ဘုရား ၊ တရား ၊ သံဃာ ၊ မိဘနှစ်ပါး နှင့်  သင်ဆရာ မြင်ဆရာ ကြားဆရာသုံးပါးသောဆရာ တို့ ကိုရိုသေစွာ ကန်တော့ပါဧ။်...မောင်မင်းမဟာ သို့ လာလည်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါါ၊ မောင်မင်းမဟာ mmahar150@gmail.com

3.9.58

စက်တင်ဘာ ၉ ရက်တွင် iPad Pro ကို Apple မိတ်ဆက်မည်ဟုဆို





Apple သည် လာမည့် ရက်သတ္တပတ်တွင် ကျင်းပမည့် ပွဲ၌ iPhone သစ်များအပြင် အရွယ်ကြီးမားသည့် iPad Pro ကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

နည်းပညာကုမ္ပဏီကြီးသည် စက်တင်ဘာ ၉ ရက် ပွဲတွင် iPad Pro နှင့် iPad Mini 4 သစ်တို့ကို မိတ်ဆက်ဖွယ်ရှိကြောင်း 9to5Mac က ယုံကြည်ရသော ရင်းမြစ်များကို ကိုးကားကာ ဖော်ပြခဲ့သည်။

ယခုအခါတွင် Apple ၏ ဝင်ငွေ သုံးပုံနှစ်ပုံကျော်သည် iPhone မှ ရရှိခြင်း ဖြစ်ပြီး သုံးလပတ် iPad ရောင်းချမှုနှုန်းကလည်း တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာလျက်ရှိသည်။ ထို့အတွက်ကြောင့် tablet များအပေါ် သုံးစွဲသူများ၏ စိတ်ဝင်စားမှု ပြန်လည်ရရှိလာစေရန်အတွက် Apple က အရွယ်ကြီးမားသည့် iPad ဖြင့် ကြိုးပမ်းဖွယ်ရှိသည်။

Apple သည် ပုံမှန်အားဖြင့် စက်တင်ဘာလတွင် iPhone သစ်ကို မိတ်ဆက်ကြေညာလေ့ရှိပြီး iPad ကိုမူ အောက်တိုဘာလတွင် မိတ်ဆက်လေ့ရှိသည်။

အသစ်မိတ်ဆက်မည့် iPad တွင် resolution မြင့်မားသည့် display နှင့် အနားတစ်ဘက်စီတွင် စပီကာများ ပါဝင်ဖွယ်ရှိကြောင်း၊ iPad Mini 4 သည် လက်ရှိဗားရှင်းထက် ပါးလွှာပြီး လျင်မြန်ကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

အကယ်၍ Apple က အဆိုပါ ထုတ်ကုန်များကို လာမည့်ရက်သတ္တပတ်တွင် မိတ်ဆက်ပေးခဲ့ပါက နိုဝင်ဘာလတွင် စတိုးများ၌ ရောင်းချဖွယ်ရှိကြောင်း သိရသည်။

Ref: CNET
Credit  internetjournal
Thiha Htike(THT)

ไม่มีความคิดเห็น:

แสดงความคิดเห็น