ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

3.9.58

ပညာရေးနှင့် ပတ်သက်သည့် Application များ ဝင်ရောက်ယှဉ်ပြိုင်ကြရန် Telenor က ဖိတ်ခေါ်





နော်ဝေနိုင်ငံ အော်စလိုမြို့၌ ကျင်းပမည့် Digital Winners 2015 အတွက် ပညာရေးနှင့် ပတ်သက်သော Application များ ဝင်ရောက်ယှဉ်ပြိုင်ကြရန် Telenor Myanmar က ဖိတ်ခေါ်ထားသည်။

Digital Winners Award ဆိုသည်မှာ ICT Innovators များနှင့် Entrepreneurs များကို အသိအမှတ်ပြုသည့် ပွဲတစ်ခုဖြစ်ပြီး နော်ဝေနိုင်ငံ အော်စလိုမြို့၌ နှစ်စဉ် အောက်တို ဘာလတွင် ကျင်းပလေ့ရှိကြောင်းသိရသည်။
Telenor ကွန်ရက်တည်ရှိရာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှိ၊ မြန်မာ၊ ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ ကိုယ်စားပြု App Developer အဖွဲ့ကို Telenor ရုံးချုပ်တည် ရှိရာ အော်စလိုမြို့သို့ စေလွှတ်၍ ပြိုင်ဆိုင်စေခြင်းဖြစ်ပြီး ပထမဆုအဖြစ် နော်ဝေငွေ ခရိုနာ ၁ သိန်း ချီးမြှင့်မည်ဟု သိရသည်။

ထို့အပြင် ကိုယ်စားပြုအဖွဲ့သည် Digital Winners Conference ကိုလည်း အခမဲ့ တက်ရောက်ဆွေးနွေးခွင့် ရရှိမည်ဖြစ်ပြီး Conference အသေးစိတ်ကို www.digitalwinners.no တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း Telenor က ကြေညာထားသည်။

မြန်မာပြည်တွင်းရှိ App Developer များကို Telenor Myanamr က ပြိုင်ပွဲကျင်းပပေးမည် ဖြစ်ပြီး အကောင်းဆုံးတစ်ဖွဲ့ကို နိုင်ငံ ကိုယ်စားပြု အဖြစ် ရွေးချယ်၍ အော်စလို သို့ စေလွှတ်မည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွက် ကုန်ကျစရိတ်ကိုမူ Telenor မှ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးနှင့်ပတ်သက်သော Application များကို ဝင်ရောက်ယှဉ်ပြိုင်လိုပါက https://goo.gl/PSCtff သို့ဝင်ရောက်၍ ဝင်ခွင့်ဖောင်အား ဖြည့်စွက်ရမည်ဖြစ်ပြီး digitalwinners@telenor.com.mm သို့ စက်တင်ဘာ ၁၀ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဟု သိရသည်။

ပြိုင်ပွဲဝင်များမှ ပေးပို့လာသည့် Application များကို ဆန်ခါတင်ရွေးချယ်ကာ Telenor ရုံးတွင် Face to Face Pitching ပြုလုပ်စေမည်ဖြစ်ပြီး အကောင်းဆုံး အဖွဲ့အား မြန်မာပြည် ကိုယ်စားလှယ်အဖြစ်ရွေးချယ်၍ နော်ဝေနိုင်ငံသို့ စေလွှတ်မည်ဟု သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

ไม่มีความคิดเห็น:

แสดงความคิดเห็น