ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

7.12.58

ဈေးသက်သာသော Windows 10 ဖုန်း Lumia 550 ကို Microsoft စတင်ရောင်းချ





Lumia 550 အတွက် အမှာစာများ လက်ခံခဲ့ပြီးနောက် Microsoft က အဆိုပါ တန်ဖိုးနည်း Windows 10 Lumia ဖုန်းသစ်ကို ဥရောပတွင် စတင်ရောင်းချခဲ့သည်။ Lumia 550 ကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းရှိ အခြားဈေးကွက်များတွင် ရောင်းချ သွားမည် ဖြစ်သည်။

4G LTE အထောက်အပံ့ ပါဝင်ပြီး Windows 10 အသုံးပြုနိုင်သော Lumia 550 ၏ တန်ဖိုးမှာ ၁၃၉ ဒေါ်လာဖြစ်သည်။

၎င်းဖုန်းသည် Lumia 950 နှင့် 950 XL တို့၏နောက်တွင် မိတ်ဆက်ပေးခဲ့သော Microsoft ၏ တတိယမြောက် Windows 10 Lumia ဖုန်းဖြစ်သည်။

Lumia 550 တွင် ၄.၇ လက်မ 1,280 x 720-pxel display နှင့် 1.1GHz quad-core Qualcomm ပရိုဆက်ဆာကို အသုံးပြုထားပြီး 1GB RAM နှင့် 8GB internal storage ဖြင့်သုံးနိုင်သည်။ MicroSD card မှတစ်ဆင့် သိုလှောင်မှုပမာဏကို 200GB အထိ တိုးမြှင့်နိုင်သည်။ ကျောဘက်တွင် 5-megapixel ကင်မရာ ပါဝင်ပြီး အရှေ့ဘက်ကင်မရာက 2-megapixel ဖြစ်သည်။ အဆိုပါဖုန်းတွင် နေ့စွဲ၊ အချိန်၊ သတိပေးချက်များနှင့် ပြက္ခဒိန်တွင် ထည့်သွင်းထားသော ချိန်းဆိုမှုများကို standby mode တွင် ပြသနိုင်သည့် Glance Screen ပါဝင်သည်။

သို့ရာတွင် 950 နှင့် 950 XL တို့တွင် ပါဝင်သော Windows 10 feature နှစ်မျိုးကို Lumia 550 တွင် တွေ့မြင်ရမည် မဟုတ်ပေ။ ထို့အတွက်ကြောင့် မျက်နှာ သို့မဟုတ် လက်ဗွေကို အသုံးပြုကာ ဖုန်းကို unlock ပြုလုပ်နိုင်မည့် Windows Hello နှင့် ဖုန်းကို desktop PC အစားထိုးသုံးစွဲနိုင်မည့် Windows 10 Continuum တို့ကို အသုံးပြုနိုင်မည် မဟုတ်ပေ။
Lumia 550 ကို အနက်ရောင်၊ အဖြူရောင်ဖြင့် ရရှိနိုင်မည် ဖြစ်သည်။

Ref: CNET
Credit internetjournal

သီဟထိုက်

ไม่มีความคิดเห็น:

แสดงความคิดเห็น