ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

12.1.59

Facebook Messenger မှာစ စ်တုရင်ကစားနည်း

 
Facebook Messenger အသုံးပြု သူများအတွက် Facebook Messenger မှာ စစ်တုရင်ကစားခြင်းကို command များအသုံးပြုပြီး ကစားနိုင်မှာ ဖြစ်ပါတယ်။ Facebook Messenger ကနေ စစ်တုရင် ကစားမယ်ဆိုရင် ကိုယ်နဲ့ကစားမယ့်ကိုယ့်ရဲ့ Facebook ကသူငယ်ချင်း အကောင့်ကို @fbchess play ဆိုတဲ့ Command ကိုရိုက်ထည့်ပေးရပါမယ်။

ဒါဆိုရင် Chess Game ကိုစတင်ပြီဖြစ်ပြီး ဘယ်သူက ဘယ်အရောင်ဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ်က မိမိစိတ်ကြိုက် အရောင်ရွေးချယ် မယ်ဆိုရင် @fbchess play white/black နှစ်သက်ရာ အရောင်တစ်ခုကို ရွေးချယ်နိုင်ပါတယ်။

ကစားသူဟာ Pawn ကိုစရွှေ့မယ်ဆိုရင် @fbchess P ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ ဒီနေရာမှာ P ဆိုတာ Pawn ကို ကိုယ်စားပြုတဲ့ command ဖြစ်ပါတယ်။ အကွက်ရွှေ့မယ်ဆိုရင်တော့ အက္ခရာ a ကနေ h အထိပေးထားပြီး ဒေါင်လိုက်အနေနဲ့ နံပါတ် ၁ ကနေ ၈ အထိ ပေးထားပါတယ်။ ဒါကတော့ ကိုယ်ဘယ်အက္ခရာလိုင်းက Chess  အကောင်ကို ဘယ်နံပါတ်ကိုရွှေ့မယ်ဆိုတာကို သတ်မှတ်နိုင်ရန်အတွက် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဥပမာ သင်ဟာ ဘုရင်အပေါ်က Pawn ကိုရွှေ့မယ်ဆိုရင် @fbchess Pe3 ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။ အကယ်၍ အလွယ်တကူ command ကိုအသုံးပြုမယ်ဆိုရင် @fbchess e3 ဆိုတဲ့ command နဲ့ ဘုရင်အပေါ်ဘက်က Pawn ကို အပေါ်တစ်ကွက် ရွှေ့နိုင်ပါတယ်။

နောက်တစ်ခုကတော့ Knight ကိုရွှေ့မယ်ဆိုရင် အသုံးပြုရမယ့် Command ကတော့ @fbchess N ကိုအသုံးပြုရပါမယ်။ ဥပမာအနေနဲ့ အနက်ရောင်ဘက်က Knight ကို အကွက် C နံပါတ် ၆ နေရာကို ရွှေ့မှာဖြစ်တဲ့အတွက် @fbchess Nbc6 ဆိုတဲ့ command နဲ့ Knight ကိုရွှေ့နိုင်မှာ ဖြစ်ပါတယ်။ ပုံမှာပြထားတဲ့ အတိုင်းဆိုရင် Knight ဟာ Pawn ကို စားနိုင်တဲ့အကွက်ထဲ ရောက်နေပြီဖြစ်ပါတယ်။ ဒီတော့ Knight ဟာ Pawn က စားမှာဖြစ်တဲ့အတွက် Knight ကိုယ်စားပြုတဲ့ command ကိုအရှေ့မှာ ထားပေးပါ။ ပြီးသွားရင် အကွက် C မှာရှိတဲ့အတွက် C ကိုထည့်သွင်းပေးရပါမယ်။ ကိုယ်စားမယ့် Pawn ဟာ d4 မှာရှိတဲ့အတွက် d4 ဆိုတာကို ထည့်သွင်းပေးရပါမယ်။ ဒီနေရာမှာ Pawn ကိုစားမှာ ဖြစ်တဲ့အတွက် Knight ရဲ့နေရာနဲ့ စားမယ့်နေရာရဲ့ကြားထဲမှာ X ကိုထည့်သွင်းပေးရပါမယ်။ ဥပမာအနေနဲ့ @fbchess Ncxd4 ဆိုတဲ့ com-mand ကိုအသုံးပြုရပါမယ်။

နောက်ထပ် Bishop ကို အသုံးပြုမယ်ဆိုရင် ရိုက်ထည့်ပေးရမယ့် command က B ဖြစ်ပါတယ်။ ဥပမာ @fbchess Bd3 ဒါကတော့ Bishop ကို အကွက် D နံပါတ် ၃ ကိုရွှေ့မှာ ဖြစ်တဲ့အတွက် ဥပမာပေးတဲ့ command ပဲဖြစ်ပါတယ်။ သင့်ရဲ့ Pawn ဟာ ပြိုင်ဘက်ရဲ့ အထက်ဘက်ကို ရောက်သွားတဲ့အခါမှာ Pawn ကို Promote လုပ်ဖို့ အတွက် = ဆိုတဲ့ command ကိုအသုံးပြုရပါမယ်။ Castle နဲ့ King ကို နေရာချိန်းချင်ရင်တော့ @fbchess O-O ဆိုတဲ့ Command ကိုအသုံးပြုနိုင်ပါတယ်။

အကယ်၍  သင်ဟာကစားပွဲက ထွက်လိုတယ်ဆိုရင် @fbchess resign ကိုရိုက်ထည့်ပြီး ကစားပွဲကနေ ထွက်ခွာနိုင်ပါတယ်။ ကစားနေရင်း Facebook Messenger မှာစကားပြောနေတယ်ဆိုရင် @fbchess continue ဆိုတဲ့ command ကိုအသုံးပြုနိုင်မှာဖြစ်ပြီး၊ ကိုယ်နဲ့ကစားတဲ့ ကစားဖော်ရဲ့ ပွဲရလဒ်တွေကို ကြည့်ချင်ရင်တော့ @fbchess stats ဆိုပြီး ကြည့်ရှုနိုင်ပါတယ်။ ကစားနေရင်းနဲ့ ကစားတဲ့အခါမှာ အသုံးပြုတဲ့ command တွေကို သိချင်ရင်တော့ @fbchess help ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။

Credit  internetjournal
သီဟထိုက်
www.thihahtike.com
 

ไม่มีความคิดเห็น:

แสดงความคิดเห็น