ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

3.9.58

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး Kyeet (ကြည့်) Application ကို မကြာခင် မိတ်ဆက်မည်





ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုစည်းတင်ဆက်ပေးမည့် Kyeet (ကြည့်) Mobile Application ကို စက်တင်ဘာလကုန်ပိုင်း၌ မိတ်ဆက် ပေးသွားမည်ဟု MIDO မှ မရတနာထွန်းက ပြောသည်။

Kyeet (ကြည့်) ဟု အမည်ပေးထားသည့် Mobile Application ကို Website အနေဖြင့် www.kyeet.org ဟူ၍ လွှင့်တင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကို စိတ်ပါ ဝင်စားသည့် မည်သူမဆို သတင်းအချက်အလက် ရယူခြင်းနှင့် သတင်းအချက်အလက် ပေးပို့ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင်မည်ဟု သိရသည်။

“ရွေးကောက်ပွဲ ကာလအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတင်းတင်ပေးနေတာမျိုးပါ။ ဒီနေရာမှာ နှစ်မျိုးရှိပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဆီက လာတဲ့ သတင်းတွေ ဆိုရင် တိကျခိုင်မာတဲ့ သတင်းအနေနဲ့ တစ်ခါတည်း လွှင့်တင်သွားမှာပါ။ အသုံးပြုတွေဆီက ပေးပို့လာတဲ့ သတင်းတွေဆိုရင်တော့ အရောင်တစ်မျိုးနဲ့ တင်ဆက်ပေးသွားမှာပါ။ ကျွန်မတို့ စုံစမ်းလို့ ဟုတ်တယ် ဆိုရင်တော့ သူ့ကိုလည်း တိကျခိုင်မာတဲ့သတင်း အနေနဲ့ ပြောင်းလဲတင်ပေးမှာပါ” ဟု မရတနာထွန်းက ဆိုသည်။

Kyeet (ကြည့်) Mobile Application ကို MIDO နှင့် Center For Civic Technology (CCT) တို့ ပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း နည်းပညာကို အသုံးချ၍ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။
လူထုအခြေပြု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး Platform တစ်ခုကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိသင့် သိထိုက်သည့် အသင်း အချက်အလက်များကို တင်ဆက်ပေးမည်ဖြစ်သည်။ ဒုတိယအဆင့်သည် ရွေးကောက်ပွဲ ကျင်းပနေသည့် နေ့ရက် အတွင်း ဖြစ်ပေါ်လာသည့် ပြဿနာ အရပ်ရပ်ကို အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဖော်ပြပေးခြင်း ဖြစ်သည်။

“ဥပမာအနေနဲ့ - မဲရုံကဖွင့်ချိန်ထက် စောဖွင့်တာတွေ၊ နောက်ကျဖွင့်တာတွေ၊ ကိုယ့်နာမည်နဲ့ မဲစာရင်းက ပေးပြီးသားဖြစ်နေတာတွေ၊ ဒါတွေကို သတင်းအချက်အလက် အနေနဲ့ ပေးပို့နိုင်ပါတယ်။ သတင်းတွေကိုတော့ ကျွန်မတို့ စိစစ်ပြီးတော့မှာ တင်မှာပါ။ ကျွန်မတို့ နဲ့ ချိတ်ဆက်ထားတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက လာတဲ့ သတင်းကတော့ ချက်ချင်းတင်မှာပါ။ သူတို့ကိုလည်း သင်တန်းတွေပေးထားမှာ ဖြစ်တဲ့ အတွက် ယုံကြည့်ရမှုလည်း ရှိတယ်”ဟု မရတနာထွန်းက ပြောသည်။

Kyeet (ကြည့်) ၏ ဆောင်ပုဒ်သည် "လွတ်လပ် မျှတ စိတ်ချရဖို့ ရွေးကောက်ပွဲကို စောင့်ကြည့်စို့” ဖြစ်ပြီး ရွေးကောက်ပွဲ ကာလအတွင်း ပေါ်ပေါက်လာသည့် ပြဿနာများ အချိန်နှင့် တစ်ပြေးညီ သိရှိ၍ အချိန်နှင့် တစ်ပြေးညီ ပြန်လည် ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

“အင်တာနက်မရတဲ့ ဒေသတွေမှာဆိုရင် တိုင်ကြားချင်တဲ့ အချက်အလက်တွေကို Application မှာ ရိုက်ထည့်ပြီး ပို့လိုက်တာနဲ့ ဖုန်းက SMS ကို အသုံးပြုပြီး report လုပ်ပေးမှာပါ။ ရောက်လာတဲ့ report တွေကို မြေပုံပေါ်မှာ နေရာအလိုက် ပြန်ပြီး ပြပေးမှာဖြစ်တဲ့အတွက် website ထဲဝင် မြေပုံကြည့်လိုက်တာနဲ့ ဘယ် area တွေမှာ တိုင်ကြားမှု အများဆုံးလည်း ဆိုတာမျိုးကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်မှာဖြစ်ပါတယ်” ဟု မရတနာထွန်းက ဆိုသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

ไม่มีความคิดเห็น:

แสดงความคิดเห็น