ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

7.12.58

၆ လက်မ display ပါဝင်သော Asus ZenFone 2 Laser ကို အိန္ဒိယတွင် မိတ်ဆက်





Asus သည် ZenFone 2 Laser အမျိုးအစားသစ်တစ်မျိုးကို အိန္ဒိယနိုင်ငံတွင် မိတ်ဆက်ပေးခဲ့သည်။ ယခင်က ၅ လက်မနှင့် ၅.၅ လက်မ အမျိုးအစားများ ဖြန့်ချိခဲ့သော အဆိုပါ စမတ်ဖုန်းကို ၆ လက်မ display ပါဝင်သော အမျိုးအစားသစ်အဖြစ် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

၆ လက်မ ZenFone 2 Laser တွင် Gorilla Glass 4 အသုံးပြုထားသော Full HD display ပါဝင်သည်။ 1.7GHz Cortex A53 CPU နှင့် Adreno 405 GPU ပါဝင်သော Qualcomm ၏ Snapdragon 616 octa-core SoC သစ်ကို အသုံးပြုထားပြီး RAM က 3GB ဖြစ်ကာ သိုလှောင်မှုပမာဏက 32GB ဖြစ်သည်။ MicroSD slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်သည်။

ဖုန်း၏ ကျောဘက်တွင် f/2.0 lens နှင့် laser autofocus ဖြင့် သုံးနိုင်သော 13MP ကင်မရာပါဝင်သည်။ Selfie ဓာတ်ပုံများ ရိုက်ကူးခြင်းအတွက် 5MP ကင်မရာဖြင့် ပြုလုပ်နိုင်သည်။ ZenFone 2 Laser တွင် LTE ကွန်ရက်များကို အထောက်အပံ့ပေးနိုင်ပြီး Wi-Fi 802.11 b/g/n, Bluetooth 4.0 ဖြင့် သုံးနိုင်သည်။ ဘက်ထရီအနေဖြင့် ဖြုတ်နိုင်တပ်နိုင်သော 3000mAh Li-Po ကို အသုံးပြုထားသည်။ Operating system က Android 5.1 Lollipop ဖြစ်ပြီး Asus Zen UI 2.0 ဖြင့် သုံးနိုင်သည်။ အဆိုပါ ဖုန်းကို အနီရောင်၊ ငွေရောင်၊ ရွှေရောင်တို့ဖြင့် ရရှိနိုင်သည်။

ZenFone 2 Laser ကို Flipkart, Amazon နှင့် Snapdeal တို့တွင် အမေရိကန်ဒေါ်လာ ၂၇၅ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်သည်။

Ref: AndroidAuthority
Credit internetjournal

သီဟထိုက်

ไม่มีความคิดเห็น:

แสดงความคิดเห็น