1GB memory ကို အသုံးပြုထားပြီး သိုလှောင်မှုပမာဏက 8GB ဖြစ်သော်လည်း microSD card slot မှတစ်ဆင့် 128GB အထိ တိုးမြှင့်သိမ်းဆည်းနိုင်သည်။ ဘက်ထရီက 2,600mAh ဖြစ်သည်။ ဖုန်း၏ ကိုယ်ထည်မှာ ပါးလွှာပြီး သတ္တုကိုယ်ထည်ကို အသုံးပြုထားသည်။
အခြားဒေသများ၌ Z3 စမတ်ဖုန်း ရောင်းချမည့်အချိန်ကို Samsung မှ ပြောကြားခဲ့ခြင်း မရှိပေ။

Ref: CNET
Credit  internetjournal

သီဟထိုက်
My Facebook Account Click

ไม่มีความคิดเห็น:

แสดงความคิดเห็น